မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာ​ထဲ​က အဖိုးတန်​ဘဏ္ဍာများ | ထွက်မြောက်ရာ ၃၃-၃၄

ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးများ

ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးများ

၃၄:၅-၇

မောရှေဟာ ယေဟောဝါ​ရဲ့ အရည်အသွေးတွေ​အကြောင်း သိ​နားလည်​တဲ့​အတွက် အစ္စရေး​လူတွေကို စိတ်ရှည်ရှည် ဆက်ဆံ​နိုင်​ခဲ့​တယ်။ အဲဒီလိုပဲ ကျွန်တော်​တို့​လည်း ယေဟောဝါ​ရဲ့ အရည်အသွေးတွေ​အကြောင်း သေသေချာချာ နားလည်တယ်​ဆိုရင် ယုံကြည်သူချင်းတွေကို ကရုဏာ​ရှိ​ရှိ ဆက်ဆံ​နိုင်​မယ်။

  • “ကရုဏာ​ရှိပြီး သနား​စာနာ​တတ်”– မိဘ​က သားသမီးကို ဂရုစိုက်​စောင့်ရှောက်​သလိုပဲ ယေဟောဝါ​က​လည်း မိမိကို ကိုးကွယ်​သူတွေကို သနား​ကြင်နာ​ပြီး ကြည့်ရှု​စောင့်ရှောက်​တယ်

  • “အမျက်ထွက်​နှေး”– ယေဟောဝါ​ဟာ မိမိရဲ့​ ကျေးကျွန်​တွေ​ကို စိတ်ရှည်​တယ်။ အားနည်းချက်တွေကို သည်းခံ​ပြီး ပြုပြင်​ပြောင်းလဲ​ဖို့ အချိန်ပေး​တယ်

  • ‘ခိုင်မြဲ​တဲ့​မေတ္တာ​ ကြီးမား’– ယေဟောဝါ​ဟာ လူမျိုးတော်အပေါ် ခိုင်မြဲ​တဲ့​ မေတ္တာ​နှောင်ကြိုး တင်ပြ​တယ်

ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ယေဟောဝါ​ရဲ့ ကရုဏာ​နဲ့ သနား​စာနာမှု​ကို ငါ ဘယ်လို အတုယူ​နိုင်​သလဲ’