တဲတော်ပလ္လင်တွေနဲ့ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ အဲဒါတွေရဲ့ အခန်းကဏ္ဍ
တဲတော်ပလ္လင်တွေကို ယေဟောဝါရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောက်လုပ်ခဲ့၊ အဲဒါတွေက အထူးအရေးပါ
-
အသေအချာ ဖော်စပ်ထားတဲ့ နံ့သာပေါင်းကို မီးရှို့သလိုပဲ ယေဟောဝါ့ကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေက ဘုရားအတွက် နှစ်သက်ဖွယ်ဖြစ်
-
ပူဇော်ရာပလ္လင်ပေါ်က ပူဇော်သက္ကာတွေကို ယေဟောဝါ လက်ခံတယ်။ သန့်ရှင်းရာ ဌာနတော်ရှေ့မှာ ပူဇော်ရာပလ္လင် တည်ရှိတာဟာ ဘုရားရဲ့ နှစ်သက်မှု ရဖို့ ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာကို ယုံကြည်ဖို့ လိုမှန်း သတိရစေတယ်။—ယဟ ၃:၁၆-၁၈။ ဟီ ၁၀:၅-၁၀
ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ဘုရားရှေ့တော်မှာ နံ့သာပေါင်းလို ဖြစ်အောင် ဘယ်လို ပြင်ဆင်နိုင်သလဲ။—ဆ ၁၄၁:၂