မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

စကားစမြည်စနိုင်ဖို့အတွက် အသွင်အပြင်သစ်

စကားစမြည်စနိုင်ဖို့အတွက် အသွင်အပြင်သစ်

၂၀၁၆၊ ဇန်နဝါရီကစပြီး လူထုအတွက်ထုတ်ဝေတဲ့ ကင်းမျှော်စင် မဂ္ဂဇင်းရဲ့နောက်ကျောဖုံးမှာ “သမ္မာကျမ်းစာ သွန်သင်ရာ” ဆိုတဲ့ကဏ္ဍပါလာတယ်။ ဒီအသွင်အပြင်သစ်က ကျမ်းစာအကြောင်းအရာတွေအကြောင်း စကားစမြည်စပြောနိုင်အောင် ကူညီပေးတယ်။ ပုံစံက ဝေစာတွေနဲ့ဆင်တူတယ်။ သဘောထားမေးခွန်းတစ်ခုနဲ့ အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေပါတယ်။ ဒါ့အပြင် ထပ်ဆင့်ဆွေးနွေးနိုင်ဖို့ အချက်အလက်တွေလည်း ပေးထားတယ်။

ကျမ်းစာအကြောင်းအရာတွေအကြောင်း စကားစမြည်ပြောရင်းနဲ့ သင်အံမှုစနိုင်ပါတယ်။ ဘုရားရေးရာအသိပညာ ငတ်မွတ်နေသူတွေကို ကူညီပေးဖို့ ဒီအသွင်အပြင်သစ်ကို အသုံးပြုပါ။—မ. ၅:၆

အသုံးပြုနိုင်ပုံ–

  1. ဖော်ပြထားတဲ့မေးခွန်းတစ်ခုခုနဲ့ ပတ်သက်ပြီး အိမ်ရှင်ရဲ့ရှုမြင်ပုံကို မေးပါ

  2. အိမ်ရှင်ဖြေတာကို နားထောင်ပေးပါ၊ အသိအမှတ်ပြုပေးပါ

  3. “သမ္မာကျမ်းစာ သွန်သင်ရာ” ခေါင်းစဉ်အောက်က ကျမ်းချက်ကိုဖတ်ပြပြီး အိမ်ရှင်ရဲ့ ရှုမြင်ပုံကို မေးပါ။ အိမ်ရှင်က အချိန်ပေးနိုင်တယ်ဆိုရင် “ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ” ခေါင်းစဉ်အောက်က အချက်တစ်ချက်ကိုသုံးပြီး စကားစမြည်ဆက်ပြောပါ

  4. မဂ္ဂဇင်း ဝေငှပါ

  5. ဒုတိယမေးခွန်းကို ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ