မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၂၁–၂၇

မှားယွင်းတဲ့အတွေးအခေါ်ကို ယောဘ တွန်းလှန်ခဲ့

မှားယွင်းတဲ့အတွေးအခေါ်ကို ယောဘ တွန်းလှန်ခဲ့

စာတန်က အလိမ်အညာစကားတွေသုံးပြီး ယေဟောဝါရဲ့ကျေးကျွန်တွေ စိတ်ဓာတ်ကျအောင် လုပ်နေတယ်။ ယောဘကျမ်းမှာတွေ့ရတဲ့အတိုင်း စာတန်ရဲ့အလိမ်အညာနဲ့ ယေဟောဝါရဲ့ ခံစားချက်အမှန်ကြားက ကွာခြားချက်ကို သတိပြုပါ။ ယေဟောဝါ ကျွန်ုပ်တို့ကိုဂရုစိုက်ကြောင်းဖော်ပြတဲ့ တခြားကျမ်းချက်တွေကို စာရင်းပြုစုပါ။

စာတန်ရဲ့အလိမ်အညာစကားတွေ

ယေဟောဝါဘုရားရဲ့ ခံစားချက်အမှန်

ဘုရားသခင်က တိကျလွန်းလို့ သူ့ကျေးကျွန်တွေ ဘယ်လောက် ကောင်းအောင်လုပ်လုပ် ဘယ်တော့မှ အကောင်းမမြင်။ ဖန်ဆင်းခံဘယ်အရာကမှ ကိုယ်တော့်စိတ်တော်နဲ့ မတွေ့နိုင် (ယောဘ ၄:၁၈; ၂၅:၅)

လူဟာ ဘုရားသခင်အတွက် ဘာမှအသုံးမဝင် (ယောဘ ၂၂:၂)

ကျွန်ုပ်တို့ ဖြောင့်မတ်နေတာကို ဘုရားသခင်အရေးမစိုက် (ယောဘ ၂၂:၃)

မပြောပလောက်တဲ့ ကျွန်ုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ယေဟောဝါ တန်ဖိုးထား (ယောဘ ၃၆:၅)

ကျွန်ုပ်တို့သစ္စာရှိရှိအမှုဆောင်တာကို ယေဟောဝါလက်ခံပြီး ကောင်းချီးပေး (ယောဘ ၃၃:၂၆; ၃၆:၁၁)

ဖြောင့်မတ်သူတွေကို ယေဟောဝါ ဂရုတစိုက်ကြည့်ရှု (ယောဘ ၃၆:၇)