မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ခရိုင်စည်းဝေး သတိပေးချက်များ

ခရိုင်စည်းဝေး သတိပေးချက်များ

ကျွန်ုပ်တို့အနေနဲ့ တခြားအချိန်တွေမှာလိုပဲ ခရိုင်စည်းဝေးကျင်းပချိန်အတွင်းမှာလည်း ဘုရားနဲ့လူသားချင်းကို ချစ်တဲ့မေတ္တာ တင်ပြချင်ကြပါတယ်။ (မ. ၂၂:၃၇-၃၉) မေတ္တာမှာ လုပ်ရပ်ပါကြောင်း ၁ ကောရိန္သု ၁၃:၄-၈ မှာ အခုလိုဖော်ပြထားတယ်– “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏။ . . . မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ့်အကျိုးကို မရှာတတ်။ အမျက်မထွက်တတ်။ . . . မေတ္တာသည် အစဉ်တည်၏။” ခရိုင်စည်းဝေး သတိပေးချက်များ ဗီဒီယိုကိုကြည့်ရင်း စည်းဝေးမှာ တခြားသူတွေကို မေတ္တာပြနိုင်မယ့်နည်းတွေအကြောင်း စဉ်းစားပါ။

အောက်ပါကိစ္စတွေမှာ မေတ္တာ ဘယ်လိုပြနိုင်မလဲ . . .

  • ထိုင်ခုံဦးတဲ့အခါ

  • တေးသံသာ စတင်တဲ့အခါ

  • ဟိုတယ်မှာ တည်းခိုတဲ့အခါ

  • စေတနာ့ဝန်ထမ်း လုပ်တဲ့အခါ