မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၃၃–၃၇

မိတ်ဆွေစစ်က တည်ဆောက်မှုဖြစ်စေတဲ့ သွန်သင်ချက်ပေး

မိတ်ဆွေစစ်က တည်ဆောက်မှုဖြစ်စေတဲ့ သွန်သင်ချက်ပေး

စကားဝိုင်းထဲ ဧလိဟုဝင်ပြောတဲ့အခါ ယောဘနဲ့ပတ်သက်ပြီး သူ့ရဲ့သွန်သင်ချက်နဲ့ ဆက်ဆံပုံက ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့နဲ့ လုံးဝကွာခြားပါတယ်။ မိတ်ဆွေစစ်ဖြစ်ကြောင်းနဲ့ ထိရောက်တဲ့သွန်သင်သူဖြစ်ကြောင်း သူပြသခဲ့တယ်။ တကယ့်ကို အတုယူထိုက်ပါတယ်။

ဧလိဟု စံနမူနာကောင်းပြ

ထိရောက်တဲ့သွန်သင်သူတစ်ဦးရဲ့ အရည်အသွေးများ

၃၂:၄–၇၊ ၁၁၊ ၁၂; ၃၃:၁

 

  • စိတ်ရှည်ခြင်း

  • အာရုံစိုက်နားထောင်ခြင်း

  • လေးစားခြင်း

 
  • ဧလိဟုဟာ စကားမပြောခင် အသက်ကြီးသူတွေ စကားဆုံးတဲ့အထိ စိတ်ရှည်စွာစောင့်ဆိုင်းခဲ့

  • အာရုံစိုက်နားထောင်တာကြောင့် သွန်သင်ချက်မပေးခင်မှာ ကိစ္စရပ်တွေကို ပိုကောင်းကောင်းနားလည်ခဲ့

  • ယောဘရဲ့နာမည်တပ်ပြီး မိတ်ဆွေတစ်ယောက်လို ရင်းရင်းနှီးနှီးစကားပြောခဲ့

 

၃၃:၆၊ ၇၊ ၃၂

 

  • နှိမ့်ချခြင်း

  • ချဉ်းကပ်ရလွယ်ကူခြင်း

  • စာနာနားလည်ပေးခြင်း

 
  • ဧလိဟုဟာ နှိမ့်ချမှု၊ ကြင်နာမှုရှိ၊ သူ့ရဲ့မစုံလင်မှုကို အသိအမှတ်ပြု

  • ယောဘခံစားနေရတာတွေကို စာနာနားလည်ပေး

 

၃၃:၂၄၊ ၂၅; ၃၅:၂၊ 

 

  • မျှတခြင်း

  • ကြင်နာခြင်း

  • ဘုရားရေးရာစိတ်ဓာတ်ရှိခြင်း

 
  • ယောဘ တစ်ဖက်စောင်းနင်း ရှုမြင်နေတာကို ကြင်နာစွာတည့်မတ်ပေးခဲ့

  • မိမိရဲ့ဖြောင့်မတ်မှုက အရေးကြီးဆုံးမဟုတ်မှန်း ယောဘသိလာအောင် ဧလိဟု ကူညီပေးခဲ့

  • ဧလိဟုရဲ့ ထိရောက်တဲ့သွန်သင်ချက်တွေကြောင့် ယောဘဟာ ယေဟောဝါဆီက ထပ်ဆင့်ညွှန်ကြားချက်တွေကို လက်ခံဖို့ အသင့်ဖြစ်နေ