မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

ခရိုင်စည်းဝေး ဖိတ်စာကင်ပိန်း

ခရိုင်စည်းဝေး ဖိတ်စာကင်ပိန်း

နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ ခရိုင်စည်းဝေးတွေမှာ ဘုရားရေးရာပုံဆောင်အစာတွေ အများကြီးရရှိဖို့ ကျွန်ုပ်တို့ မျှော်လင့်ကြတယ်။ တခြားသူတွေလည်း ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို မြည်းစမ်းနိုင်ဖို့ ကျွန်ုပ်တို့ဘက်က လူများနိုင်သမျှများများကို ဖိတ်ခေါ်သွားပါမယ်။ (ဆာ. ၃၄:၈) ဖိတ်စာတွေကို ထိထိရောက်ရောက် ဝေငှသွားနိုင်ဖို့ဆိုရင် အကြီးအကဲအဖွဲ့က သေချာဆုံးဖြတ်ရမှာဖြစ်တယ်။

မှတ်သားထားသင့်တဲ့အချက်များ

  • ခရိုင်စည်းဝေးက ဘယ်တော့လဲ။

  • အသင်းတော်မှာ ဖိတ်စာကင်ပိန်း ဘယ်တော့စမလဲ။

  • လယ်ကွင်းစုဆုံမှုစည်းဝေးက ဘယ်အချိန်လဲ။

  • ဖိတ်စာကင်ပိန်းအတွက် ငါ့ရဲ့ပန်းတိုင်က ဘာတွေလဲ။

  • ဘယ်သူတွေကို ဖိတ်မလဲ။

ဝေငှနည်း

နှုတ်ဆက်ပြီးတဲ့နောက် ဒီလိုပြောနိုင်ပါတယ်-

“အရေးကြီးတဲ့ အစီအစဉ်တစ်ခု တက်ရောက်ဖို့ လူတိုင်းကို ဖိတ်ခေါ်နေတာပါ။ ရက်စွဲ၊ အချိန်နဲ့၊ လိပ်စာကို ဖိတ်စာထဲမှာ ဖော်ပြထားပါတယ်။ လာဖြစ်အောင် လာခဲ့ပါနော်။”

စိတ်ဝင်စားသူကို တွေ့တဲ့အခါ ဘယ်လိုလုပ်မလဲ

လူများနိုင်သမျှများများ ခရိုင်စည်းဝေးတက်ဖို့ ဖိတ်ခေါ်ရမှာဖြစ်ပေမဲ့ စိတ်ဝင်စားမှုပြတယ်ဆိုရင် ခဏလောက်အချိန်ပေး ဟောပြောပါ။

စနေ၊ တနင်္ဂနွေနေ့တွေမှာ ဖိတ်စာနဲ့အတူ မဂ္ဂဇင်း ဝေငှနိုင်တယ်။