မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

မလှုပ်မရှားဖြစ်နေသူကို အားပေးနိုင်

မလှုပ်မရှားဖြစ်နေသူကို အားပေးနိုင်

ဧပြီ ၁၁ ရက် သတိရအောက်မေ့ပွဲကို မ​လှုပ်​မ​ရှား​ဖြစ်နေ​သူတွေ​လည်း လာ​တက်​ကြပါ​လိမ့်မယ်။ ယေဟောဝါဘုရား​ဆီ ပြန်လာ​ပါ ဘရိုရှာ​မှာ ဖော်ပြထားတဲ့​အတိုင်း တချို့ဟာ​ အသက်ပြေးပွဲ​ကို စ​ပြေးခဲ့​ကြပေမဲ့ အကြောင်း​အမျိုးမျိုး​ကြောင့် အရှိန်​လျော့​သွား​သူတွေ ဖြစ်တယ်။ (ဟေဗြဲ ၁၂:၁) မ​လှုပ်​မ​ရှား​ဖြစ်သွား​သူတွေဟာ​လည်း သားတော်​ရဲ့​အသွေး​နဲ့ ဝယ်ထား​သူတွေ​ဖြစ်ပြီး ယေဟောဝါ​အတွက် အဖိုးတန်​သူတွေ ဖြစ်နေ​တုန်း​ပါပဲ။ (တ. ၂၀:၂၈။ ၁ ပေ. ၁:၁၈၊ ၁၉) အသင်းတော်​ဆီ သူတို့​ပြန်လာ​ဖို့ ဘယ်လို ကူညီပေး​နိုင်မလဲ။

သိုးထိန်း​က သိုးအုပ်​က​နေ လမ်းလွဲ​သွားတဲ့​သိုး​ကို ကြိုးစား​ရှာဖွေ​သလို အသင်းတော် အကြီးအကဲတွေ​လည်း မ​လှုပ်​မ​ရှား​ဖြစ်နေ​တဲ့ ခရစ်ယာန်တွေကို ကူညီပေးဖို့ ရှာဖွေ​ကြ​တယ်။ (လု. ၁၅:၄-၇)​ ဒါက ယေဟောဝါရဲ့ မေတ္တာပါ ဂရုစိုက်မှု​ကို တင်ပြတာ​ဖြစ်တယ်။ (ယေ. ၂၃:၃၊ ၄) အကြီးအကဲတွေ​သာ​မဟုတ်ဘဲ ကျွန်တော်တို့အားလုံး သူတို့ကို အားပေး​နိုင်ပါတယ်။ ကျွန်တော်တို့​တင်ပြ​တဲ့ ကြင်နာမှု​နဲ့ ကိုယ်ချင်းစာနာ​မှုကို ယေဟောဝါ နှစ်သက်​ပြီး ဆုချ​မှာဖြစ်​တယ်။ (သု. ၁၉:၁၇။ တ. ၂၀:၃၅) ဒါကြောင့် ဘယ်သူ့​ကို အားပေး​နိုင်မလဲ​လို့ စဉ်းစား​ပြီး ချက်ချင်း လုပ်ဆောင်​လိုက်ပါ။

မ​လှုပ်​မ​ရှား​ဖြစ်နေ​သူ​ကို အားပေးပါ ဗီဒီယိုကို​ပြပြီး အောက်ပါ​မေးခွန်းတွေကို ဆွေးနွေးပါ။

  • ညီအစ်မ အက်​ဘီ​က မ​လှုပ်​မ​ရှား​ဖြစ်နေ​တဲ့ သက်သေခံ​တစ်ယောက်​ကို တွေ့​တဲ့အခါ ဘယ်လို အစပြုလုပ်ဆောင်​သလဲ။

  • မ​လှုပ်​မ​ရှား​ဖြစ်သူ​ကို ကူညီပေးဖို့ စဉ်းစား​တဲ့အခါ ဘာကြောင့် အကြီးအကဲတွေ​ကို မေး​သင့်သလဲ။

  • ညီအစ်မ အက်​ဘီ​က လော်ရာ​ဆီ​ကို ဒုတိယ​အကြိမ်​ပြန်သွား​ဖို့ ဘယ်လို​ပြင်ဆင်​သလဲ။

  • လော်ရာ​ကို အားပေး​တဲ့အခါ အက်​ဘီ​ဟာ လက်မလျှော့​ဘဲ စိတ်ရှည်ရှည်​နဲ့ ဘယ်လို မေတ္တာပြ​ခဲ့​သလဲ။

  • လုကာ ၁၅:၈-၁၀ မှာပါတဲ့ ယေရှုရဲ့ ပုံဥပမာ​က​နေ ဘာသင်ယူနိုင်သလဲ။

  • လော်ရာ​ကို ပူးပေါင်း​ကူညီပေး​ကြတဲ့​အတွက် ဘယ်လို​ကောင်းချီးတွေ ခံစား​ခဲ့ရ​သလဲ။