ခရစ်ယာန်အသက်တာ လမ်းစဉ်
လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ
ဘယ်သူတွေကိုလဲ။ လူသစ်ဖြစ်ဖြစ်၊ လူဟောင်းဖြစ်ဖြစ် အစည်းအဝေးလာတက်တဲ့ ဘယ်သူကိုမဆို ကြိုဆိုရမယ်။ (ရော. ၁၅:၇။ ဟေဗြဲ ၁၃:၂) တခြားနိုင်ငံကနေ လာလည်ပတ်တဲ့ ညီအစ်ကို ညီအစ်မတွေ ဖြစ်နိုင်သလို မတက်တာကြာပြီဖြစ်တဲ့ မလှုပ်မရှားသူလည်း ဖြစ်နိုင်တယ်။ သင်သာ အဲဒီလိုကြိုဆိုခံရရင် ဘယ်လိုခံစားရမလဲ။ (မ. ၇:၁၂) ခန်းမကို ကြိုသွားပြီး အစည်းအဝေး မစခင်နဲ့ အပြီးမှာ တခြားသူတွေကို လိုက်နှုတ်ဆက်ဖို့ ကြိုးစားနိုင်မလား။ ဒီလိုလုပ်တာက နွေးထွေးမှုရှိစေပြီး ယေဟောဝါကို ဂုဏ်တင်ရာရောက်တယ်။ (မ. ၅:၁၆) စည်းဝေးလာတက်သူ ယောက်တိုင်းကို ကိုယ်တိုင်နှုတ်ဆက်နိုင်မှာ မဟုတ်ပေမဲ့ ညီအစ်ကို ညီအစ်မအားလုံး ကြိုဆိုမယ်ဆိုရင် အကုန်လုံးကို နှုတ်ဆက်မိပါလိမ့်မယ်။ *
ကြိုဆိုနှုတ်ဆက်တာကို သတိရအောက်မေ့ပွဲလို အထူးအချိန်အခါမှ မဟုတ်ဘဲ အမြဲတမ်း လုပ်ရမယ်။ အစည်းအဝေးလာတက်တဲ့ လူသစ်တွေက ခရစ်ယာန်မေတ္တာကို ခံစားရတဲ့အခါ ဘုရားသခင်ကို ချီးမွမ်းပြီး စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်ချင်စိတ် ရှိလာနိုင်တယ်။—ယော. ၁၃:၃၅။
^ စာပိုဒ်၊ 3 စည်းဝေးလာတက်တဲ့ နှင်ထုတ်ထားသူနဲ့ ပေါင်းသင်းမှုရပ်စဲထားသူတွေကိုတော့ သမ္မာကျမ်းစာအရ နှုတ်ဆက်လို့မရဘူး။—၁ ကော. ၅:၁၁။ ၂ ယော. ၁၀။