မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နမူနာ တင်ဆက်နည်းများ

နမူနာ တင်ဆက်နည်းများ

နိုးလော့!

မေးခွန်း– ရုပ်ရှင်တွေ၊ ဗီဒီယို​တွေမှာ ဝိညာဉ်​ကား​တွေ၊ သရဲ​ကား​တွေ ခေတ်စား​နေတာ သတိပြုမိ​မှာပါ။ မိတ်ဆွေ ဘယ်လို​ထင်သလဲ။ အဲဒါက အပန်းဖြေမှု​သက်သက်​လား၊ ဒါမှမဟုတ် အန္တရာယ်​ရှိ​သလား။

ဝေငှပုံ– ဝိညာဉ်​ကား​တွေ၊ သ​ရဲ​ကား​တွေ​က လူတွေကို ဘယ်လို ဆိုးကျိုး​ဖြစ်စေ​နိုင်သလဲ​ဆိုတာ ဒီ​နိုးလော့! မှာ ရှင်းပြထားတယ်။

အမှန်တရားကို သင်ပေးပါ

မေးခွန်း– ဘာသာမတူ​ကြပေမဲ့ ခံရတဲ့ ဒုက္ခ​တွေကတော့ အတူတူ​ပါပဲ။ ဘာကြောင့်လဲ​ဆိုတာ မိတ်ဆွေ သိပါသလား။

ကျမ်းချက်– ၁ ယော. ၅:၁၉

အမှန်တရား– ကျွန်တော်တို့အားလုံး ဒီလောက်​ဒုက္ခ​တွေ​များနေ​ရတာ ကမ္ဘာလောက​ကို စာတန်​မာရ်နတ် ကြီးစိုး​နေလို့​ပဲ။

ဆင်းရဲဒုက္ခ​တွေ အဆုံးတိုင်​မှာ​လား (ပြန်လည်ပတ်မှု)

မေးခွန်း– ဘယ်​အရာက ဆင်းရဲဒုက္ခ​တွေကနေ လွတ်မြောက်​အောင် လုပ်ပေး​နိုင်မလဲ။

ကျမ်းချက်– ဗျာ. ၂၁:၄။ ဆာ. ၃၇:၉-၁၁

ဝေငှပုံ– [ဘုရားသခင့်စကား နားထောင်ပါ ဘရိုရှာ​ကို​ ပြပါ။] ဆင်းရဲဒုက္ခ ဘယ်လို​စပြီး​ဖြစ်လာတယ်၊ ဘယ်လို​အဆုံးတိုင်​မလဲဆိုတာ ဒီ​ဘရိုရှာ​ရဲ့ စာမျက်နှာ ၈-၁၀ မှာ ဖော်ပြထားတယ်။ [ဘရိုရှာ​ကိုသုံးပြီး သင်အံမှု စ​ပါ။]

ကိုယ်ပိုင်​တင်ဆက်​နည်း​ကို ချ​ရေး​ပါ

နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။