ဥပုသ်နေ့မှာ ကုသပေး
ဂျုးဘာသာရေးခေါင်းဆောင်တွေရဲ့ သဘောထားကြောင့် ယေရှု ဘာဖြစ်လို့ စိတ်ထိခိုက်သွားတာလဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အရေးမကြီးတဲ့ ကန့်သတ်ချက်များစွာ ထပ်ထည့်သွင်းခြင်းအားဖြင့် ဥပုသ်နေ့ကို ဝန်လေးစရာဖြစ်အောင် လုပ်ကြလို့ပဲ။ ဥပမာ၊ သန်းတစ်ကောင်ကိုတောင် မသတ်ရဘူးလို့ တားမြစ်တယ်။ အသက်အန္တရာယ်ကြုံမှသာ ကုသခွင့်ရှိတယ်။ ဆိုလိုတာက အရိုးကျိုးတာ၊ အဆစ်လွဲတာကို ဥပုသ်နေ့မှာ မကုသရဘူး။ ဘာသာရေးခေါင်းဆောင်တွေဟာ လက်တစ်ဖက်သေနေသူကို မစာနာကြောင်း ထင်ရှားတယ်။