ခရစ်ယာန်အသက်တာလမ်းစဉ်
သွန်သင်ခြင်းကိရိယာတွေကို ကျွမ်းကျင်စွာ အသုံးပြုပါ
တပည့်ဖြစ်အောင်လုပ်တာဟာ အိမ်တစ်လုံး ဆောက်တာနဲ့တူတယ်။ ကျွမ်းကျွမ်းကျင်ကျင် ဆောက်နိုင်ဖို့ ကိရိယာတွေကို ကောင်းကောင်းသုံးတတ်အောင် သင်ယူရမယ်။ အထူးသဖြင့် အဓိကကိရိယာဖြစ်တဲ့ သမ္မာကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့ လိုတယ်။ (၂တိ ၂:၁၅) တပည့်ဖြစ်လာအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွန်သင်ခြင်းကိရိယာတွေဖြစ်တဲ့ စာပေတွေ၊ ဗီဒီယိုတွေကို ထိထိရောက်ရောက် အသုံးပြုတတ်ဖို့လည်း လိုတယ်။ *
သွန်သင်ခြင်းကိရိယာတွေကို အသုံးပြုရာမှာ တိုးတက်အောင် ဘယ်လို လုပ်နိုင်သလဲ။ (၁) အကူအညီအတွက် အမှုဆောင်အုပ်စု ကြီးကြပ်မှူးကို မေးပါ၊ (၂) အတွေ့အကြုံရှိတဲ့ ကြေညာသူတွေ၊ ရှေ့ဆောင်တွေနဲ့ တွဲအမှုဆောင်ပါ၊ (၃) စဉ်ဆက်မပြတ် လေ့ကျင့်ပါ။ စာပေတွေနဲ့ ဗီဒီယိုတွေကို အသုံးပြုရာမှာ ကျွမ်းကျင်လာတဲ့အခါ လက်ရှိလုပ်ဆောင်နေတဲ့ ပုံဆောင် ဆောက်လုပ်ရေးလုပ်ငန်းမှာ ရွှင်လန်းမှု ခံစားရပါလိမ့်မယ်။
မဂ္ဂဇင်း
ဘရိုရှာ
စာအုပ်
ဝေစာ
ဗီဒီယို
ဖိတ်စာ
လိပ်စာကတ်
^ စာပိုဒ်၊ 3 သွန်သင်ခြင်းကိရိယာထဲမှာ မတွေ့ရတဲ့ တချို့စာပေအနည်းငယ်က သတ်မှတ်ထားတဲ့ သီးသန့် စာဖတ်ပရိသတ်အတွက် ဖြစ်တယ်။ အဲဒါတွေကို သင့်တော်သလို သုံးနိုင်ပါတယ်။