မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ဟောပြောခြင်းနဲ့ သွန်သင်ခြင်း—တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် မရှိမဖြစ်

ဟောပြောခြင်းနဲ့ သွန်သင်ခြင်း—တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် မရှိမဖြစ်

သွား​ပြီး တပည့်​ဖြစ်စေဖို့ မိမိ​နောက်လိုက်​တွေကို ယေရှု မိန့်မှာ​ခဲ့တယ်။ (မ ၂၈:၁၉) ဒီ​မိန့်မှာချက်​ထဲမှာ ဟောပြောခြင်း​နဲ့ သွန်သင်ခြင်း​လုပ်ငန်း ပါဝင်တယ်။ ‘တပည့်​ဖြစ်စေခြင်း​လုပ်ငန်း​အတွက် မရှိမဖြစ်​တဲ့ ဒီ​ကဏ္ဍ​တွေမှာ ငါ ဘယ်လို တိုးတက်​နိုင်သလဲ’ လို့ အခါ​အား​လျော်​စွာ ကိုယ့်ကို​ယ်​ကိုယ် မေးသင့်တယ်။

ဟောပြောခြင်း

လူတွေ ကို​ယ့်​ဆီ​လာ​တာကို စောင့်နေ​မယ့်အစား “ထိုက်တန်​သူ​ကို” တက်တက်ကြွကြွ ရှာဖွေရမယ်။ (မ ၁၀:၁၁) အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့​အခါ “တွေ့ရတဲ့​သူတွေနဲ့” စကားပြော​နိုင်အောင် အခွင့်အရေးရှာ​ဖို့ နိုးနိုးကြားကြား ရှိ​သလား။ (တ ၁၇:၁၇) တမန်တော်​ပေါလု ဝီရိယ​ရှိရှိ ဟောပြော​ခဲ့​လို့ လုဒိ တပည့်ဖြစ်​လာတယ်။—တ ၁၆:၁၃-၁၅

“နံနက်ခင်း​မှာ မျိုးစေ့ကြဲ​ပါ။ ညနေစောင်း​အထိ လက်​ကို အနား​မပေး​နဲ့” (ဒေ ၁၁:၆)

“မပြတ်” ဆက်​ဟောပြောနေ​ပါ—အလွတ်သဘော​နဲ့ တစ်အိမ်တက်ဆင်း ဆိုတဲ့ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါ​မေးခွန်း​တွေကို ဖြေပါ–

  • ဆ​မ်​မြူ​အ​ယ်​ဟာ နေ့တိုင်း အမှန်တရား​မျိုးစေ့ကြဲ​ဖို့ တက်တက်ကြွကြွ​ရှိကြောင်း ဘယ်လို တင်ပြ​သလဲ။

  • ဟောပြောခြင်း​နည်းလမ်း​အားလုံးကို ဘာကြောင့် မဆုတ်မနစ် လုပ်ဆောင်​ဖို့လို​သလဲ။

  • နေ့တိုင်း သင် ဘယ်သူတွေကို နိုင်ငံ​တော်​သတင်း ဟောပြော​နိုင်သလဲ။

သွန်သင်ခြင်း

တပည့်ဖြစ်စေ​ဖို့ဆိုရင် လူတွေ​ဆီမှာ စာပေ​ထားခဲ့​ရုံ​ထက်မက လုပ်​ရမယ်။ ဘုရားရေးရာ​ဘက်မှာ သူတို့ ဆက်တိုးတက်​ဖို့ ကျွန်တော်တို့ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှု လုပ်ဖို့​လိုတယ်။ (၁က ၃:၆-၉) လူတွေကို နိုင်ငံ​တော်​အမှန်တရား ကြိုးစား​သင်ပေးပေမဲ့ ရလဒ်​မကောင်း​ရင်​ကော။ (မ ၁၃:၁၉-၂၂) “ကောင်းတဲ့​မြေ” နဲ့​တူ​တဲ့ စိတ်နှလုံး​ရှိသူ​တွေကို ဆက် ရှာဖွေ​သင့်တယ်။—မ ၁၃:၂၃။ တ ၁၃:၄၈

“ကျွန်တော်က စိုက်ပျိုး​တယ်။ အာပေါလု​က ရေလောင်း​တယ်။ အပင်ကို ကြီးထွား​စေ​တာ​ကတော့ ဘုရား​သခင်​ပဲ” (၁က ၃:၆)

“မပြတ်” ဆက်​ဟောပြောနေ​ပါ—လူထုရှေ့​နဲ့ တပည့်​ဖြစ်စေခြင်း ဆိုတဲ့ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါ​မေးခွန်း​တွေကို ဖြေပါ–

  • အီ​ဇာ​ကီ​ယ​ယ်​နဲ့ အ​ဘိဂဲ​ရဲ့ စိတ်နှလုံး​ထဲက အမှန်တရား​မျိုးစေ့​ကို ဆော်​လ​မွန်​နဲ့ မေရီ ဘယ်လို ရေလောင်း​ပေးခဲ့​သလဲ။

  • လူထုရှေ့သက်သေခံခြင်း အပါအဝင် အမှုဆောင်လုပ်ငန်း​ရဲ့ အသွင်အပြင်​အားလုံးမှာ ပါဝင်တဲ့ ရည်ရွယ်ချက်​က ဘာဖြစ်​သင့်သလဲ။

  • တခြား​သူတွေကို အမှန်တရား သင်ပေး​ခြင်း​ကို ဘယ်လို ပိုပြီး အလေးပေး​နိုင်သလဲ။