မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

မြင့်မြတ်တဲ့ပညာရေးကို ဆည်းပူးပါ

မြင့်မြတ်တဲ့ပညာရေးကို ဆည်းပူးပါ

ဘာကြောင့် အရေးကြီး– မဟာသွန်သင်ရှင် ယေဟောဝါဟာ ကျွန်တော်တို့ကို အကောင်းဆုံး ပညာရေး သင်ပေးတယ်။ ပို​ကောင်းတဲ့ အသက်တာနဲ့ အသက်ရှင်ဖို့၊ သာလွန်​ထူးကဲ​တဲ့ အနာဂတ်​ရရှိဖို့ အခမဲ့ သင်ပေးတယ်။ (ရှာ ၁၁:၆-၉။ ၃၀:၂၀၊ ၂၁။ ဗ ၂၂:၁၇) တခြား​သူတွေကို အသက်ပေး​သတင်း ဟောပြော​တတ်အောင်လည်း သင်ပေးတယ်။—၂က ၃:၅

လုပ်ဆောင်​နိုင်ပုံ–

  • နှိမ့်ချ​ခြင်း၊ နူးညံ့​ခြင်း အရည်အသွေးတွေကို မွေးမြူပါ။—ဆ ၂၅:၈၊ ၉

  • လောလောဆယ် လေ့ကျင့်ပေး​နေတာကို ခံယူပါ။ ဥပမာ ကြားရက်​အစည်းအဝေး ကျောင်းသား​တာဝန်

  • ပို​အမှုဆောင်​နိုင်မယ့် နည်းလမ်းတွေကို စဉ်းစား​ပြီး အစီအစဉ်တွေ ဆွဲပါ။—ဖိ ၃:၁၃

  • ထပ်ဆင့်​လေ့ကျင့်မှု ခံယူဖို့ ကိုယ်ကျိုးစွန့်​ပါ။—ဖိ ၃:၈

ယေဟောဝါ​ဘုရား သွန်သင်ပေး​မှု​ကြောင့် ကောင်းချီး​ကြွယ်ဝ ဗီဒီယိုကို ကြည့်ပြီး အောက်ပါ မေးခွန်းတွေကို ဖြေပါ–

  • သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်းကို တက်ရောက်​ဖို့ ဘယ်​အခက်အခဲတွေကို ကြေညာသူ​တချို့ ကျော်လွှား​ခဲ့ကြသလဲ။

  • သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း​မှာ ဘာတွေ လေ့ကျင့်ပေး​သလဲ။

  • ကျောင်းဆင်း​လာ​သူတွေရဲ့ တာဝန်​အသစ်​မှာ အသင်းတော်က ညီအစ်ကို/မ​တွေ ဘယ်လို ကူညီပေး​ကြသလဲ။

  • သတင်းကောင်း ဟောပြောသူများ​အတွက်​သင်တန်း လျှောက်လွှာ​တင်ဖို့ ဘယ်အချက်တွေ ပြည့်မီ​ရမလဲ။ (kr ၁၈၉)

  • ယေဟောဝါရဲ့ အဖွဲ့အစည်း​မှာ တခြား ဘာ​လေ့ကျင့်မှု​တွေ ရနိုင်​သေး​သလဲ။

မြင့်မြတ်တဲ့ပညာရေးကို ဆည်းပူးရင် ဘာကောင်းချီးတွေ ရမလဲ