မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ လမ်းစဉ်

အောက်မေ့ရာပွဲအတွက် ဘယ်လို ပြင်ဆင်မလဲ

အောက်မေ့ရာပွဲအတွက် ဘယ်လို ပြင်ဆင်မလဲ

ဒီ​နှစ်​က​စပြီး ခရစ်တော်ရဲ့ အောက်မေ့ရာပွဲ​အတွက် ပြင်ဆင်ချိန် ပို​ရ​ပါတော့မယ်။ အောက်မေ့ရာပွဲ​က ကြားရက်မှာ ကျတယ်​ဆိုရင် အဲဒီ​အပတ်​မှာ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး ရှိမှာ​မဟုတ်ဘူး။ အောက်မေ့ရာပွဲ​က စ​နေ၊ တနင်္ဂနွေ​မှာ ကျတယ်​ဆိုရင် တနင်္ဂနွေ​နေ့မှာ လူထုဟောပြောချက်​နဲ့ ကင်းမျှော်စင် သင်တန်း ရှိ​မှာ​မဟုတ်ဘူး။ အစည်းအဝေးတွေ မရှိတဲ့ အဲဒီ​အချိန်တွေကို ညီအစ်ကို/မ​တို့ရဲ့ ဇယား​မှာ ထည့်​ပြီး အကျိုးရှိရှိ အသုံးပြု​ကြ​မလား။ ပထမရာစု​တုန်း​ကလို​ပဲ ဒီ​အထူး​အခါသမယ​အတွက် အကျိုး​ရှိတဲ့ အစီအစဉ်တွေ လုပ်​ရမှာဖြစ်​တယ်။ (လု ၂၂:၇-၁၃နဓ ၃/၁၅ ၁) ဒါပေမဲ့ ကျွန်တော်တို့​အားလုံး စိတ်နှလုံးကို ကြိုတင်​ပြင်ဆင်​ဖို့ လိုတယ်။ ဘယ်လို ပြင်ဆင်​ကြ​မလဲ။

  • တက်ရောက်​ဖို့ အရေးကြီးတဲ့​အကြောင်း စဉ်းစား​တွေးတောပါ။—၁က ၁၁:၂၃-၂၆

  • ယေဟောဝါနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေး​အကြောင်း ဆုတောင်း စဉ်းစားပါ။—၁က ၁၁:၂၇-၂၉။ ၂က ၁၃:၅

  • အောက်မေ့ရာပွဲရဲ့ အဓိပ္ပာယ်​အကြောင်း ဆွေးနွေး​ထားတဲ့ ကျမ်းစာ​အခြေခံ စာပေတွေကို ဖတ်ပါ၊ တွေးတော​ဆင်ခြင်ပါ။—ယဟ ၃:၁၆။ ၁၅:၁၃

ကြေညာသူ​တချို့က ကျမ်းစာကို နေ့စဉ်​ဆန်းစစ်ပါ စာအုပ်ထဲက အောက်မေ့ရာပွဲ​အတွက် ကျမ်းစာ​ဖတ်ရှုခြင်း​ကို ဖတ်ပြီး တွေးတော​ဆင်ခြင်တယ်။ တချို့ကတော့ ဒီ​ဆောင်းပါး​မှာပါတဲ့ ပုံ​တွေ​ထဲ​က ကျမ်းချက်တွေကို ဖတ်တယ်။ တချို့က အောက်မေ့ရာပွဲ​အကြောင်း၊ ကျွန်တော်တို့​အပေါ်​ထားတဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ မေတ္တာ​အကြောင်း ဆွေးနွေး​ထားတဲ့ ကင်းမျှော်စင် ဆောင်းပါး​တွေကို ပြန်​ဖတ်တယ်။ ဘယ်​နည်းကို​ပဲ သုံး​သုံး ယေဟောဝါ၊ သားတော်​နဲ့ ညီအစ်ကို/မတို့ ပို​ရင်းနှီး​လာနိုင်​ပါစေ။