ယာကုပ်နဲ့ လာဗန် ငြိမ်းချမ်းရေး ပဋိညာဉ်ဖွဲ့
ယာကုပ်နဲ့ လာဗန် ဘာကြောင့် ကျောက်ပုံ လုပ်ခဲ့သလဲ။
-
သူတို့ဖွဲ့ခဲ့တဲ့ ငြိမ်းချမ်းရေး ပဋိညာဉ် သက်သေအဖြစ် ဖြတ်သန်းသွားလာသူတွေ မြင်တွေ့စေဖို့ ဖြစ်တယ်
-
ငြိမ်းချမ်းရေး ပဋိညာဉ်ကို သူတို့ စောင့်ထိန်းမထိန်း ယေဟောဝါ စောင့်ကြည့်နေတယ်ဆိုတာ သတိရစေဖို့ ဖြစ်တယ်
အခုချိန်မှာ ညီအစ်ကို၊ ညီအစ်မတွေ သင့်သင့်မြတ်မြတ်ရှိဖို့ ယေဟောဝါ မျှော်လင့်တယ်။ အောက်ပါ အချက် ၃ ချက်က သင့်သင့်မြတ်မြတ်ရှိနေဖို့၊ ပြန်လည်သင့်မြတ်ဖို့ ဘယ်လို ကူညီပေးမလဲ
-
ပြဿနာကို ပွင့်ပွင့်လင်းလင်း ပြောဆို ဖြေရှင်းခြင်း။—မ ၅:၂၃၊ ၂၄
-
ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ခြင်း။—ကော ၃:၁၃
-
ပြဿနာကို စိတ်ရှည်ရှည် ဖြေရှင်းခြင်း။—ရ ၁၂:၂၁