မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်​ဘဏ္ဍာများ | ကမ္ဘာဦး ၃၂-၃၃

ကောင်းချီးရဖို့ သင် နပန်းလုံးသလား

ကောင်းချီးရဖို့ သင် နပန်းလုံးသလား

၃၂:၂၄-၂၈

ယေဟောဝါရဲ့ ကောင်းချီး​ရဖို့ ဘဝမှာ ဘုရား​အမှုဆောင်ခြင်းကို အရေးကြီးဆုံး​လို့ သတ်မှတ်ပြီး ကြိုးစားလုပ်​ဆောင်​ရမယ်။ (၁က ၉:၂၆၊ ၂၇) ယေဟောဝါရဲ့ အမှုဆောင်ရာမှာ ရှိ​သင့်တဲ့ စိတ်​သဘောထားကို သက်ကြီးရွယ်အို ယာကုပ် တင်ပြခဲ့တယ်။ ယေဟောဝါရဲ့ ကောင်းချီး​ကို ထက်ထက်သန်သန် ရှာဖွေ​ကြောင်း အောက်ပါ​နည်းတွေနဲ့ ဖော်ပြ​ကြတယ်–

  • အသင်းတော်​အစည်းအဝေးတွေ​အတွက် သေသေချာချာ ပြင်ဆင်ခြင်း

  • အမှုဆောင်​လုပ်ငန်းမှာ မှန်မှန် ပါဝင်ခြင်း

  • အသင်းတော်မှာ​ရှိတဲ့ တခြား​သူတွေကို အတတ်နိုင်ဆုံး ကူညီ​ပေးခြင်း

သင့်​အခြေအနေ ဘယ်လောက်​ပဲ ခက်ခဲ​နေပါ​စေ ယေဟောဝါရဲ့ အကူအညီ​ရဖို့ မပြတ်​ဆုတောင်းပါ။ အမှုဆောင်​လုပ်ငန်းမှာ သင်​ကြိုးစားပါ​ဝင်​နေတာကို ကောင်းချီး​ပေးဖို့ တောင်းလျှောက်​ပါ။

ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ယေဟောဝါရဲ့ ကောင်းချီး​ရဖို့ ငါ့​ဘဝရဲ့ ဘယ်​ကဏ္ဍတွေမှာ ပို​ကြိုးစား​အားထုတ်​နိုင်​သေး​သလဲ’