မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ဘာက ငါ့အတွက် အရေးကြီးဆုံးလဲ

ဘာက ငါ့အတွက် အရေးကြီးဆုံးလဲ

ယေဟောဝါရဲ့ ကောင်းချီး​ရဖို့​က ယာကုပ်​အတွက် အလွန်​အရေးကြီးတယ်။ ကောင်းချီး​ရဖို့ ကောင်းကင်တမန်​နဲ့ နပန်းလုံး​ခဲ့တယ်။ (က ၃၂:၂၄-၃၁။ ဟော ၁၂:၃၊ ၄) ကျွန်တော်တို့​ကော။ ယေဟောဝါ​စကား နားထောင်ပြီး ကောင်းချီး​ခံစား​ရဖို့ တလိုတလား ကြိုးစား​အားထုတ်​လို​စိတ် ရှိသလား။ ဥပမာ၊ အသင်းတော်​အစည်းအဝေး​တက်ဖို့​နဲ့ လောက​အလုပ်ကို နာရီ​အနည်းငယ် ပို​လုပ်ဖို့ ရွေးချယ်​ရမယ်​ဆိုရင် ဘာကို ရွေးချယ်မလဲ။ ယေဟောဝါကို ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာ အကောင်းဆုံး​တွေကို ပေးမယ်​ဆိုရင် “ကောင်းချီးတွေ လို​လေ​သေး​မရှိ သွန်းလောင်း” ခံရမှာ​ဖြစ်တယ်။ (မလ ၃:၁၀) ဘုရားက ကျွန်တော်တို့ကို လမ်းပြ ကာကွယ်မယ်။ လိုအပ်တာတွေ ထောက်ပံ့​မှာ​ဖြစ်တယ်။—မ ၆:၃၃။ ဟီ ၁၃:၅

ဘုရားရေးရာ​ပန်းတိုင်တွေကို စူးစိုက်​နေပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ညီအစ်မဟာ သူ​မြတ်နိုးတဲ့​အရာနဲ့ ဘယ်လို စမ်းသပ်​ခံခဲ့ရ​သလဲ။

  • ကျွန်တော်တို့ရဲ့​အလုပ်​က ဘယ်လိုနည်းနဲ့ စမ်းသပ်မှု ဖြစ်နိုင်သလဲ။

  • တိမောသေဟာ ရင့်ကျက်တဲ့​ခရစ်ယာန် ဖြစ်နေသည့်တိုင် ဘာကြောင့် ပန်းတိုင်တွေ ဆက်​ချ​နေဖို့​လိုသလဲ။—၁တိ ၄:၁၆

  • သင့်​ဘဝမှာ ဘာက အရေးကြီးဆုံးလဲ

    ဘယ်​အရာက ကျွန်တော်တို့ရဲ့ “နံပါတ်​တစ်” အလုပ် ဖြစ်တယ်ဆိုတာကို ဘယ်လို ပြ​နိုင်သလဲ။