ခရစ်ယာန်အသက်တာလမ်းစဉ်
အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—JW.ORG မှာ ရှာဖွေခြင်း
ဘာကြောင့်အရေးကြီး– သွန်သင်ခြင်းမှာသုံးတဲ့ စာပေတိုင်းမှာ jw.org ကို ညွှန်ပြထားတယ်။ ဒါကြောင့် ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ ဝေစာနဲ့ လိပ်စာကတ်ရဲ့ ရည်ရွယ်ချက်က လူတွေကို အဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်ဆီ လမ်းညွှန်ဖို့ဖြစ်တယ်။ jw.org ကိုသုံးပြီး အီးမေးလ်နဲ့ စာပေတစ်ခုခု ပို့ပေးခြင်း၊ ဒါမှမဟုတ် လင့် (link) တစ်ခု ပို့ပေးခြင်းအားဖြင့် စာပေဝေငှနိုင်ပါတယ်။ အထူးသဖြင့် ဘာသာခြားစကားပြောသူကို သက်သေခံရာမှာ ဒီနည်းက အထောက်အကူဖြစ်တယ်။ ဒါ့အပြင် စာပေတွေမှာ အဖြေမပါတဲ့ မေးခွန်းမျိုး လူတွေ မေးလာနိုင်တယ်။ အဲဒီအခါ ဝက်ဘ်ဆိုက်မှာ ရှာဖွေနိုင်ရင် အမှုဆောင်လုပ်ငန်းမှာ ပိုထိရောက်နိုင်တယ်။
လုပ်ဆောင်နိုင်ပုံ–
-
“သမ္မာကျမ်းစာ သွန်သင်ချက်များ” အပိုင်းကို သုံးပါ။ သားသမီး ပြုစုပျိုးထောင်ခြင်းအကြောင်း ပိုသိချင်တဲ့ မိဘတစ်ယောက်ကို သက်သေခံတယ် ဆိုပါစို့။ သမ္မာကျမ်းစာ သွန်သင်ချက်များ > အိမ်ထောင်ရေးနဲ့ မိသားစု ကိုသွားပါ။
-
“စာအုပ်စာပေများ” အပိုင်းကို သုံးပါ။ ကျောင်းမှာ အတန်းဖော်တစ်ယောက်ကို အလွတ်သဘောသက်သေခံရင်း လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ ဆိုတဲ့ စာစောင်ကို ဝေမျှချင်တယ် ဆိုပါစို့။ စာအုပ်စာပေများ > စာအုပ်စာစောင်များ ကိုသွားပါ။
-
“ကျွန်ုပ်တို့အကြောင်း” အပိုင်းကို သုံးပါ။ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်အကြောင်း သိချင်တဲ့ အလုပ်ဖော်တစ်ယောက်ကို သက်သေခံတယ် ဆိုပါစို့။ ကျွန်ုပ်တို့အကြောင်း > မေးလေ့ရှိတဲ့ မေးခွန်းများ ကိုသွားပါ။
JW.ORG မှာ ရှာဖွေခြင်း ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါပုဂ္ဂိုလ်တွေကို တွေ့တဲ့အခါ ကူညီပေးဖို့ ဝက်ဘ်ဆိုက်ရဲ့ ဘယ်နေရာမှာ ရှာမလဲဆိုတာ စဉ်းစားပါ–
-
ဘုရားမဲ့ဝါဒီတစ်ယောက်
-
မကြာသေးခင်က အဖြစ်ဆိုးကြုံခဲ့ရသူတစ်ဦး
-
မလှုပ်မရှားဖြစ်သွားတဲ့ ညီအစ်ကို/မတစ်ယောက်
-
ကျွန်တော်တို့လုပ်ငန်းကို ငွေကြေးထောက်ပံ့ပုံအကြောင်း သိချင်တဲ့ ပြန်လည်ပတ်မှု
-
သူ့နိုင်ငံမှာ အစည်းအဝေးတက်ချင်တဲ့ နိုင်ငံခြားသားတစ်ယောက်