မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

လောတရဲ့ဇနီးကို သတိရကြ

လောတရဲ့ဇနီးကို သတိရကြ

လောတ​ရဲ့​ဇနီးဟာ သောဒုံ​မြို့ကနေ ထွက်ပြေး​လာ​ရင်း ဘာကြောင့် နောက်​ပြန်လှည့်​ကြည့်​ခဲ့သလဲ။ ကျမ်းစာမှာ ဖော်ပြ​မထားဘူး။ (က ၁၉:၁၇၊ ၂၆) ယေရှုရဲ့ သတိပေး​စကားအတိုင်း​ဆိုရင် ထားရစ်​ခဲ့​တဲ့ ပစ္စည်းတွေကို မက်မော​လို့ ဖြစ်နိုင်တယ်။ (လု ၁၇:၃၁၊ ၃၂) လောတ​ရဲ့​ဇနီး​လို ဘုရားသခင့် မျက်နှာသာ မဆုံးၡုံး​အောင် ဘယ်လို ရှောင်နိုင်​သလဲ။ ရုပ်ပစ္စည်း​လိုက်စားခြင်း​ကို အဓိက​မထား​မိအောင် ရှောင်​ဖို့​လိုတယ်။ (မ ၆:၃၃) “ဘုရားသခင်​အတွက်ရော စည်းစိမ်​အတွက်ပါ တစ်ပြိုင်တည်း အစေခံ​လို့ မရဘူး” လို့ ယေရှု သင်ပေးခဲ့တယ်။ (မ ၆:၂၄) ရုပ်​ပစ္စည်းတွေ​ကြောင့် ဘုရားရေးရာ​ကို ကျွန်တော်တို့ လျစ်လျူရှု​လာ​မှန်း သတိ​ပြု​မိရင် ဘာလုပ်ရမလဲ။ ပြောင်းလဲဖို့​လို​တဲ့ ကဏ္ဍကို ပိုင်းခြားသိမြင်​အောင်၊ ပြောင်းလဲ​နိုင်တဲ့ သတ္တိနဲ့ ခွန်အား​ရှိအောင် ယေဟောဝါ​ဆီ ဆုတောင်း​နိုင်တယ်။

အပိုင်း သုံး​ပိုင်း​ပါတဲ့ လောတ​ရဲ့​ဇနီးကို သတိရ​ကြ ဗီဒီယိုကို ကြည့်ပြီး အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • “လောတရဲ့ဇနီးကို သတိရ” ကြောင်း ငါ လုပ်ရပ်တွေနဲ့ ဘယ်လိုပြနိုင်သလဲ

    ပိုက်ဆံ​ပို​ရှာ​ဖို့ ဖိအား​က ဂ​လို​ရီ​ယာ​ရဲ့ အတွေးအခေါ်၊ အပြောအဆို​နဲ့ အပြုအမူတွေ​အပေါ် ဘယ်လို လွှမ်းမိုး​ခဲ့သလဲ။

  • လောတ​ရဲ့​ဇနီးဟာ ဒီနေ့ ကျွန်တော်တို့​အတွက် ဘာကြောင့် သတိပေး​ပုံနမူနာ ဖြစ်သလဲ။

  • ကျမ်းစာ​မူတွေကို လိုက်နာခြင်းက ဂျိုး​နဲ့ မိသားစုကို ဘယ်လို ကူညီ​ပေးခဲ့သလဲ။

  • အန်​နာ​ရဲ့ အလုပ်ဖော်​တွေ​က ဘုရားနဲ့ သူ့ရဲ့​ဆက်ဆံရေး​အပေါ် ဘယ်လို​ဆိုးကျိုး​ဖြစ်စေခဲ့​သလဲ။

  • ဘဝမှာ ငွေကို​အဓိက​ထားဖို့ ဖိအား​ပေး​ခံရတဲ့အခါ ဘာကြောင့် ရဲစွမ်း​သတ္တိ​ရှိဖို့​လိုသလဲ။

  • ဘရိုင်ယန်​နဲ့ ဂ​လို​ရီ​ယာ​တို့ဟာ ဘုရားရေးရာ​ကို ဘယ်လို ပြန်ပြီး ဦးစား​ထား​လာ​ကြသလဲ။

  • ဒီ​ဗီဒီယိုမှာ ဘယ်​ကျမ်းစာ​မူတွေကို သင် သိမြင်​ခဲ့သလဲ။