မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းပါ

ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းပါ

ယေဟောဝါကို ချစ်တဲ့​သူတွေနဲ့ ဘာကြောင့် ပေါင်း​သင့်​သလဲ။ အပေါင်း​အသင်း​က ကျွန်တော်တို့​အပေါ် အကောင်း​ဘက် ဒါမှ​မဟုတ် အဆိုး​ဘက်​ကို ဩဇာ​လွှမ်းမိုး​နိုင်​လို့​ပဲ။ (ပ ၁၃:၂၀) ဥပမာ၊ ဘုရင် ယောရှ​ဟာ ပုရောဟိတ်မင်း ယောယဒ​နဲ့ အတူ​ရှိ​နေချိန်​တစ်လျှောက်လုံး “ယေဟောဝါ​ရှေ့မှာ မှန်ရာကို” လုပ်ခဲ့တယ်။ (၂ရာ ၂၄:၂) ယောယဒ ကွယ်လွန်​ပြီး​တဲ့​နောက်မှာ ယောရှ​ဟာ မကောင်းတဲ့ အပေါင်း​အသင်းတွေ​ကြောင့် ယေဟောဝါကို စွန့်ခွာ​ခဲ့​တယ်။—၂ရာ ၂၄:၁၇-၁၉

ပထမ​ရာစု​တုန်း​က တမန်တော် ပေါလုဟာ ခရစ်ယာန်​အသင်းတော်ကို “အိမ်ကြီး​တစ်လုံး” နဲ့၊ အသင်းသားတွေကို အသုံး​အဆောင်​တွေ​ဖြစ်တဲ့ “အိုး” တွေ​နဲ့ နှိုင်းယှဉ်​ခဲ့​တယ်။ ကျွန်တော်တို့​က ယေဟောဝါ မကြိုက်တာ​ကို လုပ်တဲ့ မိသားစုဝင်​တွေ၊ အသင်းသားတွေ​နဲ့ ရင်းရင်း​နှီးနှီး မပေါင်းသင်း​ဘူး​ဆိုရင် “အသရေ​ရှိတဲ့​နေရာမှာ သုံး” တဲ့ အသုံး​အဆောင်​တွေ ဖြစ်ကြတယ်။ (၂တိ ၂:၂၀၊ ၂၁) ဒါကြောင့် ကျွန်တော်တို့ဟာ ယေဟောဝါကို ချစ်တဲ့​သူတွေ၊ ဘုရား​အမှု​ဆောင်ဖို့ အားပေး​တဲ့​သူတွေနဲ့​ပဲ ဆက်​ပေါင်းသင်း​ချင်​ကြပါတယ်။

မကောင်းတဲ့​အပေါင်း​အသင်းတွေကို ရှောင်​ဖို့ သင်ယူပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ဘယ်လို​နည်းတွေနဲ့ မကောင်းတဲ့​အပေါင်း​အသင်းတွေ​နဲ့ ပေါင်း​မိ​နိုင်​သလဲ။

  • မကောင်းတဲ့​အပေါင်း​အသင်း​ကို အဆက်​ဖြတ်ဖို့ ဗီဒီယို​ထဲ​က ခရစ်ယာန်​သုံးယောက်ကို ဘာက ကူညီ​ပေး​ခဲ့​သလဲ။

  • အပေါင်း​အသင်း​ကို ပညာ​ရှိရှိ ရွေးချယ်​ဖို့ ဘယ်​ကျမ်းစာ​မူတွေ​က ကူညီ​ပေး​နိုင်​သလဲ။

ငါဟာ “အသရေရှိတဲ့နေရာမှာ သုံး” တဲ့ အသုံးအဆောင် လား။—၂တိ ၂:၂၁