ဗီဒီယိုများ
အောက်ပါ မှတ်တမ်းဗီဒီယိုတွေက ဆရာဝန်များ၊ လူမှုရေးဝန်ထမ်းများ၊ ဥပဒေအဖွဲ့သားများအတွက် ဖြစ်ပါတယ်။ ဗီဒီယိုမှာပါတဲ့ သိပ္ပံပညာရှင်တွေ၊ ဆေးပညာရှင်တွေဟာ ယေဟောဝါသက်သေတွေ မဟုတ်ကြပါဘူး။ နိုင်ငံတကာ အသိအမှတ်ပြု ဆရာဝန်တွေ၊ ကျင့်ဝတ်ပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ ပညာပေးသူတွေ ဖြစ်ကြပါတယ်။
ရိုးရှင်း၊ စိတ်ချရပြီး ထိရောက်တဲ့ သွေးအစားထိုးကုသမှု နည်းစနစ်များ
ကမ္ဘာတစ်ဝန်း သွေးအကြောင်း ဆွေးနွေးခန်းတွေမှာ တခြားသူတစ်ယောက်ရဲ့ သွေးကို သွင်းတဲ့ကုထုံးရဲ့ ကုန်ကျစရိတ်၊ နည်းစနစ်၊ ဘေးကင်းမှု၊ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို စိုးရိမ်မှု တိုးများလာနေတယ်။ ဆုတွေ ရထားတဲ့ ဒီဗီဒီယိုမှာ ဆေးဝါးကုသ၊ ခွဲစိတ်ကုသချိန်မှာ သွေးကို ရှောင်တဲ့ နည်းစနစ်တွေအကြောင်း ဆွေးနွေးထားတယ်။ (မိနစ် ၃၀)
လူနာ လိုအပ်ချက်နဲ့ အခွင့်အရေးကို ဖြည့်ဆည်းပေးတဲ့ သွေးအစားထိုး ကုသမှု
ဒီဗီဒီယိုက သွေးအစားထိုး ကုသမှုဆိုင်ရာ နည်းဗျူဟာတွေနဲ့အတူ ဆေးဘက်ဆိုင်ရာပိုင်း၊ လူ့ကျင့်ဝတ်ပိုင်း၊ အကုန်အကျပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေကို ဖော်ပြထားပါတယ်။ သွေးမဲ့ ဆေးပညာနဲ့ ခွဲစိတ်မှုနည်းစနစ်က ဘယ်လိုနည်းနဲ့ အကုန်အကျသက်သာစေပြီး လူနာရဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်တဲ့အပြင် ကြိုတင်အသိပေးထားတဲ့ သူတို့ရဲ့ ရွေးချယ်မှုကို လေးစားရာ ကျသလဲဆိုတာ ဖော်ပြထားပါတယ်။ (၂၈ မိနစ်)
ပါမောက္ခ မက်စီမို ဖရန်ချီ (M.D.) နဲ့ လူတွေ့မေးမြန်းခန်း
“ကျွန်တော့်အလုပ်နဲ့ပတ်သက်ပြီး ယေဟောဝါသက်သေတွေကို ကျေးဇူးတင်တယ်။ ကျွန်တော့်လို သမားရိုးကျ ဆရာဝန်ကို သွေးမဲ့ကုသနိုင်ပုံ၊ သွေးလျှော့သုံးခြင်းရဲ့ အရေးပါမှုကို သုံးသပ်ဖို့ ကူညီပေးကြတယ်။”
ပါမောက္ခ အန်တိုနီယို ပင်နာ (M.D.) နဲ့ လူတွေ့မေးမြန်းခန်း
“ဘာသာရေးကိစ္စကြောင့် ခွဲခြားဆက်ဆံတာမျိုး မဖြစ်သင့်ဘူး။ ယေဟောဝါသက်သေ မဟုတ်တဲ့ လူနာတွေလည်း သွေးသွင်းတာကို လက်မခံတာမျိုး ရှိတယ်။”
လုကာ ဝီလ်တက် (M.D.) နဲ့ လူတွေ့မေးမြန်းခန်း
“ယေဟောဝါသက်သေ လူနာတွေမှာသာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ သွေးသွင်းကုသမှု သိသိသာသာ နည်းလာပြီ။ သွေးသွင်းကုသမှု နည်းရင် ရလဒ်ပိုကောင်းမှန်း အထောက်အထားတွေ တွေ့ရှိလာလို့ပါ။”
ဒေါက်တာ ပိုင် ဒီ ဘန်နဒက်တိုနဲ့ လူတွေ့မေးမြန်းခြင်း
“ကောင်းကောင်း စီစဉ်ပြီးမှ ကုသမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ အကြီးစား ခွဲစိတ်မှုတွေကိုတောင် သွေးမသွင်းဘဲ အောင်အောင်မြင်မြင် ခွဲစိတ်ကုသလို့ ရနေပါပြီ။”
ဒေါက်တာ ကလော်ဒီယို ရွန်ကိုနဲ့ လူတွေ့မေးမြန်းခြင်း
“တော်တန်ရုံဆို ကျွန်တော်တို့ သွေးသွင်းကုသမှု သိပ်မလုပ်ဖြစ်တော့ဘူး။”
ဒေါက်တာ ပက်ထရီဇို မက်ဇာနဲ့ လူတွေ့မေးမြန်းခြင်း
“ပြန်ရည်ကျိတ်ကင်ဆာ၊ သွေးဖြူဥကင်ဆာစတဲ့ သွေးနဲ့ဆိုင်တဲ့ကင်ဆာတွေ၊ ရိုးတွင်းခြင်ဆီ ကင်ဆာတို့လို ရောဂါတွေကို ကုသလို့ ရနိုင်ပြီ။ အနောက်နိုင်ငံတွေမှာ အဖြစ်များတဲ့ ဒီရောဂါတွေကို သွေးမသွင်းဘဲ ကုပေးနေပြီ။”
ဒေါက်တာ အယ်ဖရီဒို ဂတ်လီမီနဲ့ လူတွေ့မေးမြန်းခြင်း
“ယေဟောဝါသက်သေတွေကြောင့် ကျွန်တော်တို့လည်း သွေးသွင်းခြင်းကို အလွန် သတိထားတတ်လာတယ်။ လူနာအတွက် မခွဲစိတ်ခင် အသေအချာ ပြင်ဆင်ရွေးချယ်တယ်။ ခွဲစိတ်နေချိန် သွေးဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ဂရုစိုက်တယ်။ မခွဲခင် သွေးအားနည်းတာမျိုး မရှိအောင် ဂရုစိုက်တတ်လာတယ်။”
သွေးမဲ့ဆေးကုသမှုနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံက ဆရာဝန်ငါးဦးရဲ့ ပြောဆိုချက်များ
မကြာသေးခင်က လူတွေ့မေးမြန်းခန်းတစ်ခုမှာ လူသိများတဲ့ ဆရာဝန်ငါးဦးဟာ သွေးမဲ့ကုသနည်းနဲ့ပတ်သက်တဲ့ တွေ့ကြုံမှုတွေကို ဝေမျှခဲ့ကြတယ်။