မာတိကာဆီ ကျော်သွား

ဗေသလ လည်ပတ်ကြည့်ရှုမှု

ကျွန်တော်တို့ရဲ့ ဌာနခွဲရုံးတွေကို လည်ပတ်ကြည့်ရှုဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ တချို့ရုံးတွေမှာ မိမိဘာသာ လည်ပတ်ကြည့်ရှုနိုင်တဲ့ ပြခန်းတွေ ရှိတယ်။

လည်ပတ်မှုတွေ ပြန်စပြီ။ ၂၀၂၃၊ ဇွန်လ ၁ ရက်၊ နိုင်ငံတော်တော်များများမှာ ဌာနခွဲရုံး လည်ပတ်မှုတွေ ပြန်စပါပြီ။ အသေးစိတ် သိချင်ရင် ကိုယ် လည်ပတ်ချင်တဲ့ ဌာနခွဲကို ဆက်သွယ်ပါ။ စစ်ကြည့်လို့ ကိုယ့်ဆီမှာ ကိုဗစ်-၁၉ ရှိတယ်၊ အအေးမိ၊ တုပ်ကွေး လက္ခဏာ ရှိတယ်၊ ကိုဗစ်-၁၉ ရှိသူနဲ့ သိပ်မကြာခင်က ထိတွေ့ထားတယ်ဆိုရင် သွားမလည်ပါနဲ့။

တောင်အာဖရိက

လည်ပတ်ကြည့်ရှုမှု အချက်အလက်

ကြိုတင်စာရင်းသွင်းခြင်း

ကြိုတင်စာရင်းသွင်းထားတာကို ကြည့်ပါ ဒါမှမဟုတ် ပြုပြင်ပါ

လည်ပတ်ကြည့်ရှုရေး စာစောင်ကို ကူးယူပါ။

ပြခန်းများ

ဧည့်ခန်း–ဗေသလမှာ အလုပ်လုပ်ကြပုံ၊ ဝတ်ပြုရေးကို ထောက်မကူညီပုံအကြောင်း ဗီဒီယိုတွေ ပြသထားပါတယ်။

ပုံနှိပ်တိုက် ၂ ဧည့်ခန်း– စာစောင်တွေကို ဒေသခံဘာသာစကားတွေနဲ့ ဘာသာပြန်၊ ပုံနှိပ်ထုတ်ဝေပုံအကြောင်း ဗီဒီယိုတွေ ပြသထားပါတယ်။ ပုံနှိပ်စက်တွေကို ရှုခင်းကြည့်စင်ကနေ ကြည့်နိုင်တယ်။ ဒေသခံဘာသာစကားတချို့နဲ့ ပြန်ဆိုထားတဲ့ ကျမ်းစာမှာ ဘုရားသခင့်နာမည် အသုံးပြုထားပုံ သမိုင်းကြောင်းကို ပြသထားတဲ့ ကျမ်းစာပြခန်းလည်း ရှိတယ်။

ပုံနှိပ်တိုက် ၃ ဧည့်ခန်း– ရှုခင်းကြည့်စင်ကနေ ထုပ်ပို့ရေးဌာန တစ်ခုလုံးကို ကြည့်နိုင်တယ်။ ထုပ်ပိုးပြီးနောက် ဘယ်နေရာတွေကို ပို့တယ်ဆိုတာလည်း ကြည့်နိုင်တယ်။ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး၊ ထုပ်ပို့ရေး၊ ရုပ်/သံထုတ်လုပ်ရေးတွေအကြောင်း ဗီဒီယိုတွေ ပြသထားပါတယ်။

ထပ်ဆင့်အချက်အလက်– ဧည့်ခန်းကိုသွားဖို့ ကြိုပို့ယာဉ်တွေ စီစဉ်ပေးထားပါတယ်။ ဧည့်သည်နားနေဆောင်မှာ ကိုယ်တိုင် နေ့လည်စာ ယူလာပြီး စားနိုင်ပါတယ်။

လိပ်စာနဲ့ ဖုန်းနံပါတ်

လမ်းညွှန် ယူပါ