မာတိကာဆီ ကျော်သွား

ဗေသလ လည်ပတ်ကြည့်ရှုမှု

ကျွန်တော်တို့ရဲ့ ဌာနခွဲရုံးတွေကို လည်ပတ်ကြည့်ရှုဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ တချို့ရုံးတွေမှာ မိမိဘာသာ လည်ပတ်ကြည့်ရှုနိုင်တဲ့ ပြခန်းတွေ ရှိတယ်။

လည်ပတ်မှုတွေ ပြန်စပြီ။ ၂၀၂၃၊ ဇွန်လ ၁ ရက်၊ နိုင်ငံတော်တော်များများမှာ ဌာနခွဲရုံး လည်ပတ်မှုတွေ ပြန်စပါပြီ။ အသေးစိတ် သိချင်ရင် ကိုယ် လည်ပတ်ချင်တဲ့ ဌာနခွဲကို ဆက်သွယ်ပါ။ စစ်ကြည့်လို့ ကိုယ့်ဆီမှာ ကိုဗစ်-၁၉ ရှိတယ်၊ အအေးမိ၊ တုပ်ကွေး လက္ခဏာ ရှိတယ်၊ ကိုဗစ်-၁၉ ရှိသူနဲ့ သိပ်မကြာခင်က ထိတွေ့ထားတယ်ဆိုရင် သွားမလည်ပါနဲ့။

ဘရာဇီး

လည်ပတ်ကြည့်ရှုမှု အချက်အလက်

ကြိုတင်စာရင်းသွင်းပါ

ကြိုတင်စာရင်းသွင်းထားတာကို ကြည့်ပါ ဒါမှမဟုတ် ပြင်ဆင်ပါ

လည်ပတ်ကြည့်ရှုရေး စာစောင်ကို ကူးယူပါ။

ပြခန်းများ

သမ္မာကျမ်းစာနဲ့ ကျမ်းစာအာဘော်ရှင်။ ဒီပြခန်းက ကျမ်းစာအာဘော်ရှင် ယေဟောဝါဘုရားကို ထိုက်သင့်သလို ဂုဏ်တင်တယ်။ ဘုရားသခင့်နိုင်ငံတော်ဟာ ကျမ်းစာရဲ့ အဓိကအကြောင်း ဖြစ်ကြောင်း ပေါ်လွင်စေတယ်။ ဒီနေ့အထိ သမ္မာကျမ်းစာ တည်တံ့လာပုံ၊ ဆန့်ကျင်သူတွေက ကျမ်းစာသတင်းစကားကို ပြောင်းလဲဖို့ ကြိုးစားကြပေမဲ့ ကျမ်းစာရဲ့ မူရင်းသတင်းစကားမပျက်အောင် ယေဟောဝါ ထိန်းသိမ်းလာခဲ့ပုံတွေကို ပြသထားတယ်။

သမိုင်းပြခန်း။ နှစ်ပေါင်း ၁၂၀ ကျော် ကြာပြီဖြစ်တဲ့ ဘရာဇီးနိုင်ငံရဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးပုံအကြောင်း ပြသထားတယ်။ ဘရာဇီးမှာ လုပ်ငန်း အစပြုပုံ၊ ဆန့်ကျင်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကြား လုပ်ငန်း တိုးတက်လာပုံအကြောင်း မကြာသေးခင်ကမှ သိခဲ့ရတဲ့ သမိုင်းဝင် ရှာဖွေတွေ့ရှိချက်ကိုလည်း ကြည့်ရှုနိုင်ပါတယ်။

လိပ်စာနဲ့ ဖုန်းနံပါတ်

လမ်းညွှန် ယူပါ