မာတိကာဆီ ကျော်သွား

ဗြိတိန် ဓာတ်ပုံ​ပြခန်း ၅ (၂၀၁၇ စက်တင်ဘာ-၂၀၁၈ ဖေဖော်ဝါရီ)

ဗြိတိန် ဓာတ်ပုံ​ပြခန်း ၅ (၂၀၁၇ စက်တင်ဘာ-၂၀၁၈ ဖေဖော်ဝါရီ)

၂၀၁၇ စက်တင်ဘာ​ကနေ ၂၀၁၈ ဖေဖော်ဝါရီ​လ​အတွင်း ယေဟောဝါသက်သေများရဲ့ ဗြိတိန် ဌာနခွဲရုံး​သစ် ဆောက်လုပ်ရေး​လုပ်ငန်း တိုးတက်မှု​ကို ဒီ​ဓာတ်ပုံ​ပြခန်း​မှာ ကြည့်ပါ။

ချမ်း​စ​ဖို့ ဗြိတိန်​ဌာနခွဲရုံး သရုပ်ဖော်ပုံ။

  1. ၁။ မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

  2. ၂။ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

  3. ၃။ ရုံးခန်း အဆောက်အအုံ

  4. ၄။ လူနေ​ဆောင် A

  5. ၅။ လူနေ​ဆောင် B

  6. ၆။ လူနေ​ဆောင် C

  7. ၇။ လူနေ​ဆောင် D

  8. ၈။ လူနေ​ဆောင် E

  9. ၉။ လူနေ​ဆောင် F

စက်တင်ဘာ ၆၊ ၂၀၁၇—လူနေ​ဆောင် C

အပြင်​ပိုင်း​လုပ်သားတွေ အုတ်​ဆက်​ကိရိယာ သုံးပြီး အုတ်​တွေကို ညှိ​နေကြတယ်။ ဒီ​အုတ်ချပ်​လေး​တွေ ကပ်​ထားတဲ့ သတ္တုပြား​ကို သံမဏိ​တိုင်တွေ​ပေါ် ပြန်​အုပ်​ကြတယ်။

စက်တင်ဘာ ၂၀၊ ၂၀၁၇—လူနေ​ဆောင် D

ဗိသုကာ​အဖွဲ့ဝင်​တစ်ဦး သုံးချောင်း​ထောက် လေ​ဆာ​ဓာတ်​ရောင်ခြည်​သုံး မျက်နှာပြင် တိုင်းတာ​ရေး​ကိရိယာ​နဲ့ အခန်း​အပြင်ဘက် နံရံ​နေရာကို သတ်မှတ်​ပေး​နေတယ်။ အနောက်ဘက်​က မြင်ရတဲ့ လူနေ​ဆောင် F မှာ အတွင်းပိုင်း လက်သမား​အလုပ် လုပ်ဆောင်နေ​ကြတယ်။

စက်တင်ဘာ ၂၇၊ ၂၀၁၇—လူနေ​ဆောင် F

ပန်းရန်​သ​မား​က အင်္ဂတေ​ကိုင်ထားတဲ့ နံရံ​ကို ရေပန်း​နဲ့ ဖျန်း​ပြီး သံ​လက်နဲ့ အချော​ကိုင်​တယ်။ ရေ​ချွေတာ​ဖို့ အချော​သတ်​ဌာန​က စိုထိုင်း​မှု​ဖယ်ရှား​စက်​ကနေ ရေ​တွေ စု​ပြီး အင်္ဂတေ ဖျော်​ဖို့၊ ကြွေပြား သ​ရွတ်​ကိုင်​ဖို့ သုံး​ကြပါတယ်။

အောက်တိုဘာ ၃၊ ၂၀၁၇—ဌာနခွဲ​လုပ်ငန်းခွင်

လူနေ​ဆောင် E အပြင်ဘက်မှာ ကန်ထရိုက်တာ​လေးဦး​က လမ်းမ​တွေ​နဲ့ ဆက်သွယ်​မယ့် လမ်းကို နိုင်လွန်​က​တ္တ​ရာ ခင်း​နေကြတယ်။

အောက်တိုဘာ ၁၀၊ ၂၀၁၇—လူနေ​ဆောင် F

အသက် ၇၁ နှစ်အရွယ် ပန်းရန်​သ​မား​က လူနေ​ဆောင် F အပြင်​နံရံ အုတ်​စီ​နေတယ်။ ဆောက်လုပ်ရေး​လုပ်ငန်း စတင်ချိန်​က​တည်း အသက် ၇၀ ကျော် ယေဟောဝါ​သက်သေ ၁၀၀ ကျော်​က မိမိတို့ရဲ့ ကျွမ်းကျင်မှု​တွေ၊ အတွေ့အကြုံ​တွေ​နဲ့ ပါဝင်​ကူညီပေး​ကြတယ်။

နိုဝင်ဘာ ၁၆၊ ၂၀၁၇—လူနေ​ဆောင်​များ

အနောက်ဘက်​မှ ဝေ​ဟ​င်​မြင်ကွင်း။ လူနေ​ဆောင်​အမိုး​တွေ​မှာ အပင်​တွေ စိုက်​ပါ​မယ်။ အမိုး​တွေကို ရေ​လုံအောင် အုပ်​ပြီးတာနဲ့ ရေနုတ်မြောင်း​လွှာ​ကို ပြင်ဆင်​ကာ ဒေသ​ရင်း​အပင်​မျိုးစေ့တွေ ကြဲ​ပါတယ်။ အပင်​တွေ စိုက်​ထားတဲ့​အမိုး​ဟာ တော​တိရစ္ဆာန်တွေကို အကျိုး​ပြုတယ်။ စွမ်းအင်​ကုန်ကျ​စရိတ် လျော့နည်းစေ​တယ်။ မိုး​ရေ စီးဆင်းမှုကို ထိန်းချုပ်​ပေးတယ်။ အရှေ့ပိုင်း​ပုံ​က လူနေ​ဆောင် A အုတ်မြစ်​ကြမ်းခင်း​နဲ့ ရုံး​အဆောက်အဦ အုတ်မြစ်​ကြမ်းခင်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၁၊ ၂၀၁၇—လူနေ​ဆောင် F

အခန်း​အဝင်ဝ​မှာ လက်သမား​တွေ​က အချော​သတ်​ပြီးသား သတ္တု​တံခါး​ဘောင်​ကို တပ်ဆင်​နေကြတယ်။ လုပ်ငန်းခွင်​ကို ယူဆောင်​လာချိန်​မှာ အချော​သတ်​ပြီးသား ဘောင်​တွေ၊ တံခါးတွေ​ဟာ ဆေးသုတ်​စ​ရာ၊ ပ​တ္တာ​တပ်​စ​ရာ မလို​တော့​လို့ တပ်ဆင်​ရ မြန်ဆန်​လွယ်ကူတယ်။

နိုဝင်ဘာ ၂၈၊ ၂၀၁၇—ရုံး​အဆောက်အဦ

နေဝင်​ဆည်း​ဆာ​မှာ ကန်ထရိုက်တာ​တွေ​က ရုံး​အဆောက်အဦ​အတွက် အုတ်မြစ်​တိုင်တွေ စိုက်​နေကြတယ်။ ပုံ​အလယ်မှာ ကန်ထရိုက်တာ​တွေ​က မီတာ ၂၀ (၆၅ ပေ) လောက် နက်​ပြီး ကွန်ကရစ်​တွေ ဖြည့်​ပြီး​စ တွင်း​တွေ​ထဲ သံမဏိ​ချောင်း​တွေ စိုက်​နေကြတယ်။ အနောက်​ဘက်မှာ လူနေ​ဆောင် B ကို မြင်ရ​ပါတယ်။

ဒီဇင်ဘာ ၅၊ ၂၀၁၇—လူနေ​ဆောင် E

လုပ်သား​တစ်ယောက် ကား​ရပ်နား​မယ့်​အထပ် မျက်နှာကြက်​မှာ အပူ​ပေး​ပိုက်​တွေ​အတွက် အုပ်​ထားတဲ့​ဒေါ​က်​တွေကို ချိတ်​နေတယ်။ မျက်နှာကြက်​ကို အောက်​ပြင်​ဘောင်​တွေ​နဲ့ အုပ်​ထားတာမို့ လူနေ​ဆောင်​ကြမ်းခင်း​တွေကို အအေးဒဏ်​ကနေ ကာကွယ်​ပေးတယ်။

ဒီဇင်ဘာ ၈၊ ၂၀၁၈—လူနေ​ဆောင် F

အချော​သတ်​အဖွဲ့ဝင်​တစ်ဦးက ဗိုင်​နယ် နံရံ​ကာ​ဖို့ အင်္ဂတေ​နံရံ​တွေကို ကော်​ဖတ်​စား​နေတယ်။ ကော်​ဖတ်​စား​ချပ်ဝိုင်း​ရှိ အပေါက်​ငယ်​လေး​တွေ ဖုန်မှုန့်​တွေကို ဖုန်​စု​ပ်​ပိုက်​လုံး​တွေ​ကနေ ထုတ်ပေး​ပါတယ်။

ဒီဇင်ဘာ ၂၁၊ ၂၀၁၇—ဌာနခွဲ​လုပ်ငန်းခွင်

လုပ်သား​နှစ်ဦး​က ဝေယျာဝစ္စ​ပစ္စည်း​ထားတဲ့​နေရာ သွားတဲ့​လမ်းကို ပြင်ဆင်​ကြတယ်။ ဂက်စ်​မီးရှူး​နဲ့ ကွန်ကရစ်​ဖတ်​တွေကို မီး​တိုက်​ကြတယ်။ အပေါက်​ငယ်​တွေ​ကြား​ကနေ မြက်​တွေ ပေါက်​လာမယ်။ အဲဒါက မိုး​ရေ စီးဆင်းမှုကို လျော့နည်းစေ​တယ်။

ဒီဇင်ဘာ ၂၆၊ ၂၀၁၇—လူနေ​ဆောင် F

ဆေးသုတ်​သ​မား​တွေ​က အခန်း​စား​ဖို​ဆောင်​မှာ အပြီးသတ်ဖို့ ဆေး​ဖျန်း​ကိရိယာ​နဲ့ ဆေး​ဖျန်း​နေကြတယ်။

ဒီဇင်ဘာ ၂၈၊ ၂၀၁၇—လူနေ​ဆောင် F

ငြ​မ်း​အဖွဲ့​တွေ ငြ​မ်း​တွေ ဖြုတ်​ပြီး လ​သာ​ဆောင်​အတွက် ပြင်ဆင်​နေကြတယ်။ ပုံ​အလယ်က အနီရောင်​ပိုက်​တွေ​က ဆောင်းတွင်း​မှာ အင်္ဂတေ​ကြမ်းခင်း​တွေ၊ နံရံ​တွေ၊ ဆေးသုတ်​ထားတဲ့​မျက်နှာပြင်​တွေ ခြောက်သွေ့​စေဖို့ လေ​ပူ​တွေ ထုတ်​ပေးတယ်။

ဇန်နဝါရီ ၁၆၊ ၂၀၁၈—လူနေ​ဆောင် F

အချော​သတ်​အဖွဲ့ဝင်​တစ်ဦး ဗိုင်​နယ်​နံရံ​အကာ​မှာ လေ​ခို​တာ​တွေ မရှိအောင် အချော​သတ်​ပေးနေ​ပါတယ်။ နံရံ​အကာ​ကို ရေ​ဆေး​လို့​ရတဲ့​အတွက် လူ​သွား​လူ​လာ​များတဲ့ နေရာတွေမှာ လက်တွေ့ကျ​သလို ကြာရှည်​လည်း ခံ​တယ်။ အနောက်​ဘက်မှာ တခြား​အဖွဲ့သား​တွေ​က နံရံ ဆေးသုတ်​ပြီး အကာ​အစွန်း​တွေကို တေ့​ဆက်​ပေးနေ​ကြတယ်။

ဇန်နဝါရီ ၂၇၊ ၂၀၁၈—လူနေ​ဆောင် E

အလုပ်​မစ​ခင် လုပ်ငန်းခွင်​အစည်းအဝေး တက်​နေကြတယ်။ အဖွဲ့​ခေါင်းဆောင်​က ဘေးကင်းရေး ပထမ​ဦးစား​ပေးဖို့၊ ဖြစ်နိုင်တဲ့ အန္တရာယ်​တွေကို ပြောပြ​နေတယ်။ ဌာန​အသီးသီး​က လုပ်သားတွေ​က လူနေ​ဆောင် F နဲ့ ပတ်ဝန်းကျင်​နေရာတွေကို လာ​နေမယ့်​သူတွေ ရောက်​မလာခင် သန့်ရှင်းရေး​လုပ်ပေးဖို့ အချိန်ပို​လုပ်ကြ​ရတယ်။

ဖေဖော်ဝါရီ ၁၊ ၂၀၁၈—လူနေ​ဆောင် F

ကန်ထရိုက်တာ​တွေ​က ဝန်ချီစက်​သုံးပြီး လူနေ​ဆောင် F မှာ လ​သာ​ဆောင်​တွေကို အပြီး​တပ်ဆင်​နေကြတယ်။ လ​သာ​ဆောင်​အရောင်​တွေ​က အဆောက်အဦ​တွေကို ခွဲခြား​သိစေတယ်။ ဆောင်းဦး​ရာသီ​အတွင်း ပတ်ဝန်းကျင်က သစ်​ရွက်​တွေ အရောင်ပြောင်း​သွားတဲ့အခါ ထင်ဟပ်​စေတယ်။ အနောက်​ဘက်မှာ ငြ​မ်း​မ​ဖြုတ်​ခင် လူနေ​ဆောင် E က ရာသီဥတုဒဏ် ကာကွယ်​ပေးတဲ့​အကာ​တွေကို ဖယ်ရှား​ရတယ်။

ဖေဖော်ဝါရီ ၃၊ ၂၀၁၈—လူနေ​ဆောင်​များ

အလုပ်ချိန်​ပြင်ပ​မှာ မောင်နှံ​တစ်စုံ​က ကိုယ်ပိုင်​ပစ္စည်းတွေကို ပြီးစီး​ခါ​စ လူနေ​ဆောင် F ဘက် ပြောင်းရွှေ့​နေကြတယ်။ ဆောက်လုပ်ရေး​လုပ်သားတွေကို လူနေ​ဆောင်​တွေ​မှာ ခေတ္တ နေထိုင်​စေခြင်း​က ငှားရမ်း​ခ၊ ခရီး​စရိတ်​တို့ သက်သာ​စေတယ်၊ လုပ်သားတွေ လုပ်ဆောင်​နိုင်စွမ်း ပို​ကောင်း​စေတယ်။

ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈—လူနေ​ဆောင် A

ညနေပိုင်း​မှာ ကန်ထရိုက်တာ​တွေ​က ကား​ရပ်​ရန်​နေရာမှာ ကွန်ကရစ် ခင်း​နေကြတယ်။ အနောက်​ဘက်မှာ လူနေ​ဆောင် B ကို မြင်ရတယ်။

ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈—လူနေ​ဆောင် E

လက်သမား​အဖွဲ့ဝင် မောင်နှံစုံ​က မီးဖို​စင်​အတွက် သ​လင်း​ကျောက်ပြား​ကို ဖုန်​စု​ပ်​စနစ်​ပါတဲ့ စက်​လွှနဲ့ ဖြတ်​နေကြတယ်။ တပ်ဆင်​မယ့်​နေရာ စား​ဖို​ဆောင်​မှာ မီးဖို​စင်​ကျောက်ပြား​ကို ဖြတ်​ခြင်းက အကူးအပြောင်း အတင်​အ​ချ လုပ်တဲ့​အခါ ထိခိုက်​ကျိုးပဲ့​မယ့်​အန္တရာယ်ကို လျော့နည်းစေ​တယ်။