ဗြိတိန် ဓာတ်ပုံပြခန်း ၂ (၂၀၁၅၊ စက်တင်ဘာမှ ၂၀၁၆၊ ဩဂုတ်အထိ)
ဗြိတိန်က ယေဟောဝါသက်သေတွေဟာ လန်ဒန်၊ မီးလ်ဟီးလ်မှာ ရှိတဲ့ ဌာနခွဲရုံးကို အရှေ့ဘက် ကီလိုမီတာ ၇၀ (၄၃ မိုင်) အကွာ အက်ဆက်ပြည်နယ်၊ ချမ်းစဖို့မြို့နားကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီဓာတ်ပုံပြခန်းက ၂၀၁၅၊ စက်တင်ဘာကနေ ၂၀၁၆ ဩဂုတ်အတွင်း ဌာနခွဲသစ် ဆောက်လုပ်ခြင်းလုပ်ငန်း တိုးတက်မှုတွေကို တွေ့မြင်ရပါမယ်။
အောက်တိုဘာ ၂၉၊ ၂၀၁၅—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
လုပ်သားတွေ ဂိုဒေါင်ရှေ့မှာ ကွန်ကရစ်လောင်းနေကြတယ်။ အဲဒီနေရာမှာ ဆောက်လုပ်ရေး စက်ယန္တရားတွေ အလုပ်လုပ်မှာ ဖြစ်တယ်။
ဒီဇင်ဘာ ၉၊ ၂၀၁၅—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
ကန်ထရိုက်တာတွေ အဆောက်အအုံကို မိုးနေကြတယ်။ ဒီအဆောက်အအုံကို ဆောက်လုပ်ရေးကာလအတွင်း ရုံးခန်းတွေနဲ့ စားသောက်ခန်းအဖြစ် အသုံးပြုပါမယ်။
ဇန်နဝါရီ ၁၈၊ ၂၀၁၆—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
ပင်မဝင်ပေါက်မှာ လုပ်သားတစ်ယောက်က သစ်ပင်တွေကို မြေတူးစက်နဲ့ ရှင်းလင်းဖယ်ရှားနေပါတယ်။ သစ်ပင်တွေကို ခုတ်ဖြတ်ပြီး မြေတူးစက်နဲ့ သယ်ထုတ်တယ်။ ခုတ်လိုက်တဲ့ သစ်ပင်တွေအစား ထောင်နဲ့ချီတဲ့ သစ်ပင်တွေကို ဥယျာဉ်ခင်းကျင်းသူတွေက စီမံကိန်း မပြီးခင် အပြီး စိုက်ပျိုးကြရပါမယ်။
မတ် ၃၁၊ ၂၀၁၆—ဌာနခွဲ လုပ်ငန်းခွင်
အရင်ပိုင်ရှင်ရဲ့ မလိုအပ်တဲ့ ပစ္စည်းတွေကို လုပ်သားတွေ ဖယ်ရှားနေတယ်။ ဒါမှ မြေကြီး သန့်စင်သွားပြီး ပြန်အသုံးပြုနိုင်မယ်။
ဧပြီ ၁၄၊ ၂၀၁၆—ဌာနခွဲ လုပ်ငန်းခွင်
လုပ်သားတွေက ယာယီအခန်းတွေကို ဝန်ချီစက်နဲ့ သယ်ပြီး နေရာချဖို့ ပြင်ဆင်နေပါတယ်။ ဆောက်လုပ်ရေး အမြဲတမ်း လုပ်သားတွေရော ကန်ထရိုက်တာတွေပါ ဒီယာယီအခန်းတွေကို ရုံးခန်းတွေ၊ အလုပ်ခန်းတွေအဖြစ် အသုံးပြုပါမယ်။
မေ ၅၊ ၂၀၁၆—ဌာနခွဲ လုပ်ငန်းခွင်
လုပ်သားတွေဟာ ပြန်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို အမျိုးအစားအလိုက် ခွဲထားကြတယ်။ ဆောက်လုပ်ရေး စီမံကိန်း ကော်မတီက အန္တရာယ် မရှိတဲ့ စွန့်ပစ်ပစ္စည်း ၉၅ ရာခိုင်နှုန်းကို တခြားနေရာတွေမှာ ပြန်အသုံးပြုဖို့ ပန်းတိုင်ထားကြတယ်။ အခုလောလောဆယ် ပန်းတိုင် ပြည့်မီ ကျော်လွန်နေပါတယ်။ ဒါ့အပြင် အဆောက်အအုံဟောင်းတွေကို ဖြိုဖျက်လို့ ရထားတဲ့ အုတ်၊ ကွန်ကရစ်၊ သစ်သား ၈၉ ရာခိုင်နှုန်းကို လုပ်ငန်းခွင် တခြားနေရာတွေမှာ ပြန်အသုံးပြုပါတယ်။
မေ ၂၃၊ ၂၀၁၆—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
လုပ်သားတစ်ယောက် ပိုက်လိုင်းတစ်ခုကို မြေပြန်ဖို့နေတယ်။ ဆောက်လုပ်ရေးလုပ်သားတွေ ယာယီနေထိုင်ချိန်အတွင်း ဒီပိုက်လိုင်းတွေကို အသုံးပြုပါမယ်။
မေ ၂၆၊ ၂၀၁၆—ဌာနခွဲ လုပ်ငန်းခွင်
မြေကွက်အတွင်း အဆောက်အအုံတွေကြား လမ်းဖောက်တဲ့အခါ သုံးသင့်တဲ့မြေ ဟုတ်မဟုတ် သိနိုင်ဖို့ ကန်ထရိုက်တာတစ်ဦး မြေနမူနာ ယူနေပါတယ်။
မေ ၃၁၊ ၂၀၁၆—ဌာနခွဲ လုပ်ငန်းခွင် ပြောင်းလဲလာမယ့်ပုံ
၂၀၁၆၊ မေ ၃၁ ရက်နေ့မှာ ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့က ဒီဇိုင်းကို ခွင့်ပြုခဲ့တယ်။ ဒီခွင့်ပြုချက်အပြင် ဒေသခံအာဏာပိုင်တွေဆီကလည်း ခွင့်ပြုချက် ရထားပြီ ဖြစ်လို့ ဆောက်လုပ်ရေး စီမံကိန်းကို အကောင်အထည် ဖော်နိုင်ပြီ။
ဇွန် ၁၆၊ ၂၀၁၆—ဌာနခွဲ လုပ်ငန်းခွင်
လုပ်သားတွေက မြေကြီးထဲက မလိုလားအပ်တဲ့ ပစ္စည်းတွေကို ဖယ်ထုတ်ပြီး မြေသန့်အောင် လုပ်ကြတယ်။ အဲဒီမြေသန့်ကို ဘယ်နေရာမှာမဆို အသုံးပြုနိုင်ပြီ။ အဲဒီလိုလုပ်ကြတဲ့အတွက် မြေကြီးကို တူးထုတ်ဖယ်ရှားတဲ့ ကုန်ကျစရိတ်၊ မြေကြီးအသန့် ဝယ်ယူ၊ မြေဖို့တဲ့ ကုန်ကျစရိတ်ကို သက်သာစေတယ်။
ဇွန် ၂၀၊ ၂၀၁၆—ဌာနခွဲ လုပ်ငန်းခွင်
ပင်မဝင်ပေါက် တည်ဆောက်ဖို့ လုပ်သားတွေ နေရာ ရှင်းလင်းနေကြတယ်။ မိုးကြီးတဲ့လ ဖြစ်လို့ မြေပျော့ပြီး ဗွက်ထနေပေမဲ့ အလုပ်ဆက်လုပ်ခဲ့ကြတယ်။
ဇူလိုင် ၁၈၊ ၂၀၁၆—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
ဖုန်သိပ်စေဖို့ လမ်းတွေကို ရေဖျန်းပေးပါတယ်။ လုပ်ငန်းခွင်ကို သန့်ရှင်းသပ်ရပ်စွာ ထားခြင်းက the Considerate Constructors Scheme အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေထဲမှာ ပါတယ်။ အဲဒီအဖွဲ့အစည်းရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ဆောက်လုပ်ရေး စီမံကိန်း ကော်မတီက မှတ်ပုံတင်ထားထားတယ်။ အများပြည်သူကို လေးစားခြင်း၊ အိမ်နီးချင်းတွေကို ထောက်ထားခြင်းအားဖြင့် ကျမ်းစာအခြေခံမူနဲ့အညီ လုပ်ဆောင်ဖို့ အဖွဲ့အစည်းက အားပေးထားပါတယ်။
ဇူလိုင် ၁၈၊ ၂၀၁၆—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
သတ္တုလုပ်သားတစ်ဦး လေအေးပေး ပိုက်တွေ ထည့်မယ့် သံဇကာ မြောင်းကို ချိတ်ဆွဲဖို့ အရစ်ဖော်ထားတဲ့ သံချောင်းတွေကို ဖြတ်နေပါတယ်။
ဇူလိုင် ၂၂၊ ၂၀၁၆—ဌာနခွဲ လုပ်ငန်းခွင်
မြေကြီးနဲ့ ကျောက် ရောနေတဲ့မြေ ၂၀,၀၀၀ ကုဗမီတာ (၂၆,၀၀၀ ကုဗကိုက်) ကို လုပ်သားတွေက ခွဲထုတ်နေကြတယ်။ ဓာတ်ပုံအလယ်မှာ တွေ့ရတဲ့အတိုင်း မြေကြီးတွေကို မြေသယ်ယာဉ် အငယ်စားပေါ် တင်ပါတယ်။ အရွယ်အစားအစုံ ဇကာကွက်တွေ သုံးပြီး ကျောက်တွေ စစ်ထုတ်ပြီး အောက်ဆုံးမှာ မြေမှုန့်တွေပဲ ကျလာတယ်။ ကျောက်စတွေကို သုံးဖက်သုံးတန်မှာ ရှိတဲ့ မြေသယ်ယာဉ်တွေဆီ ပို့ပေးတယ်။
ဇူလိုင် ၂၂၊ ၂၀၁၆—ဌာနခွဲ လုပ်ငန်းခွင်
အဆောက်အအုံဒီဇိုင်းနဲ့ ကိုက်ညီတဲ့ မြေပြင် ဖြစ်စေဖို့ မြေအတော်များများကို ကန်ထရိုက်တာတွေ ရွှေ့ပြောင်းပေးရတယ်။
ဩဂုတ် ၁၈၊ ၂၀၁၆—ဌာနခွဲ လုပ်ငန်းခွင်
ဓာတ်ပုံ ဝဲဘက်အလယ်မှာ တွေ့ရတဲ့အတိုင်း ကန်ထရိုက်တာတွေ မြေကြီးကို ညှိပေးပြီးပြီ ဖြစ်လို့ လူနေဆောင် အုတ်မြစ်ကို စချနိုင်ပြီ။ ဓာတ်ပုံဝဲဘက် အနောက်ဘက်ကျကျမှာ ဆောက်လုပ်ရေးလုပ်သား ၁၁၈ ယောက် နေထိုင်နိုင်တဲ့ တည်ဆောက်ပြီးသား ပံ့ပိုးရေးလုပ်ငန်းခွင် လူနေဆောင်တွေကို တွေ့ရပါတယ်။