ဗြိတိန် ဓာတ်ပုံပြခန်း ၄ (၂၀၁၇ မတ်မှ ဩဂုတ်အထိ)
၂၀၁၇၊ မတ်လကနေ ဩဂုတ်လအတွင်း ယေဟောဝါသက်သေများရဲ့ ဗြိတိန်ဌာနခွဲရုံးသစ် ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်မှုကို ဒီဓာတ်ပုံပြခန်းမှာ ကြည့်ပါ။
မတ် ၂၈၊ ၂၀၁၇—ဌာနခွဲ လုပ်ငန်းခွင်
မှန်ကာပါတဲ့ အခန်းငယ်ကို လုပ်သားတွေ ကရိန်းကားနဲ့ ချနေကြပါတယ်။ ဒီရှုခင်းကြည့်မျှော်စင် အခန်းငယ်ကို လုပ်ငန်းခွင်ရဲ့ ဘေးကင်းတဲ့နေရာမှာ ထားရှိပါတယ်။ ဧည့်သည်တွေ လည်ပတ်ကြည့်ရှုဖို့ ၂၀၁၇၊ မေလမှာ ဖွင့်လှစ်ပေးခဲ့တယ်။ ဆောက်လုပ်ရေး စီမံကိန်းကို ကြည့်ရှုဖို့ ဩဂုတ်လအထိ ဧည့်သည် ၁၇,၀၀၀ ကျော် ကြိုတင်စာရင်းပေးခဲ့ကြတယ်။
မတ် ၂၉၊ ၂၀၁၇—လူနေဆောင် F
ကွန်ကရစ်အောက်ခံပြားကို ဝန်ချီစက် သုံးပြီး ပထမဆုံး ဆောက်မယ့် လူနေဆောင် F ဘက် ပြောင်းရွှေ့ကြတယ်။ အဆောက်အအုံပတ်လည်မှာ နေရာလွတ် ရှိတဲ့အတွက် အောက်ခံပြားကို ဖြုတ်စရာ မလိုဘဲ အလျင်အမြန် ရွှေ့လို့ရတယ်။
ဧပြီ ၇၊ ၂၀၁၇—လူနေဆောင်များ
လူနေဆောင် ငါးခုကို တစ်ပြိုင်နက် ဆောက်လုပ်နေကြပါတယ်။ အရှေ့ဆုံးမှာ လူနေဆောင် B အုတ်မြစ် ကွန်ကရစ်လောင်းဖို့ လုပ်သားတွေ သံချည်သံကွေး လုပ်နေကြတယ်။ အနောက်တောင်ဘက်မှာ လူနေဆောင် D မြေညီထပ်ကို လုပ်သားတွေ ကွန်ကရစ်လောင်းနေကြတယ်။ အနောက်မြောက်ဘက်မှာ လူနေဆောင် E ဓာတ်လှေကားနဲ့ လှေကား ကွန်ကရစ်နံရံကို ဝန်ချီစက်နဲ့ နေရာချနေကြတယ်။
ဧပြီ ၁၉၊ ၂၀၁၇—ဌာနခွဲ လုပ်ငန်းခွင်
မီးသတ် ပလတ်စတစ်ပိုက်ဆက်ရာ ချောအောင် လုပ်သားတစ်ဦး အချောကိုင်နေတယ်။ အပူပေးစနစ်နဲ့ ဆက်တဲ့အတွက် ပလတ်စတစ် အရည်ပျော်ပြီး ဆက်သွားတယ်။ ဘုထနေတဲ့ နေရာလေးတွေကို အချောကိုင်ပေးပြီးနောက် ပိုက်ဆက် ခိုင်မခိုင်၊ အရည်အသွေး ကောင်းမကောင်း စစ်ဆေးရတယ်။ စုစုပေါင်း မီးသတ်ပိုက်အရှည် ၄ ကီလိုမီတာ (၂ မိုင်) နီးပါး ရှိတယ်။
ဧပြီ ၂၅၊ ၂၀၁၇—လူနေဆောင်များ
မြောက်အောက်မြောင်းသစ်ကို လုပ်သားတစ်ဦး သန့်ရှင်းရေး လုပ်နေပါတယ်။ မြေအောက်မြောင်း ဖောက်ထားလို့ လမ်းပေါ်မှာ ရေမဝပ်ဘဲ မိုးရေတွေ ရေလွှဲကန်ထဲ စီးဝင်သွားစေတယ်။
ဧပြီ ၂၈၊ ၂၀၁၇—လူနေဆောင် F
ဗိသုကာအဖွဲ့မှ ဇနီးမောင်နှံ မြေညီထပ် လူသွားစင်္ကြံ နံရံနေရာကို မှတ်သားနေကြတယ်။
မေ ၅၊ ၂၀၁၇—လူနေဆောင်များ
ဆောက်လုပ်ဆဲ လူနေဆောင်ငါးခု အပေါ်စီးမြင်ကွင်း ဖြစ်တယ်။ စက်တင်ဘာလမှာ ကွန်ကရစ်ဘောင်တွေ ပြီးစီးသွားတယ်။ လူနေဆောင် F (အနောက်တောင်ဘက်) အတွင်းနံရံတွေကို ဆောက်လုပ်ပြီး ပလာစတာ ကိုင်၊ ဆေးစသုတ်နေပါပြီ။ ဒီအတောအတွင်း လုပ်သားတွေက လူနေဆောင် E (အနောက်မြောက်ဘက်) အတွင်းနံရံတွေ၊ ပြတင်းပေါက်တွေကို စတပ်ဆင်နေကြပါတယ်။ အရှေ့ပိုင်းက လူနေဆောင် B, C, D တို့ကို ဗိသုကာပိုင်း၊ လျှပ်စစ်ပိုင်း၊ စက်ပိုင်းဆိုင်ရာအဖွဲ့၊ ငြမ်းဆင်တဲ့အဖွဲ့တွေ အလုပ်စလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။
မေ ၁၈၊ ၂၀၁၇—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပုံနှိပ်ထုတ်ဝေရေး ကော်မတီအကူ၊ ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန (WDC) ကြီးကြပ်ရေးမှူး ရောဘတ် လူစယိုနီက ဆောက်လုပ်ရေး အဖွဲ့သားတွေကို ကျမ်းစာအခြေပြု ဟောပြောချက်ပေးပြီး အားပေးနေပါတယ်။ WDC က ဌာနခွဲအဆောက်အအုံသစ် ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်းကို ကြီးကြပ်ပေးတယ်။ အရည်အသွေး ပြည့်မီပြီး အကုန်အကျ နည်းဖို့ စီမံပေးပါတယ်။
မေ ၂၅၊ ၂၀၁၇—ဌာနခွဲ လုပ်ငန်းခွင်
ဓာတ်ငွေ့၊ ဒေတာ၊ လျှပ်စစ်ပစ္စည်းတွေ ထားမယ့်နေရာအတွက် လုပ်သားတွေ ကွန်ကရစ် လောင်းနေကြပါတယ်။ ညာဘက်မှာ ဆူညံသံ လျှော့ချပေးတဲ့ ခြံစည်းရိုး အုတ်မြစ်အတွက် ကွန်ကရစ်ကားနဲ့ ကွန်ကရစ် လောင်းနေပါတယ်။
ဇွန် ၇၊ ၂၀၁၇—လူနေဆောင် E
စတီးဘောင် တပ်ဖို့ ကြမ်းပြင်မှာ အမှတ်အသား မလုပ်ခင် ပုံကြမ်းကို ဗိသုကာအဖွဲ့က ပြန်စစ်ဆေးနေတယ်။
ဇွန် ၁၃၊ ၂၀၁၇—လူနေဆောင် F
အပြင်နံရံ စတီးဘောင်တွေကို လုပ်သားတစ်ဦး တပ်ဆင်နေပါတယ်။
ဇွန် ၂၂၊ ၂၀၁၇—လူနေဆောင် E
အပြင်နံရံတွေကို တည်ဆောက်တဲ့အခါ လွယ်ကူစေဖို့ လူနေဆောင် E ပတ်လည်ကို လုပ်သားတွေ ငြမ်းဆင်နေကြတယ်။
ဇူလိုင် ၁၁၊ ၂၀၁၇—လူနေဆောင် F
တပ်ဆင်ခါစ ပြတင်းပေါက်တွေကို မှန်မကွဲဆေး သုတ်နေပါတယ်။ ဆေးခြောက်သွားတဲ့အခါ ပလတ်စတစ် ဖလင်ပြားလို ဖြစ်သွားပြီး ဆောက်လုပ်ရေး ကာလအတွင်း မတော်တဆ ထိခိုက်ကွဲအက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပြီးသွားတဲ့အခါ ခွာထုတ်လိုက်လို့ ရတယ်။
ဇူလိုင် ၁၃၊ ၂၀၁၇—လူနေဆောင် F
စက်ပိုင်းဆိုင်ရာအဖွဲ့က လူနေခန်း ကြမ်းခင်းအောက်မှာ ထားမယ့် အပူပေးစနစ်ကို စစ်ဆေးနေကြပါတယ်။ လိုအပ်သလို ချိန်ညှိပြီးသွားရင် အပူပေးပိုက်တွေကို ဖုံးအုပ်ဖို့ အပြီးသတ် ကွန်ကရစ် လောင်းနိုင်ပါပြီ။
ဇူလိုင် ၁၉၊ ၂၀၁၇—ဌာနခွဲ လုပ်ငန်းခွင်
ဥယျာဉ်ခင်းကျင်းသူက ဌာနခွဲအဆောက်အအုံ ပင်မဝင်ပေါက် အဝိုင်း မြက်ခင်းပေါ်က တောပန်းတွေကို ရှင်းထုတ်နေပါတယ်။ အဲဒါက လမ်းမဘေး စိမ်းစိုနေအောင် ပြုစုစောင့်ရှောက်ချိန်နဲ့ လုပ်အားကို သက်သာစေပါတယ်။
ဩဂုတ် ၁၊ ၂၀၁၇—ရုံးခန်း အဆောက်အအုံ
မြေတိုင်းသူက GPS မြေတိုင်းကိရိယာကို သုံးပြီး ရုံးခန်းမြေကွက် ဝင်ပေါက်နေရာကို အမှတ်အသား လုပ်၊ တိုင်စိုက်ပြီး တိုင်ကို မြင်သာအောင် ဆေးမှုတ်နေပါတယ်။ ဒီမြေကွက်မှာ မီးဖိုဆောင်၊ ထမင်းစားခန်း၊ ခန်းမ ပါတဲ့ အဆောက်အအုံ တည်ဆောက်ပါမယ်။ နောက်ဘက်မှာ လူနေဆောင်တွေကို တွေ့နေရပါတယ်။
ဩဂုတ် ၈၊ ၂၀၁၇—လူနေဆောင်များ
ရေနုတ်မြောင်းစနစ် ရေထိန်းကန် ကွန်ကရစ်လောင်းဖို့ ဇနီးမောင်နှံနှစ်ယောက် ပုံစံချ ပြင်ဆင်နေပါတယ်။ နောက်ဘက်မှာ ရာသီဥတုဒဏ်ကို အကာအကွယ်ပေးဖို့ ပလတ်စတစ်တွေ ကာထားတဲ့ လူနေဆောင် E နဲ့ F ကို တွေ့ရပါတယ်။ ဆောင်းတွင်းအတွက် သင့်တော်ပါတယ်။
ဩဂုတ် ၉၊ ၂၀၁၇—ဌာနခွဲ လုပ်ငန်းခွင်
လေအားသုံး ဝန်ချီစက် ကိုင်တွယ်ပုံကို လုပ်သားတစ်ဦး သင်ယူနေပါတယ်။ ဒီစက်နဲ့ ၇၀ ကီလိုဂရမ် (၁၅၄ ပေါင်) လေးတဲ့ ကွန်ကရစ်တုံးတွေကို မပြီး နေရာချပါတယ်။ ကွန်ကရစ်တုံးတွေ နေရာမှန် ရောက်သွားပြီဆိုရင် တစ်ခုနဲ့ တစ်ခုကြား ကွန်ကရစ်နဲ့ ဆက်လိုက်ပါတယ်။
ဩဂုတ် ၁၆၊ ၂၀၁၇—ဌာနခွဲ လုပ်ငန်းခွင်
ရေပိုက်လိုင်းကို ဆွဲယူပြီး စက်ကိုင်အဖွဲ့သားတစ်ဦးက နေရာချပေးနေတယ်။ ဌာနခွဲရုံးသစ်အတွက် ငါးကီလိုမီတာ (၃ မိုင်) ခန့်ရှည်တဲ့ ရေပိုက် လိုအပ်တယ်။
ဩဂုတ် ၂၂၊ ၂၀၁၇—လူနေဆောင် E
လုပ်သားတစ်ဦး လျှပ်စစ်ဖြတ်စက်နဲ့ အုတ်ခဲတွေကို ဖြတ်နေပါတယ်။ လူနေဆောင် အဆောက်အအုံ အစွန်းဘက်မှာ အုတ်စီပြီး အကွက်ဖော်မှာဖြစ်လို့ အုတ်ခဲတွေကို နှစ်ပိုင်း ပိုင်းဖို့ လိုတယ်။ လူနေဆောင်တွေအတွက် အုတ်ခဲပေါင်း ၃၀၀,၀၀၀ စီဖို့ လိုတယ်။