မာတိကာဆီ ကျော်သွား

ဗြိတိန် ဓာတ်ပုံ​ပြခန်း ၆ (၂၀၁၈ မတ်-ဩဂုတ်)

ဗြိတိန် ဓာတ်ပုံ​ပြခန်း ၆ (၂၀၁၈ မတ်-ဩဂုတ်)

ဒီ​ဓာတ်ပုံ​ပြခန်း​မှာ ၂၀၁၈ မတ်လ​ကနေ ဩဂုတ်​လ​အတွင်း ယေဟောဝါသက်သေများရဲ့ ဗြိတိန် ဌာနခွဲရုံး​သစ် ဆောက်လုပ်ရေး​လုပ်ငန်း တိုးတက်မှု​ကို ကြည့်ပါ။

  1. ၁။ မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

  2. ၂။ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

  3. ၃။ ရုံးခန်း အဆောက်အအုံ

  4. ၄။ လူနေ​ဆောင် A

  5. ၅။ လူနေ​ဆောင် B

  6. ၆။ လူနေ​ဆောင် C

  7. ၇။ လူနေ​ဆောင် D

  8. ၈။ လူနေ​ဆောင် E

  9. ၉။ လူနေ​ဆောင် F

မတ် ၈၊ ၂၀၁၈—ဌာနခွဲ​လုပ်ငန်းခွင်

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့သား​တစ်ယောက်က ပင်မ ဝင်ပေါက်​ဘေး ရေ​လွှဲ​ကန်​ထဲ​က ရေရဲ့ pH အမှတ်​ကို စစ်ဆေး​နေပါတယ်။ ညစ်ညမ်းမှု မဖြစ်အောင် ထိန်းသိမ်းဖို့ ဖြစ်တယ်။

မတ် ၁၃၊ ၂၀၁၈—လူနေ​ဆောင် B

ရာသီဥတု​ကို အကာအကွယ် ဖြစ်စေ​မယ့် ဘုတ်​ပြား​တွေ တပ်ဆင်​ပုံကို ညီအစ်မ​တစ်ဦး သင်ယူ​နေပါတယ်။ ကြားခံ အင်​ဆူ​လေး​ရှင်း​နဲ့ အုတ်​နံရံ အပြင် လူနေ​ဆောင် နံရံ​အပြင်ဘက်မှာ ဘုတ်​ပြား​တွေကို တပ်ဆင်​ပါတယ်။

ဧပြီ ၅၊ ၂၀၁၈—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

က​တ္တ​ရာ​လမ်းခင်း​ဖို့ လမ်း​ကြိတ်စက်​နဲ့ အောက်ခံ​မြေသား​ကို သိပ်​အောင် ပြင်ဆင်​နေပါတယ်။ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ​ဘေး​က ဒီ​လမ်း​ပိုင်း ပြီးသွား​ရင် လုပ်ငန်းခွင်​တစ်ခုလုံးကို ချိတ်ဆက်​မိ​ပါပြီ။

မေ ၁၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

အနောက်မြောက်​ဘက်က​နေ မြင်ရတဲ့ မြင်ကွင်း ဖြစ်တယ်။ အရှေ့ဘက် က​ရိန်း တည်ရှိတဲ့​နေရာဟာ ရုံးခန်း အဆောက်အအုံ ဧည့်ကြို​ဌာန​နေရာ ဖြစ်တယ်။ ညာဘက်​က ရုံးခန်း အဆောက်အအုံ မြေညီထပ် ဖြစ်ပြီး ဘယ်​ဘက်က မီးဖိုချောင်၊ ထမင်းစားခန်း၊ အစည်းအဝေး​ခန်းမ​အတွက် အုတ်မြစ်ချ​ထားတာ ဖြစ်တယ်။ ပုံ​အပေါ်​ညာဘက်​က ရှုခင်း​ကြည့်မျှော်​စင် ဖြစ်ပါတယ်။ ဧည့်သည်တွေ ဆောက်လုပ်ရေး​လုပ်ငန်းခွင် တစ်ခုလုံးကို ကြည့်ရှု​နိုင်အောင် အဲဒီမှာ ပြန်လည်​နေရာချ​ထားတာ ဖြစ်တယ်။

မေ ၉၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

စ​တီး​ဒိုင်း​ခွေ​တွေကို နေရာချ​နေကြပါတယ်။ မီးဖိုချောင်၊ ထမင်းစားခန်း၊ အစည်းအဝေး​ခန်းမ ရှိ​မယ့် ရုံးခန်း အဆောက်အအုံ​အပိုင်းမှာ အခန်း စ​ဖွဲ့​နေကြပါ​ပြီ။

မေ ၁၄၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့သား​တစ်ယောက်က ထိန်းသိမ်း​ကာကွယ်​ထားတဲ့ သစ်ပင်​တစ်ပင်​အနား မြေ​တူး​နေတာကို စောင့်ကြည့်​ပေးနေ​ပါတယ်။ ဥယျာဉ်​ခင်းကျင်း​သူတွေဟာ သစ်ပင်​အမြစ် ပတ်လည်မှာ အရံ​အတား​တွေ ထားပြီး မပျက်စီး​အောင် ကာကွယ်​ကြတယ်။ တခြား​သစ်ပင်တွေကို​တော့ သစ်​မြစ် မထိခိုက်အောင် ခြံစည်းရိုး​ခတ်​ထားတဲ့​အတွက် အနီးအနားမှာ ဆောက်လုပ်​ခွင့် မရှိပါ။

မေ ၂၄၊ ၂၀၁၈—လူနေ​ဆောင် E

ဥယျာဉ်​ခင်းကျင်း​သူ​တစ်ယောက် လူ​သွား​လမ်းဘေး​တစ်လျှောက် မြက်​လွှာ​တွေ ခင်း​နေပါတယ်။ မြက်​ပင်​တွေ အမြစ်​ထွက်လာ​ချိန်မှာ ပုံစံ​အနေအထား မ​ပြောင်း​သွား​စေဖို့ ငုတ်တိုင်​တွေ​နဲ့ ထိန်းပေး​ထားပါ​တယ်။

ဇွန် ၁၉၊ ၂၀၁၈—လူနေ​ဆောင် D

တတိယ​အထပ် သစ်သား​မြောင်း​တွေ​နဲ့ အလှဆင်​ထားတဲ့ နံရံ​မှာ အလွှာ​နံပါတ်​ကို ညီအစ်မ​တစ်ဦး ဆေး​ခြယ်​နေပါတယ်။ နောက်​လမှာ ဆောက်လုပ်ရေး လုပ်သားတွေ​ဟာ လူနေ​ဆောင် D ကို စတင်​ပြောင်းရွှေ့​ကြပါမယ်။

ဇွန် ၂၀၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

အသင့်​ပုံလောင်း​ပြီးသား လှေကား​ထွက်ပေါက် နံရံ​ကို လုပ်သားတွေ နေရာချ​နေပါတယ်။

ဇွန် ၂၆၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

အတွင်း​နံရံ တပ်ဆင်​သူတွေက လူ​သွား​လမ်း​နံရံ​တွေ တပ်​ဖို့ နှိမ့်​နိုင်​မြှင့်​နိုင်တဲ့ ဆစ်​ဆာ​လ​စ်​စက် သုံးပြီး မျက်နှာ​ကျက်​မှာ တပ်ဆင်​နေကြပါတယ်။ ညာဘက်​က ပစ္စည်း မတဲ့​စက်​ကို လေ​ပူ၊ လေ​အေး၊ လေ​သန့်​စနစ် တပ်ဆင်​တဲ့ လုပ်သားတွေ​က အသုံးပြု​ကြပါတယ်။

ဇူလိုင် ၁၀၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

ရုံးခန်း​အဆောက်အအုံ၊ ဧည့်ကြို​ခန်း​နေရာ အောက်မှာ ထားရှိ​မယ့် ပိုက်လိုင်း​တွေ​အတွက် ပိုက်လိုင်း​ခလုတ်​တွေကို လုပ်သား​နှစ်ဦး တပ်ဆင်​နေပါတယ်။

ဇူလိုင် ၁၀၊ ၂၀၁၈—ထုတ်လုပ်ရေး အဆောက်အအုံ​များ

မြောက်ဘက်​နဲ့ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ​ကြား ရေ​ဆိုး​စွန့် လမ်းကြောင်းကို လုပ်သားတွေ တပ်ဆင်​နေကြပါတယ်။

ဇူလိုင် ၁၇၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

ထမင်းစားခန်း အပြင်ဘက် အမိုး​အစွန်း ရင်​တား တပ်ဆင်​နေတဲ့ လုပ်သားတွေ နောက်ဆုံး​တစ်ခုကို နေရာချ​နေကြပါတယ်။ အောက်ဘက် စင်္ကြံ​ကနေ သွား​ရင် လူနေ​ဆောင် A အထိ ရောက်​ပါတယ်။

ဇူလိုင် ၁၉၊ ၂၀၁၈—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

သံမဏိ​ဒိုင်း​တွေကို နေရာတကျ တပ်ဆင်​နေကြပါတယ်။ ဒီ​အဆောက်အအုံ​ကို စက်​ပြင်​ရုံ​တွေ၊ ရုံးခန်း​တွေ​အတွက် အသုံးပြုပါမယ်။

ဩဂုတ် ၂၊ ၂၀၁၈—ဌာနခွဲ လုပ်ငန်းခွင်

အနောက်မြောက်​ဘက်က​နေ မြင်တွေ့ရ​တဲ့ မြင်ကွင်း ဖြစ်ပါတယ်။ အလယ်​ညာဘက်​က သံမဏိ​အကြမ်း​ထည် တပ်ဆင်​ပြီး​ဖြစ်တဲ့ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ ဖြစ်ပါတယ်။ အဆောက်အအုံ မျက်နှာစာ နံရံ​တွေ စ​တပ်ဆင်​နေပါ​ပြီ။ အရှေ့ဘက်မှာ တွေ့ရတာ​က ဆောက်​လက်​စ မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ ဖြစ်ပြီး အရှေ့ဘက်​လမ်းကို က​တ္တ​ရာ ခင်း​ပြီး​ပါပြီ။ အလယ် ဘယ်​ဘက်က ရုံးခန်း အဆောက်အအုံ ဖြစ်ပြီး အနောက်ဘက်​က လူနေ​ဆောင်​တွေ ဖြစ်တယ်။

ဩဂုတ် ၃၊ ၂၀၁၈—လူနေ​ဆောင်​များ

အရှေ့ဘက်ကနေ အနောက်ဘက်​ကို မြင်ရတဲ့ မြင်ကွင်း ဖြစ်ပါတယ်။ အရှေ့ဘက်​က လူနေ​ဆောင် D, E, F က ပြီးစီး​သွားပါပြီ။ လူနေ​ဆောင် C က အောက်တိုဘာ​လမှာ ပြီးစီး​ပါ​မယ်။

ဩဂုတ် ၇၊ ၂၀၁၈— ရုံးခန်း အဆောက်အအုံ

လုပ်သားတွေ​က ထုံး​ကျောက်တုံး​ကြီး​တွေ သုံးပြီး ရေကန် တည်ဆောက်​နေကြပါတယ်။ ဒီ​နေရာ​က ရှုပျော်ဖွယ်​ကောင်းတဲ့ ရုံးခန်း​အဆောက်အအုံ မျက်နှာစာ ဖြစ်လာ​ပါလိမ့်မယ်။ ရုံးခန်း​အဆောက်အအုံ​ကို သစ်ပင်​တွေ​နောက်ဘက်​မှာ တွေ့ရတယ်။

ဩဂုတ် ၇၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

လေ​ပူ၊ လေ​အေး၊ လေ​သန့်​စနစ်​နဲ့ လျှပ်စစ်​ပိုက်လိုင်း​တွေကို လုပ်သားတွေ ရုံးခန်း​မျက်နှာ​ကျက်​မှာ တပ်ဆင်​နေကြပါတယ်။ ညီအစ်ကိုတွေရဲ့ အလုပ်ကို ဒီ​ရုံးခန်း​ကနေ စီစဉ်​ညွှန်ကြား​ပါတယ်။

ဩဂုတ် ၂၁၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

ကွန်ကရစ် ဘောင်​တွေကို ရုံးခန်း အဆောက်အအုံ​မှာ တပ်ဆင်​နေကြပါတယ်။ အသင့် ပုံလောင်း​ပြီးသား​တွေကို ဆောက်လုပ်ရေး​မှာ အသုံးပြုတဲ့​အတွက် ဩဂုတ်​လ​ကုန်ပိုင်း​မှာ ရုံးခန်း​အဆောက်အအုံ​ကို အပြီးသတ်​နိုင်ကြ​မယ်။ ပြတင်းပေါက်​ကြီး​တွေ​ကြောင့် ရုံးခန်း​တွေ​မှာ သဘာဝ​အလင်းရောင် ပို​ရ​ပါတယ်။ ပြတင်းပေါက်​တွေဟာ အတွင်းဘက်​ကျ​ကျ​မှာ ရှိတဲ့​အတွက် စူးရှ​တဲ့ ဆောင်း​ရာသီ​အလင်းတန်း​ကို​ရော နွေရာသီ​အပူဒဏ်​ကို​ပါ ကာကွယ်​ပေး​နိုင်တယ်။

ဩဂုတ် ၂၄၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

ထမင်းစားခန်း​နဲ့ အစည်းအဝေး​ခန်းမ အပေါ်ထပ်​ကို အသံလုံ​အောင် လုပ်သားတွေ အလုံပိတ်​နေကြပါတယ်။ ထမင်းစားခန်း​နဲ့ အစည်းအဝေး​ခန်းမ​ကို တစ်ပြိုင်နက် အသုံးပြုတဲ့​အခါ ဆူညံသံ လျှော့​နည်းစေ​ဖို့ ဖြစ်တယ်။