ဗြိတိန် ဓာတ်ပုံပြခန်း ၃ (၂၀၁၆ စက်တင်ဘာမှ ၂၀၁၇ ဖေဖော်ဝါရီအထိ)
၂၀၁၆၊ စက်တင်ဘာကနေ ၂၀၁၇၊ ဖေဖော်ဝါရီအတွင်း ဗြိတိန်က ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးသစ် လုပ်ငန်းခွင် တိုးတက်မှုကို ကြည့်ပါ။
၂၀၁၆၊ စက်တင်ဘာ ၁၃—ဌာနခွဲ လုပ်ငန်းခွင်
မြေတူးစက်နဲ့ မြေတွေ တူးပြီး ကုန်တင်ကားပေါ် တင်တယ်။ ဆောက်လုပ်ရေးအတွက် ပြင်ဆင်ဖို့ မြေတွေ တူးထုတ်ပြီး တခြားကို သယ်ထုတ်ကြတယ်။
၂၀၁၆၊ စက်တင်ဘာ ၁၅—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
လျှပ်စစ်ဌာန အဖွဲ့သားတွေက ကြိုးတွေ စိတ်ချရအောင် လုပ်ဆောင်ကြတယ်။ ဒီအဆောက်အဦကို ဌာနခွဲအဆောက်အဦ ဆောက်လုပ်စဉ်အတွင်း ယာယီရုံးခန်းနဲ့ ထမင်းစားခန်းအဖြစ် အသုံးပြုသွားပါမယ်။
၂၀၁၆ စက်တင်ဘာ ၁၉—ဌာနခွဲ လုပ်ငန်းခွင်
ဝေဟင်မြင်ကွင်းက အဝိုင်းသစ်ပုံကြမ်းနဲ့ ဌာနခွဲအဆောက်အဦဆီ အဝင်လမ်းပုံကို ဖော်ပြတယ်။ အဝိုင်းဝဲဘက်မှာ နေထိုင်သူတွေ၊ ဧည့်သည်တွေအတွက် ရှုခင်းပါတဲ့ ဥယျာဉ်၊ ရေကန်တို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ပါတယ်။
၂၀၁၆၊ နိုဝင်ဘာ ၃—ဌာနခွဲ လုပ်ငန်းခွင်
လုပ်ငန်းခွင်ကနေ ထုတ်ထားတဲ့ ကွန်ကရစ်တွေကို ချေပြီး အဆောက်အဦလမ်းအတွက် ပြန်သုံးတယ်။
၂၀၁၆၊ နိုဝင်ဘာ ၄—ဌာနခွဲ လုပ်ငန်းခွင်
လုပ်သားတွေက ယာယီလမ်းတွေ၊ အမြဲတမ်းလမ်းတွေ ဖောက်လုပ်ကြတယ်။ လမ်းအောက်ခံကို တည်ငြိမ်စေတဲ့ Geotextile ကင်းဘတ်စအဖြူတွေ သုံးပါတယ်။ ဓာတ်ပုံယာဘက် နောက်ခံမှာ ကင်းဘတ်စတွေ မခင်းခင် အောက်ခံကို လမ်းကြိတ်စက်နဲ့ ညှိတယ်။
၂၀၁၆၊ နိုဝင်ဘာ ၅—ဌာနခွဲ နေရာပြောင်းရွှေ့ရေး အစည်းအဝေး
ဆောက်လုပ်ရေး စီမံကိန်း ကော်မတီက ဗြိတိန်နဲ့ အိုင်ယာလန်တစ်လျှောက် အစည်းအဝေး ၁၈ ခုထဲက တစ်ခုမှာ စေတနာ့ဝန်ထမ်းတွေက အချက်အလက်တွေ ရယူကြတယ်။ အစည်းအဝေးကို သက်သေခံ ၁၅,၀၀၀ ကျော် တက်ရောက်ပြီး စီမံချက်မှာ ပါဝင်ဖို့ လူများစွာ စာရင်းပေးကြတယ်။
၂၀၁၆၊ နိုဝင်ဘာ ၂၈—ဌာနခွဲ လုပ်ငန်းခွင်
ဥယျာဉ်ခင်းကျင်းတဲ့သူတွေက အသစ်စိုက်ထားတဲ့ အဖြူရောင် မိုးမခပင်ပတ်လည်မှာ မြေဆွေးထိန်း အုပ်ပေးကြတယ်။ ဒီနေရာမှာ အပင်ပေါင်း ၇၀၀ ကျော် ရှိပါတယ်။ မိုးသက်မုန်တိုင်းအပြီး ရေလွှမ်းတာကို လျှော့ချဖို့ ရေလွှဲကန် လုပ်တယ်။ အဲဒီကန်က မိုးရေ သိုလှောင်ပြီး ထိန်းချုပ်ထားတဲ့နှုန်းနဲ့ ရေထုတ်လွှတ်ပေးပါမယ်။
၂၀၁၆၊ ဒီဇင်ဘာ ၅—ဌာနခွဲ လုပ်ငန်းခွင်
မြူဆိုင်းတဲ့နေ့တစ်နေ့မှာ အောက်ထပ် မြေညှိတာတွေ အပြီးသတ်တော့မှာမို့ မြေကြီး တူးထုတ်တဲ့လုပ်ငန်းကို ပိုလုပ်ဆောင်ပါတယ်။ မြေကုဗမီတာ ၁၆၀,၀၀၀ (ကုဗကိုက် ၂၀၉,၀၀၀) ခန့် တူးထုတ်ကြတယ်။ မြေသယ်ကားအစီး ၁၀,၀၀၀ ကျော်စာ ရှိပါတယ်။
၂၀၁၆၊ ဒီဇင်ဘာ ၆—ဌာနခွဲ လုပ်ငန်းခွင်
ဥယျာဉ်ခင်းကျင်းရေးအဖွဲ့က ဒေသန္တရမျိုးစိတ်ဥယျာဉ်စပ်မှာ အပင်စိုက်ဖို့ မြေတွေ ပြင်ဆင်တယ်။ ဒီဥယျာဉ်နဲ့ အနားပတ်လည်မှာ မူရင်းဒေသ သစ်ပင် ၁၁ မျိုး၊ အပင်ငယ် ၁၆ မျိုး စိုက်ပျိုးထားပါတယ်။
၂၀၁၆၊ ဒီဇင်ဘာ ၁၉—လူနေဆောင်များ
အုတ်မြစ်အတွက် တိုင်ရိုက်စက်နဲ့ တူးတယ်။ အရင်ဆုံး တိုင်အတွက် တူးတယ်။ ပြီးမှ မြေတွေ ထုတ်ရင်း ကွန်ကရစ် လောင်းထည့်တယ်။ နောက်ဆုံး၊ ပုံအလယ်မှာ တွေ့ရတဲ့အတိုင်း အုတ်မြစ် အပြီးသတ်ဖို့ ကွန်ကရစ်တွေ လောင်းထည့်တယ်။ လူနေဆောင်တွေအတွက် အောက်ခံတိုင် ၃၆၀ စိုက်တယ်။
၂၀၁၆၊ ဒီဇင်ဘာ ၂၉—ဌာနခွဲ လုပ်ငန်းခွင်
နှင်းခဲဖုံးတဲ့မနက်မှာ ပိုက်သမားက ယာယီလုပ်ငန်းခွင် ရုံးခန်းတွေအတွက် ရေပိုက် တပ်ဆင်တယ်။
၂၀၁၇၊ ဇန်နဝါရီ ၁၆—ဌာနခွဲ လုပ်ငန်းခွင်
လုပ်ငန်းခွင်ပတ်လည်အနား ရေကန်ကနေ နုန်းတွေ၊ အပျက်အစီးတွေကို မြေတူးစက်နဲ့ တူးထုတ်တယ်။ ကန်အတော်များများ အခြေအနေဆိုးနေပြီး ကန်ပြန်ဖော်ဖို့ လိုအပ်နေတယ်။ ရေတိုက်စားမှုကို ကာကွယ်ဖို့၊ ရေလွှမ်းတာကို လျှော့ချဖို့ ကန်နံဘေးတွေကို ပြုပြင်မွမ်းမံတယ်။ ကန်ပြန်ဖော်တဲ့လုပ်ငန်း မစခင် ငါးကောင်ရေ ၂,၅၀၀ ကျော်ကို ဂရုတစိုက် ပြောင်းရွှေ့ပေးခဲ့တယ်။
၂၀၁၇၊ ဇန်နဝါရီ ၁၇—လူနေဆောင်များ
အရှေ့ဘက်မှ ဝေဟင် ရှုခင်းပုံ။ လူနေဆောင်နှစ်လုံးအတွက် ကနဦး အုတ်မြစ်လုပ်ငန်း လုပ်ဆောင်တယ်။ အောက်ပိုင်းယာဘက်မှာက အောက်ခံတိုင်ထိပ်တွေ။ အောက်ပိုင်းဝဲဘက်မှာ ကွန်ကရစ်အောက်ခံတိုင်အစွပ်တွေ လောင်းပါတယ်။ အလယ်မှာ တိုင်ရိုက်စက်နဲ့ အောက်ခံတိုင်တွေအတွက် ဆက်တူးပါတယ်။
၂၀၁၇၊ ဇန်နဝါရီ ၂၃—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
အချောသတ်အဖွဲ့ဝင်တစ်ဦးက ဧည့်သည်ဆောင်ကို ဆေးမသုတ်ခင် တံခါးဘောင်ကြားကို ဆေးဖြည့်တယ်။ ဒီနေရာမှာ လုပ်ငန်းခွင်အသေးစိတ်ပုံစံကို ဧည့်သည်တွေ ကြည့်ရှုနိုင်သလို ဆောက်လုပ်ရေး တိုးတက်မှုတွေကိုလည်း မြင်နိုင်ပါမယ်။
၂၀၁၇၊ ဖေဖော်ဝါရီ—လူနေဆောင်များ
ဝန်ချီစက်ကို ထောက်မတဲ့ Slewing ring တပ်ဆင်တယ်။ မီတာ ၄၀ (၁၃၁ ပေ) မြင့်တဲ့ ဝန်ချီစက်က ၁၆ မက်ထရစ်တန် (၁၈ တန်) မတင်နိုင်ပါတယ်။
၂၀၁၇၊ ဖေဖော်ဝါရီ ၁၅—လူနေဆောင်များ
ကွန်ကရစ်တိုင်တွေကို လိုအပ်သလောက် ဖြတ်တယ်။ တိုင်အစွပ်ကို လောင်းတဲ့အခါ သွင်းတိုင်အလယ်ကနေ ငေါထွက်နေတဲ့ အချောင်းကို ကွန်ကရစ်တိုင်အစွပ်ထဲ ထည့်စွပ်ပေးရပါတယ်။
၂၀၁၇၊ ဖေဖော်ဝါရီ ၁၇—ဌာနခွဲ လုပ်ငန်းခွင်
လျှပ်စစ်သမားတွေက ဌာနခွဲနေရာအဝင် သင်ပုန်းကျောက် ကပ်ထားတဲ့နံရံမှာ JW.ORG ဆိုင်းဘုတ် တပ်ဆင်ကြတယ်။
၂၀၁၇၊ ဖေဖော်ဝါရီ ၁၇—ဌာနခွဲ လုပ်ငန်းခွင်
ပင်မဝင်ပေါက်ကို ဖြတ်သွားတဲ့ လမ်းမပေါ်ရှိ အဝိုင်းမြင်ကွင်း။ အပေါ်ပိုင်း ဝဲဘက်မှာ တပ်ဆင်ခါစ JW.ORG ဆိုင်းဘုတ်တွေက ဌာနခွဲမြေနေရာကို ကြော်ငြာနေပါတယ်။ ရေလွှဲကန်နဲ့ မူရင်းဒေသ မျိုးစိတ်ဥယျာဉ်တို့ဟာ အဝင်လမ်းဘက်မှာ ရှိပါမယ်။
၂၀၁၇၊ ဖေဖော်ဝါရီ—လူနေဆောင်များ
ဝန်ချီမောင်းလက်တံက အချင်းဝက် ၆၅ မီတာ (၂၁၃ ပေ) အတွင်းမှာ လူနေဆောင် လေးငါးဆောင်ကို လွှမ်းထားတယ်။ လူနေဆောင်အောက်ခြေ ကားရပ်မယ့်နေရာအတွက် ကွန်ကရစ်ချပ် လေးချပ်ကို ခင်းကြတယ်။ အားဖြည့်သံမဏိကို နေရာချပြီး အဆောက်အဦတိုင်တွေနဲ့ ဗဟိုနံရံတွေအတွက် သုံးဖို့ အဆင်သင့်ဖြစ်နေပြီ။