မာတိကာဆီ ကျော်သွား

JW.ORG ကို ဘာသာစကား ၃၀၀ ကျော်နဲ့ ဖတ်နိုင်​ပြီ

JW.ORG ကို ဘာသာစကား ၃၀၀ ကျော်နဲ့ ဖတ်နိုင်​ပြီ

Jw.org ဝက်ဘ်ဆိုက်ရဲ့ ဘာသာစကား​စာရင်းကို နှိပ်​လိုက်မယ်​ဆိုရင် ဘာသာစကား ၃၀၀ ကျော် တွေ့ရမှာ ဖြစ်ပြီး တခြား​ဝက်​ဆိုက်​တွေ​မှာ ရှာ​လို့ မ​တွေ့​နိုင်တဲ့ ဘာသာ​စကားတွေ​ပါ ပါတယ်။

နာမည်ကြီး တခြား​ဝက်ဘ်ဆိုက်တွေ​နဲ့ နှိုင်းယှဉ်​ကြည့်ပါ– ၂၀၁၃ ဇူလိုင်​လ​က​စပြီး ကမ္ဘာ့​ကုလသမဂ္ဂ ဝက်ဘ်ဆိုက်ကို ဘာသာစကား ခြောက်မျိုး​နဲ့ ဖတ်​နိုင်တယ်။ ဥရောပ​သမဂ္ဂ တရားဝင်​ဝက်ဘ်ဆိုက်ကို ဘာသာစကား ၂၄ မျိုးနဲ့ ဖတ်​နိုင်တယ်။ ဂူ​ဂဲ​လ်​ကို ဘာသာစကား ၇၁ မျိုးနဲ့ ဖတ်နိုင်​ပြီး ဝီကီပီး​ဒီး​ယား​ကို ဘာသာစကား ၂၈၇ မျိုးနဲ့ ဖတ်နိုင်ပါတယ်။

ဝက်ဘ်ဆိုက်​တစ်ခုကို ဘာသာစကား ၃၀၀ ကျော်နဲ့ တင်​နိုင်ဖို့​အတွက် နာရီ​များစွာ သုံးပြီး ဘာသာပြန်ဆိုမှု​တွေ လုပ်ဆောင်​ရ​ပါတယ်။ အဲဒီ​လုပ်ဆောင်မှု အတော်များများကို ယေဟောဝါ​ဘုရားကို ချီးမွမ်း​ဂုဏ်တင်​လို​တဲ့ ကမ္ဘာ​တစ်ဝန်း​က ရာနဲ့ချီ​တဲ့ ယေဟောဝါသက်သေတွေ လုပ်ဆောင်​ကြပါတယ်။ ဘာသာစကား​တစ်ခုစီ​အတွက် ဘာသာပြန်​အဖွဲ့​တွေ ဖွဲ့စည်း​ကြပြီး အင်္ဂလိပ်​ဘာသာ​ကနေ ဘာသာ​ပြန်ဆို​ကြပါတယ်။

JW.ORG မှာ အကြောင်းအရာ အချက်အလက်​တွေကို ဘာသာစကား ၃၀၀ ကျော်နဲ့ ဘာသာပြန်​ထားတဲ့​အတွက် ဝက်ဘ်ဆိုက်​မှာ စုစုပေါင်း ဝက်​ဘ်​စာမျက်နှာ ၂၀၀,၀၀၀ ကျော် ရှိနေ​ပါပြီ။

JW.ORG ကို ဘာသာစကား​များစွာနဲ့ တင်ထား​ရုံ​လောက်​ပဲ မဟုတ်ပါဘူး၊ လူ​သုံး​များတဲ့ ဝက်ဘ်ဆိုက်​လည်း ဖြစ်ပါတယ်။ ကမ္ဘာချီ အင်တာနက် အသုံးပြုမှု​ကို လေ့လာ​ဆန်းစစ်​တဲ့ အဲ​လက်​ဆာ ကုမ္ပဏီ​က အဲဒီ​အချက်ကို လေ့လာ​တွေ့ရှိ​ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့​အဓိက သာ​သာ​တရား​တွေ အပါအဝင် ဘာသာရေး​စာစောင် ထုတ်ဝေ​သူများနဲ့ တခြား​အလားတူ အဖွဲ့အစည်း​တွေ တင်ထားတဲ့ ဘာသာရေး ဝက်ဘ်ဆိုက်တွေ​ထဲ​က “ဘာသာတရား​နဲ့ ဘုရားတရား​ရေးရာ​များ” (Religion and Spirituality) အမျိုးအစား​ထဲမှာ ဝက်ဘ်ဆိုက် ၈၇,၀၀၀ လောက်​ရှိတယ်။ အဲဒီ​စာရင်း​မှာ ၂၀၁၃ ဇူလိုင်​လ​က​စပြီး jw.org က ဒုတိယ​နေရာမှာ ရှိနေပါတယ်။ ပထမ​နေရာမှာ ရှိတဲ့ ဝက်ဘ်ဆိုက်​က သမ္မာကျမ်းစာ ဘာသာပြန်ကျမ်း​မျိုးစုံ​ကို အွန်လိုင်း​ကနေ ရအောင် လုပ်ပေးတဲ့ စီ​ပွား​ဖြစ် တခြား​ဝက်ဘ်ဆိုက်​တစ်ခု ဖြစ်တယ်။

၂၀၁၃ အောက်တိုဘာ​လ​က​စပြီး jw.org ဝက်ဘ်ဆိုက်​ထဲ​ကို တစ်နေ့​တစ်နေ့ ပျမ်းမျှ ၈၉၀,၀၀၀ ကျော် ဝင်ရောက် ကြည့်ရှု​နေကြပါတယ်။ နေရာတိုင်းမှာ ရှိတဲ့​သူတွေ သမ္မာကျမ်းစာမှာ ပါတဲ့ လက်တွေ့ကျ အချက်အလက်​တွေကို အခမဲ့ ရရှိနိုင်အောင် ကျွန်တော်တို့ ဆက်ကြိုးစား​သွားပါမယ်။