အမေရိကန် ဗေသလကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်
ဗန်ဝါတူးက ဇနီးမောင်နှံတစ်စုံဟာ အမေရိကန် ဗေသလကို လာရောက် လည်ပတ်ပြီးနောက် “ဗေသလကို လည်ပတ်ခဲ့တာကို ကျွန်တော်တို့ အမြဲ အမှတ်တရ ဖြစ်နေမှာပါ” ဆိုပြီး ပြောပြတယ်။ တစ်နှစ်ကို လူသောင်းနဲ့ချီ လာရောက် လည်ပတ်ကြပြီး သူတို့တွေလည်း အဲဒီလိုပဲ ခံစားကြရတယ်။
အမေရိကန် ဗေသလကို လည်ပတ်ဖူးသလား။ မလည်ပတ်ဖူးဘူးဆိုရင် လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်။
ဗေသလအိမ်ရာ သုံးခုမှာ ဘာတွေ တွေ့ရမလဲ
ကမ္ဘာ့ဌာနချုပ်၊ ဝေါဝစ်၊ နယူးယောက်– ကိုယ်တိုင် လည်ပတ်ကြည့်ရှုနိုင်တဲ့ ပြခန်းသုံးခန်းကို လည်ပတ်ပါ။ တစ်ခုက “သမ္မာကျမ်းစာနဲ့ ဘုရားသခင့်နာမည်” ဆိုတဲ့ ခေါင်းစဉ် ရှိပြီး ရှားပါးကျမ်းစာတွေနဲ့ ဘုရားသခင့်နာမတော် ပါတဲ့ ကျမ်းစာတွေကို ပြသထားတယ်။ “ယေဟောဝါနာမည်အတွက် လူမျိုးတစ်မျိုး” ဆိုတဲ့ ပြခန်းမှာ ယေဟောဝါသက်သေတွေရဲ့ သမိုင်းကြောင်းကို ပုံဖော်ပြထားတယ်။ “ကမ္ဘာ့ဌာနချုပ်—ယုံကြည်ခြင်းဖြင့် လုပ်ဆောင်နေကြ” ပြခန်းမှာ ယေဟောဝါသက်သေတွေ အတူတကွ စည်းဝေးဖို့ စီစဉ်ကြပုံ၊ ကျမ်းစာလေ့လာပုံ၊ ကျမ်းစာသတင်းတရားကို တခြားသူတွေကို ဝေမျှပုံနဲ့ အချင်းချင်း မေတ္တာပြကြပုံတွေကို ဖော်ပြထားတယ်။ ရုံးခန်းတွေ/ဝန်ဆောင်မှုပေးတဲ့ အဆောက်အအုံတွေနဲ့ ဝေါဝစ် ခြံဝင်းကို လိုက်လံပြသပေးသူနဲ့အတူ မိနစ် ၂၀ ကြာ လည်ပတ်ကြည့်ရှုနိုင်ပါတယ်။
နယူးယောက်၊ ပက်တာစင် ကျမ်းစာပညာပေးဌာန– ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်းကျောင်းနဲ့ ဌာနခွဲကော်မတီဝင်တွေနဲ့ ဇနီးသည်တွေအတွက် သင်တန်းလိုမျိုး သင်တန်းကျောင်းတွေ ရှိတဲ့ နေရာတွေကို လေ့လာကြည့်ပါ။ ပန်းချီနဲ့ ရုပ်/သံဌာနအပါအဝင် ရုံးလုပ်ငန်းလုပ်ဆောင်ပုံအကြောင်း ပြောပြထားတဲ့ ဗီဒီယိုတွေအပြင် တခြားပြသထားရာတွေကိုလည်း တွေ့ရပါလိမ့်မယ်။
နယူးယောက်၊ ဝေါလ်ကီးလ် ပုံနှိပ်၊ ထုတ်ပို့ရေးဌာန– အမေရိကန်ပြည်ထောင်စု၊ ကရစ်ဘီယံကျွန်းစုနဲ့ ကမ္ဘာ့တခြားနေရာတွေက အသင်းတော်တွေဆီ ပေးပို့ဖို့ သမ္မာကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေကို ပုံနှိပ်၊ ချုပ်လုပ်နေကြပုံကို လေ့လာကြည့်ရှုပါ။
လည်ပတ်ဖို့ ဘယ်လို စာရင်းသွင်းနိုင်သလဲ
ကျွန်တော်တို့ရဲ့ ရုံးတွေကို လည်ပတ်ဖို့ ခရီးစဉ်ကို မစီစဉ်ခင် ကျေးဇူးပြု၍ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ “ရုံးနဲ့ လည်ပတ်ကြည့်ရှုနိုင်တဲ့ အချက်အလက်” စာမျက်နှာကနေ အရင်ဆုံး ကြိုတင် စာရင်းသွင်းပါ။ အဲဒီစာမျက်နှာမှာ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ဗေသလ အဆောက်အအုံတွေနဲ့ပတ်သက်တဲ့ ထပ်ဆင့် အချက်အလက်တွေ၊ လိပ်စာတွေနဲ့ လည်ပတ်ကြည့်ရှုမှု ကြာချိန်တွေကို ဖော်ပြပေးထားပါတယ်။
ဘယ်သူက လိုက်ပြပေးမှာလဲ
ဗေသလရဲ့ ဌာနအမျိုးမျိုးမှာ အလုပ်လုပ်နေကြတဲ့သူတွေက လိုက်လံပြသပေးမှာ ဖြစ်ပါတယ်။ သူတို့က ဒီလိုလုပ်ဆောင်ပေးရတာကို ကမ္ဘာချီပညာပေးလုပ်ငန်း ထောက်ပံ့ပေးဖို့ ကြိုးစားအားထုတ်မှုတစ်ခုအနေနဲ့ ယူမှတ်ပါတယ်။ လည်ပတ်ကြည့်ရှုမှုကို ဘာသာစကား အမျိုးမျိုးနဲ့ ရှင်းပြပေးပါတယ်။
လည်ပတ်ကြည့်ရှုဖို့ ဘယ်လောက် ပေးရမလဲ
ပေးစရာ မလိုပါဘူး။
ယေဟောဝါသက်သေတွေပဲ လာလည်ပတ်ရမှာလား
မဟုတ်ပါဘူး၊ ဘယ်သူမဆို လာလည်ပတ်လို့ရတယ်။ ဧည့်သည်အများစုဟာ ယေဟောဝါသက်သေတွေ မဟုတ်ကြပါဘူး။ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းကို ထောက်မပေးနေတဲ့ စနစ်တကျ လုပ်ဆောင်မှုတွေကို ယေဟောဝါသက်သေတွေရော ယေဟောဝါသက်သေ မဟုတ်တဲ့သူတွေပါ လေ့လာသိရှိနိုင်ကြပါတယ်။
အိန္ဒိယနိုင်ငံက မွတ်ဆလင်အမျိုးသမီးတစ်ယောက် ပက်တာစင်ကို လည်ပတ်လို့ပြီးတဲ့နောက် ဒီလိုပြောပြတယ်– “ကျွန်မ ဒီနေရာမှာတောင် နေချင်စိတ်ပေါက်သွားတယ်။ ကျွန်မကို လိုက်ပြပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။”
ကလေးတွေကိုကော ခေါ်လာလို့ ရသလား
ရတာပေါ့။ ဒီလိုလာလည်ပတ်တာက လူငယ်လေးတွေအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ အမေရိကန်က လာလည်ပတ်သူ ဂျွန်က ဒီလိုရေးပြီး ပေးပို့ခဲ့တယ်– “ကျွန်တော်တို့ အုပ်စုမှာ ပါလာတဲ့ ကလေးတွေဟာ လည်ပတ်ခဲ့တဲ့အကြောင်း အိမ်ကို ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးမှာ မနားတမ်း ပြောခဲ့ကြတယ်။ မလည်ပတ်ခင်တုန်းက ဗေသလလုပ်ငန်းအကြောင်း ဘာမှမသိကြဘူး၊ ဒါပေမဲ့ အခုတော့ ဗေသလမှာ အမှုဆောင်ချင်နေကြပြီ။”
တခြားနိုင်ငံတွေမှာ ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတွေကိုကော လည်ပတ်လို့ ရသလား
တခြားနိုင်ငံတွေက ရုံးတွေကိုလည်း လည်ပတ်လို့ ရပါတယ်။ နေရာ ရှာဖွေဖို့ ရုံးများနဲ့ လည်ပတ်ကြည့်ရှုနိုင်တဲ့ အစီအစဉ်များဆိုတဲ့ စာမျက်နှာမှာ ရှာပါ။ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို လည်ပတ်ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။