လိင်မုဆိုးရန်ကနေ ကာကွယ်ဖို့ မိဘတွေနဲ့ သားသမီးတွေကို ယေဟောဝါသက်သေများ ပညာပေး
သမ္မာကျမ်းစာက မိဘတွေကို သားသမီးတွေကို ချစ်ဖို့၊ လမ်းညွှန်ပေးဖို့၊ ကာကွယ်ပေးဖို့၊ ဘုရားပေးဆုအဖြစ် ရှုမြင်ဖို့ ညွှန်ကြားထားတယ်။ (ဆာလံ ၁၂၇:၃။ ပညာအလိမ္မာ ၁:၈။ ဧဖက် ၆:၁-၄) သားသမီးတွေကို မိဘတွေ ကာကွယ်ပေးရမယ့် အန္တရာယ်တစ်ခုကတော့ လိင်ဆိုင်ရာ မတရားပြုမှု ဖြစ်တယ်။
မိသားစုကို ချစ်ခင်ရင်းနှီးစေတဲ့ အကြောင်းအရာတွေကို ယေဟောဝါသက်သေတွေ ထုတ်ဝေဖြန့်ချိခဲ့တာ ဆယ်စုနှစ်များစွာ ရှိပါပြီ။ လိင်ဆိုင်ရာ မတရားပြုမှုကနေ ကလေးတွေကို ကာကွယ်ပေးဖို့၊ လိင်မုဆိုးတွေအကြောင်း ကလေးတွေကို ပညာပေးဖို့ မိဘတွေအတွက် အထောက်အကူပြုမယ့် အကြောင်းအရာတွေကိုလည်း ထုတ်ဝေပေးခဲ့တယ်။ အောက်ပါစာရင်းက ယေဟောဝါသက်သေတွေ ထုတ်ဝေခဲ့တဲ့ နမူနာတချို့ ဖြစ်ပါတယ်။ ထုတ်ဝေတဲ့ စောင်ရေ၊ ဘာသာစကား အရေအတွက်ကို သတိပြုပါ။ *
ခေါင်းစဉ်– သွေးရင်းကာမကျူးလွန်တဲ့ လျှို့ဝှက် ရာဇဝတ်မှု
စာပေ– ဖေဖော်ဝါရီ ၈၊ ၁၉၈၁၊ နိုးလော့!
စောင်ရေ– ၇,၈၀၀,၀၀၀
ဘာသာစကား– ၃၄
ခေါင်းစဉ်– သွေးရင်းကာမကျူးလွန်မှု ခံနေရသူတွေအတွက် အကူအညီ
စာပေ– အောက်တိုဘာ ၁၊ ၁၉၈၃၊ ကင်းမျှော်စင်
စောင်ရေ– ၁၀,၀၅၀,၀၀၀
ဘာသာစကား– ၁၀၂
ခေါင်းစဉ်– ကလေး လိင်ဆိုင်ရာ မတရားပြုမှု မိခင်တိုင်းရဲ့ အိပ်မက်ဆိုး၊ ကလေး လိင်ဆိုင်ရာ မတရားပြုမှုကို ‘ဘယ်သူတွေ ကျူးလွန်သလဲ’၊ ကလေး လိင်ဆိုင်ရာ မတရားပြုမှုကနေ သင့်ကလေးကို ကာကွယ်နိုင်
စာပေ– ဇန်နဝါရီ ၂၂၊ ၁၉၈၅၊ နိုးလော့!
စောင်ရေ– ၉,၈၀၀,၀၀၀
ဘာသာစကား– ၅၄
ခေါင်းစဉ်– ကလေး မတရားပြုမှုရဲ့ အပြစ်မဲ့ သားကောင်များ၊ ကလေး မတရားပြုမှု အတွင်းဒဏ်ရာ
စာပေ– အောက်တိုဘာ ၈၊ ၁၉၉၁၊ နိုးလော့!
စောင်ရေ– ၁၂,၉၈၀,၀၀၀
ဘာသာစကား– ၆၄
ခေါင်းစဉ်– သင့်ကလေး အန္တရာယ်ရှိနေ၊ ကလေးတွေကို ဘယ်လို ကာကွယ်ပေးနိုင်ကြမလဲ၊ အိမ်မှာ ကာကွယ်ပေးခြင်း
စာပေ– အောက်တိုဘာ ၈၊ ၁၉၉၃၊ နိုးလော့!
စောင်ရေ– ၁၃,၂၄၀,၀၀၀
ဘာသာစကား– ၆၇
ခေါင်းစဉ်– သင့်ကလေးတွေကို ကာကွယ်ပါ
စာပေ– ၂၀၀၂ ခုနှစ်ထုတ် အများအတွက် ကြေညာချက် ဗီဒီယို နံပါတ် ၄
ဘာသာစကား– ၂
ခေါင်းစဉ်– ယေရှု ကာကွယ်ခံရပုံအကြောင်း
စာပေ– ၂၀၀၃ ခုနှစ်ထုတ် ကြီးမြတ်သောဆရာထံမှ သင်ယူပါ၊ အခန်း ၃၂
စောင်ရေ– ၃၉,၇၄၆,၀၂၂
ဘာသာစကား– ၁၄၁
ခေါင်းစဉ်– မိဘတိုင်း စိုးရိမ်နေရသော အန္တရာယ်တစ်ခု၊ သင့်သားသမီးများအား ကာကွယ်ပေးနိုင်ပုံ၊ သင့်မိသားစုကို လုံခြုံရာရိပ်မြုံတစ်ခု ဖြစ်စေပါ
စာပေ– အောက်တိုဘာ ၂၀၀၇ နိုးလော့!
စောင်ရေ– ၃၄,၂၆၇,၀၀၀
ဘာသာစကား– ၈၁
ခေါင်းစဉ်– လိင်ဆိုင်ရာအမြတ်ထုတ်သူတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်မလဲ။ မိဘများအမေး– လိင်အကြောင်း ကလေးကို ပြောပြသင့်သလား
စာပေ– ၂၀၁၁ ခုနှစ်ထုတ် လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁၊ အခန်း ၃၂ နဲ့ နောက်ဆက်တွဲ
စောင်ရေ– ၁၈,၃၈၁,၆၃၅
ဘာသာစကား– ၆၅
ခေါင်းစဉ်– မိဘတွေအနေနဲ့ သားသမီးတွေကို လိင်အကြောင်း ဘယ်လိုသင်ပေးနိုင်သလဲ
စာပေ– jw.org ဝက်ဘ်ဆိုက်။ ၂၀၁၃ စက်တင်ဘာ ၅ ရက်နေ့မှာ ထုတ်ဝေတဲ့ဆောင်းပါး
ဘာသာစကား– ၆၄
လိင်မုဆိုးတွေရဲ့ အန္တရာယ်တွေကို ရှောင်နိုင်အောင် မိဘတွေနဲ့ ကလေးတွေကို ယေဟောဝါသက်သေများ ပညာဆက်ပေးနေကြပါတယ်။
^ အပိုဒ်၊ 3 ရက်စွဲက အင်္ဂလိပ်လို ထုတ်ဝေတဲ့ရက်စွဲ ဖြစ်ပါတယ်။