မာတိကာဆီ ကျော်သွား

ခွဲခြားဆက်ဆံမှုကို အနိုင်ယူခြင်း

ခွဲခြားဆက်ဆံမှုကို အနိုင်ယူခြင်း

ဘုရားသခင့်အမြင်မှာ လူမျိုးအားလုံးဟာ တန်းတူပဲလို့ ယေဟောဝါသက်သေတွေ ယုံကြည်ကြတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅) လူတွေမှာ အမြစ်စွဲနေတဲ့ ခွဲခြားဆက်ဆံစိတ်ကို ကျမ်းစာအကူအညီနဲ့ အနိုင်ယူကျော်လွှားနိုင်အောင် ကျွန်တော်တို့ ကြိုးစားကူညီပေးနေကြတယ်။

အဲဒီအပြင် လူမျိုးရေးမုန်းတီးစိတ်ကြောင့် လုပ်ဆောင်တဲ့ လှုပ်ရှားမှုတွေကိုလည်း ကျွန်တော်တို့ မထောက်ခံကြဘူး။ ဥပမာ၊ နာဇီခေတ်တုန်းက ဟစ်တလာရဲ့ မုန်းတီးရေးလှုပ်ရှားမှုကို ဂျာမနီနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာရှိတဲ့ ယေဟောဝါသက်သေတွေ မထောက်ခံခဲ့ကြဘူး။ အဲဒါကြောင့် ထောင်နဲ့ချီတဲ့သူတွေ အသတ်ခံခဲ့ရတယ်။

၁၉၉၄ ခုနှစ်၊ ရဝမ်ဒါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုမှာလည်း ယေဟောဝါသက်သေတွေ မပါဝင်ခဲ့ကြဘူး။ အသက်ဘေးကလွတ်အောင် ထွက်ပြေးနေသူတွေကို ကာကွယ်ပေးခဲ့ကြတဲ့အတွက် တချို့သူတွေ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ တချို့ အသတ်ခံခဲ့ရတယ်။

လူအားလုံးကို ကျွန်တော်တို့ ကူညီချင်လို့ ကျမ်းစာအခြေပြုစာပေတွေကို ဘာသာစကား ၆၀၀ လောက်နဲ့ ထုတ်ဝေ ဖြန့်ချိပါတယ်။ “လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက” လူတွေကို ကျွန်တော်တို့ရဲ့ အသင်းတော်တွေက ကြိုဆိုပါတယ်။—ဗျာဒိတ် ၇:၉