ထိန်းသိမ်းခံထားရသူများကို ကူညီပေးမှုကြောင့် ယေဟောဝါသက်သေများ ဂုဏ်ပြုခံရ
ဩစတြေးလျနိုင်ငံရဲ့ အကြီးဆုံး လူဝင်မှုကြီးကြပ်ရေး ယာယီထိန်းသိမ်းရေးစခန်းမှာ ရှိသူတွေကို “ထူးခြားသော ဝန်ဆောင်မှု” ပေးလို့ ယေဟောဝါသက်သေ ကိုးယောက် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခံရတယ်။ ဩစတြေးလျ အနောက်ပိုင်း ဒါဘီမြို့အနီး၊ ကာတင် လူဝင်မှုကြီးကြပ်ရေး ယာယီထိန်းသိမ်းရေးစခန်းက ယေဟောဝါသက်သေတွေကို ချီးမြှင့်ဂုဏ်ပြုတာပါ။ *
ယေဟောဝါသက်သေတွေက ထိန်းသိမ်းခံရသူတွေဆီ အပတ်တိုင်း လည်ပတ်ပြီး သူတို့ ပြောပြတာကို နားထောင်ပေးကြတယ်။ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ရှိစေတဲ့ ကျမ်းစာသတင်းစကားကို ဝေမျှပေးကြတယ်။ “ထိန်းသိမ်းခံရသူတွေဆီ လည်ပတ်တဲ့ အကျိုးကျေးဇူးကို ချက်ချင်း မြင်တွေ့ရတယ်” ဆိုပြီး စခန်းရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု ဆက်ဆံရေး အရာရှိ ခရစ္စတိုဖာ ရစ်ဒေါ့ ပြောတယ်။ ထိန်းသိမ်းခံရသူတွေရဲ့ စိတ်ထား ပြောင်းလဲလာတယ်။ ပိုပျော်လာကြတယ်။ “သူတို့ကို အမှန်တကယ် စိတ်ဝင်စားသူတွေ ရှိသေးပါလားလို့ သိရလို့” သူတို့ကို ချီးမြှင့်ဂုဏ်ပြုတာပါ။
ယေဟောဝါသက်သေတွေကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်တာက ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ အသေးအဖွဲ လုပ်ရပ်ပါ။ “ကျွန်တော်တို့ စောင့်ရှောက်ပေးနေရသူတွေရဲ့ ဘဝတွေ တိုးတက်ကောင်းမွန်အောင်” လုပ်ပေးကြတယ်လို့ မစ္စတာ ရစ်ဒေါ့က ပြောတယ်။ ဒါ့အပြင် ယေဟောဝါသက်သေတွေဟာ “မိသားစု၊ အသင်းတော်၊ ကိုးကွယ်ယုံကြည်မှုအတွက် ချီးမွမ်းဂုဏ်ယူစရာပါ” လို့ ပြောသေးတယ်။
^ အပိုဒ်၊ 2 ဒီစခန်းမှာ လူ ၁,၅၀၀ အထိ ထားလို့ရတယ်။