JW.ORG အကျိုးပြုပုံကို ဖိလစ်ပိုင်နိုင်ငံက ကျောင်းဆရာ/မတွေ သိမြင်
ယေဟောဝါသက်သေတွေဟာ jw.org က ဗီဒီယိုတွေ၊ ဆောင်းပါးတွေ ပညာပေးပုံအကြောင်း ဖိလစ်ပိုင်နိုင်ငံ၊ ဇမ်ဘိုအန်ဂါ ဒယ်နောတီ ပြည်နယ်က ကျောင်းဆရာ/မတွေကို ၂၀၁၆ ခုနှစ်မှာ ဝေမျှပေးခဲ့ကြတယ်။ ပြည်နယ်ရဲ့မြို့တော် ဒီပိုလော့မှာရှိတဲ့ ပညာရေးဌာနကို ဦးဆုံး သွားကြတယ်။ ပညာရေးမှူးတွေက jw.org ကို သဘောကျလွန်းလို့ ဇမ်ဘိုအန်ဂါ ဒယ်နောတီပြည်နယ်တစ်ဝိုက်က ကျောင်းဆရာ/မတွေရဲ့ ဆွေးနွေးပွဲ သုံးခုမှာ မိနစ် ၃၀ ကြာ လာရောက် ပြသပေးဖို့ ဖိတ်ခေါ်ကြတယ်။
ဘယ်လို တင်ဆက်ပြသကြသလဲ
ဆရာ/မ ၃၀၀ နီးပါး တက်ရောက်တဲ့ ဆွေးနွေးပွဲ တစ်ခုစီမှာ ဗီဒီယိုနဲ့ ဝက်ဘ်ဆောင်းပါးတချို့ကို ပြသကြတယ်။ “အကြွေးကိစ္စ ဖြေရှင်းခြင်း” အကြောင်းကို တော်တော် ကြိုက်ကြတယ်။ အကြောင်းအရာတွေက ကျောင်းသား/သူတွေသာမက ဆရာ/မတွေအတွက်ပါ အကျိုးရှိတယ်လို့ ပြောကြတယ်။ jw.org ဝက်ဘ်ဆိုက်ရဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကို ဖော်ပြပေးထားတဲ့ ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ ဆိုတဲ့ ဝေစာတစ်စောင်စီ ယူကြတယ်။ တချို့ဆရာ/မတွေက ဝက်ဘ်ဆိုက်ကနေ ဗီဒီယိုတွေ ကူးယူကြတယ်။
အဲဒီပြသမှု သုံးကြိမ်စလုံး အောင်မြင်ခဲ့တယ်။ ဒါကြောင့် ဆရာ/မနဲ့ ပညာရေးဝန်ထမ်း ၆၀၀ နီးပါးကို နောက်တစ်ကြိမ် ထပ်ပြပေးဖို့ ပြည်နယ်ပညာရေးဌာနက စီစဉ်ခဲ့တယ်။ ဒီတစ်ခေါက်မှာလည်း အတော်များများက ကျေးဇူးတင်ကြောင်း စိတ်ရင်းမှန်နဲ့ ပြောကြတယ်။
“တော်တော် အထောက်အကူပြုတဲ့ ဝက်ဘ်ဆိုက်ပဲ”
တက်ရောက်သူတချို့က ဝက်ဘ်ဆိုက်အကြောင်း ပြသမှု အကျိုးပြုပုံကို နောက်ပိုင်းမှာ ပြောပြကြတယ်။ ဆရာမတစ်ယောက်က “စာသင်တဲ့အခါ အသုံးဝင်တာ တွေ့ရလို့ ဒီဝက်ဘ်ဆိုက်အတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ ပြောတယ်။ နောက်တစ်ယောက်က “ကျွန်မ အများကြီး သိလာရတယ်။ အထူးသဖြင့် ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းပုံအကြောင်းပေါ့။ ဒီဝက်ဘ်ဆိုက်က လူငယ်တွေကိုသာမက လူကြီးတွေကိုပါ တော်တော် အထောက်အကူပြုတဲ့ ဝက်ဘ်ဆိုက်ပဲ” လို့ ပြောတယ်။
jw.org ဝက်ဘ်ဆိုက် ပြသမှုကို ကြည့်ခဲ့သူ ဆရာ/မ ၃၅၀ ကျော်က နောက်ထပ် သိချင်သေးတယ်လို့ ပြောကြတယ်။ ဒါကြောင့် စာစောင်တွေ ပေးပြီး ကျမ်းစာထဲက လက်တွေ့ကျ အကြံပြုချက်တွေ ဝေမျှပေးကြတယ်။
ယေဟောဝါသက်သေတွေရဲ့ တင်ဆက်ပြသမှုကို ဇမ်ဘိုအန်ဂါ ဒယ်နောတီပြည်နယ်က ပညာရေးဝန်ထမ်း ၁,၀၀၀ ကျော် တက်ရောက်ပြီး စာသင်ကြားတဲ့အခါ jw.org ဝက်ဘ်ဆိုက် အသုံးဝင်ပုံကို လေ့လာခဲ့ကြတယ်။ ကမ္ဘာတစ်ဝန်းက ကျောင်းဆရာ/မတွေက ဒီသင်ကြားမှု ကိရိယာကို အသုံးပြုပြီး လူ့ကျင့်ဝတ်တွေ၊ စာရိတ္တစံနှုန်း၊ ဘာသာရေးစံနှုန်းတွေ သင်ပေးနိုင်တယ်။ *
^ အပိုဒ်၊ 9 ဖိလစ်ပိုင်နိုင်ငံက ပညာရေး အဖွဲ့အစည်းတွေမှာ ကျောင်းသား/သူတွေကို ပညာပေးရုံမက “လူ့ကျင့်ဝတ်နဲ့ ဘာသာရေးစံနှုန်း ကြံ့ခိုင်စေဖို့၊ အကျင့်စာရိတ္တ ကောင်းပြီး စည်းကမ်း ရှိစေ” ဖို့လည်း တာဝန် ရှိတယ်။—၁၉၈၇ ခုနှစ် ဖိလစ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၁၄၊ အပိုဒ် ၃.၂။