မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၄၊ ၂၀၁၉
ကင်ညာ

ကင်ညာနိုင်ငံမှာ ယေဟောဝါသက်သေတွေ လူအိုဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထုတ်ဝေ

ကင်ညာနိုင်ငံမှာ ယေဟောဝါသက်သေတွေ လူအိုဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထုတ်ဝေ

ယေဟောဝါသက်သေတွေဟာ ၂၀၁၉၊ ဩဂုတ် ၃၀ ရက်နေ့မှာ ကင်ညာနိုင်ငံ၊ ကီဆူမူမြို့ ခရိုင်အစည်းအဝေးမှာ လူအိုဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ထုတ်ဝေလိုက်ပါတယ်။ ကင်ညာ ဌာနခွဲကော်မတီဝင် ညီအစ်ကို ရမ်မီ ပရင်ဂယ်က အစည်းအဝေး ပထမနေ့မှာ ကျမ်းစာကို ထုတ်ဝေခဲ့တယ်။ အဲဒီအစည်းအဝေးနဲ့ ချိတ်ဆက်ထားနဲ့ အစည်းအဝေး ၂ ခု အပါအဝင် တက်ရောက်သူ ၂,၄၈၁ ယောက် ရှိတယ်။

ဘာသာပြန်လုပ်ငန်း ပြီးစီးဖို့ ၃ နှစ်ခန့် ကြာခဲ့တယ်။ ဘာသာပြန်အဖွဲ့ဝင်တစ်ယောက် ဒီလို ပြောတယ်– “လူအို ကမ္ဘာသစ်ဘာသာပြန်ကျမ်း အပြည့်အစုံကို လိုချင်နေတဲ့ ညီအစ်ကို၊ ညီအစ်မတွေအပေါ် အကြီးအကျယ် အကျိုးသက်ရောက်ပါလိမ့်မယ်။ အသင်းတော်တွေက မိသားစုအများစုမှာ ယောက်တိုင်း ကိုယ်ပိုင်ကျမ်းစာ မရှိကြဘူး။ အခု တစ်ယောက်တစ်အုပ်စီ ရတော့မှာဆိုတော့ ကောင်းချီးပါပဲ။ ခေတ်သုံးစကားနဲ့ ဘာသာပြန်ထားလို့ ကိုယ်ပိုင်လေ့လာမှု၊ မိသားစုဝတ်ပြုမှု လုပ်ရတာ ပိုပျော်စရာကောင်းလာမယ်၊ ယုံကြည်ခြင်း ပိုခိုင်ခံ့လာပါလိမ့်မယ်။”

၂၀၁၃ တည်းဖြတ်ကျမ်းကို အခြေခံပြီး ထုတ်ဝေထားတဲ့ ဘာသာစကား ၂၅ မျိုး အပါအဝင် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တစ်အုပ်လုံးအနေနဲ့ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်စေ ဘာသာစကား ၁၈၄ မျိုးနဲ့ ဘာသာပြန်ပြီးပါပြီ။ ဒီကျမ်းစာက ကင်ညာဌာနခွဲနယ်မြေမှာရှိတဲ့ လူအိုစကားပြော ကြေညာသူ ၁,၈၀၀ လောက်ကို ယေဟောဝါနဲ့ ပိုရင်းနှီးလာအောင် ကူညီပေးပါလိမ့်မယ်။ လူအိုစကားပြောသူ ၅ သန်းကျော်ကို ထိထိရောက်ရောက် ဟောပြောနိုင်အောင်လည်း ကူညီပေးပါလိမ့်မယ်။—မဿဲ ၂၄:၁၄