မာတိကာဆီ ကျော်သွား

(ဘယ်) ငှားရမ်းထားတဲ့ခန်းမမှာ ဆက်ကပ်အပ်နှံခြင်းအစီအစဉ်ကို ကျင်းပနေစဉ်။ (ညာ) ကျောင်းဝန်းထဲမှာရှိတဲ့ အဆောက်အအုံနှစ်ခု

နိုဝင်ဘာ ၁၉၊ ၂၀၁၉
ကင်ညာ

ကင်ညာနိုင်ငံ ကျမ်းစာကျောင်း အဆောက်အအုံသစ် ဆက်ကပ်အပ်နှံ

ကင်ညာနိုင်ငံ ကျမ်းစာကျောင်း အဆောက်အအုံသစ် ဆက်ကပ်အပ်နှံ

ကင်ညာနိုင်ငံ၊ အယ်ဒိုရက်မြို့မှာ ကျမ်းစာကျောင်း အဆောက်အအုံသစ်ကို ၂၀၁၉၊ နိုဝင်ဘာ ၉ ရက်နေ့မှာ ဆက်ကပ်အပ်နှံခဲ့တယ်။ ကင်ညာနိုင်ငံအနှံ့ကနေ ရောက်လာကြတဲ့ အထူးအချိန်ပြည့်အမှုဆောင် အယောက် ၅၀၀ အပါအဝင် ၁,၁၉၉ ယောက် ဒီအခမ်းအနားကို တက်ရောက်ခဲ့တယ်။ ကင်ညာဌာနခွဲကော်မတီဝင် ညီအစ်ကို ဘဲန်ဂျ် အော်လဆန်က ဆက်ကပ်အပ်နှံဟောပြောချက် ပေးတယ်။ စတုရန်းမီတာ ၄၃၃ (စတုရန်းပေ ၄,၆၆၀) ကျယ်တဲ့ ဒီအဆောက်အအုံမှာ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း (SKE) နဲ့ တိုက်နယ်ကြီးကြပ်မှူးများနဲ့ ဇနီးများအတွက် သင်တန်း ကျင်းပသွားမှာ ဖြစ်တယ်။ နှစ်စဉ် SKE သင်တန်း ၄ ခုကို အဲဒီမှာ ပို့ချဖို့ ရည်ရွယ်ထားပါတယ်။

ပြန်ပြုပြင်မွမ်းမံထားတဲ့ ဌာနခွဲပိုင် အဆောက်အအုံတွေကို ကျောင်းအဖြစ် အသုံးပြုမယ်။ ယခင်သာသနာပြုအိမ်ကို ကျောင်းအတွက် အဝတ်လျှော်တဲ့နေရာ၊ စားဖိုဆောင်နဲ့ ထမင်းစားခန်းအဖြစ်၊ နိုင်ငံတော်ခန်းမကိုတော့ စာသင်ခန်းအဖြစ် ပြုပြင်မွမ်းမံထားတယ်။ ၂၀၁၉၊ ဧပြီ ၁ ရက်မှာ လုပ်ငန်း စတင်ပြီး စက်တင်ဘာ ၉ ရက်မှာ ပြီးသလောက် ဖြစ်နေပြီ။

ညီအစ်ကို အော်လဆန်က ကျောင်းရဲ့ အရေးကြီးမှုနဲ့ပတ်သက်ပြီး “အရှေ့အာဖရိကဒေသက တိုးတက်ဖို့ အလားအလာ အများကြီးရှိတယ်။ ဒီကျောင်းရဲ့ လေ့ကျင့်သင်ကြားမှုတွေက ယေဟောဝါရဲ့ တောင်ပေါ်ကို လူတွေ တဖွဲဖွဲတက်သွားနိုင်ဖို့ အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်” လို့ ပြောတယ်။—မိက္ခာ ၄:၁