မာတိကာဆီ ကျော်သွား

တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့က ဒူးဆစ်ဟိုတယ်။

ဇန်နဝါရီ ၂၅၊ ၂၀၁၉
ကင်ညာ

ကင်ညာနိုင်ငံ ဟိုတယ် တိုက်ခိုက်မှု

ကင်ညာနိုင်ငံ ဟိုတယ် တိုက်ခိုက်မှု

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့က ဟိုတယ်မှာ ၂၀၁၉၊ ဇန်နဝါရီ ၁၅ ရက်နေ့တုန်းက တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့တယ်။

ဌာနခွဲရုံးနဲ့ လေးမိုင် (ခုနစ် ကီလိုမီတာ) အကွာမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ကြေညာသူတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း မရှိကြောင်း ကင်ညာဌာနခွဲရုံးကနေ သတင်းရရှိပါတယ်။ အခင်းဖြစ်ပွားတဲ့ ဒူးဆစ်ဟိုတယ်မှာ ညီအစ်ကို/မ ဆယ်ယောက်ကျော် အလုပ် လုပ်ကြတယ်။ တိုက်ခိုက်မှု ဖြစ်ချိန်မှာ ခုနစ်ယောက်က လုပ်ငန်းခွင်မှာ မရှိဘူး။ ကျန်တဲ့သူတွေကတော့ ဘေးလွတ်ရာကို ထွက်သွားနိုင်ခဲ့ကြတယ်။ ညီအစ်ကို တစ်ယောက်နဲ့ ညီအစ်မတစ်ယောက်ဟာ ၁၂ နာရီကြာ ပုန်းအောင်းပြီးမှ ဘေးလွတ်ရာကို ထွက်သွားနိုင်ကြတယ်။

တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေဟာ ဘေးသင့်ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ အားပေးကူညီပေးနေကြပါတယ်။ ဒီခက်ခဲချိန်အတွင်း ညီအစ်ကို/မတွေကို ယေဟောဝါ ဆက်နှစ်သိမ့်ပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—၂ ကောရိန္သု ၁:၃၊ ၄