မာတိကာဆီ ကျော်သွား

ဩဂုတ် ၅၊ ၂၀၁၉
ကင်မရွန်း

ကင်မရွန်းနိုင်ငံက ယေဟောဝါသက်သေတွေ ဘာဆာစကားနဲ့ ခရစ်ယာန်ဂရိကျမ်းစာ ထုတ်ဝေ

ကင်မရွန်းနိုင်ငံက ယေဟောဝါသက်သေတွေ ဘာဆာစကားနဲ့ ခရစ်ယာန်ဂရိကျမ်းစာ ထုတ်ဝေ

၂၀၁၉၊ ဩဂုတ် ၂ ရက်နေ့၊ ကင်မရွန်းနိုင်ငံ၊ ဒူအာလာမြို့မှာ ကျင်းပတဲ့ ခရိုင်အစည်းအဝေးမှာ ယေဟောဝါသက်သေတွေဟာ ဘာဆာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ထုတ်ဝေခဲ့တယ်။ အဲဒီကျမ်းစာကို ၁၈ လကြာ ဘာသာပြန်ခဲ့တယ်။ ယေဟောဝါသက်သေတွေ ကင်မရွန်းနိုင်ငံရဲ့ တိုင်းရင်းသားဘာသာစကားနဲ့ ကျမ်းစာကို ဘာသာပြန်တာ ဒါပထမဦးဆုံး ဖြစ်တယ်။

လော့ဘစူး အစည်းအဝေးပွဲခန်းမမှာ ကျင်းပတဲ့၊ တက်ရောက်သူ ၂,၀၁၅ ယောက်ရှိတဲ့ ခရိုင်အစည်းအဝေး ပထမနေ့မှာ ကင်မရွန်းဌာနခွဲကော်မတီဝင် ညီအစ်ကို ပီတာ ကန်းနင်းက ကျမ်းစာကို ထုတ်ဝေခဲ့တယ်။

ဘာဆာစကားနဲ့ ဂရိကျမ်းစာကို မထုတ်ဝေခင်ကဆိုရင် ဘာဆာစကားပြော ညီအစ်ကို၊ ညီအစ်မတွေဟာ ဈေးကြီးပြီး နားလည်ရခက်တဲ့ ဘာသာပြန်ကျမ်းကို ဖတ်ကြရတယ်။ ဘာဆာ ဘာသာပြန်အဖွဲ့ဝင်တစ်ဦး အခုလို ပြောတယ်– “ထုတ်ဝေလိုက်တဲ့ ဒီဘာသာပြန်ကျမ်းအသစ်က ကြေညာသူတွေ ကျမ်းစာကို အလွယ်တကူ နားလည်ဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ ယေဟောဝါနဲ့ အဖွဲ့အစည်းကို ချစ်တဲ့မေတ္တာ တိုးများစေပါလိမ့်မယ်။”

ကင်မရွန်းနိုင်ငံမှာ ဘာဆာစကားပြော လူဦးရေ ၃၀၀,၀၀၀ လောက် ရှိတယ်။ ကင်မရွန်းဌာနခွဲနယ်မြေမှာ ဘာဆာစကားပြော ကြေညာသူ ၁,၉၀၉ ယောက် ရှိတယ်။

တိကျမှန်ကန်ပြီး နားလည်ရလွယ်တဲ့ ဒီဘာသာပြန်ကျမ်းက ဖတ်ရှုသူတွေကို “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်” ဆိုတာ သိရှိစေပါလိမ့်မယ်။—ဟီဘရူး ၄:၁၂