မာတိကာဆီ ကျော်သွား

ဇွန် ၂၆, ၂၀၁၈
ကင်မရွန်း

ကင်မရွန်းနိုင်ငံမှာ ဌာနခွဲရုံးသစ် ဆောက်လုပ်နေ

ကင်မရွန်းနိုင်ငံမှာ ဌာနခွဲရုံးသစ် ဆောက်လုပ်နေ

ကင်မရွန်းနိုင်ငံ၊ ဒူအာလာမြို့မှာရှိတဲ့ အချိန်ပြည့်အမှုဆောင် ဗေသလအိမ်သား ၅၀ နီးပါးဟာ မကြာခင် ဌာနခွဲရုံးသစ်တစ်ခု ရတော့မယ်။ လောလောဆယ် ဘိုနာဘာရီရပ်ကွက်က ဌာနခွဲရုံးကို လော့ဘစူးရပ်ကွက်မှာ အဆောက်အအုံသစ်နဲ့ အစားထိုးမှာမို့လို့ပါ။ ဌာနခွဲရုံးသစ် ဆောက်ရတယ်ဆိုကတည်းက ကင်မရွန်းနိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်း တိုးတက်နေတယ်ဆိုတာ ဖော်ပြတယ်။ ကင်မရွန်းနိုင်ငံမှာ ၂၀၁၇ ခုနှစ်၊ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်သူ ၁၀၀,၀၀၀ ကျော်ရှိပြီး ကြေညာသူအရေအတွက်ရဲ့ နှစ်ဆ ဖြစ်တယ်။

ညီအစ်ကိုတွေ မိုးကြိုးလွှဲ တပ်ဆင်နေစဉ်

ရှိနှင့်ပြီးသား စည်းဝေပွဲခန်းမဘေး မြေကွက်မှာ ဆောက်လုပ်နေတာပါ။ အောက်ခံအုတ်မြစ် ချနေပါပြီ။ ဆောက်လို့ပြီးသွားရင်တော့ အထက်ပါပုံအတိုင်း ဖြစ်ပါလိမ့်မယ်။ အဲဒီဒေသမှာ ဆောက်နေကျပုံစံ တိုက်ခန်းတွဲတွေ ဖြစ်ပြီး ရုံးခန်းအဆောက်အအုံက သီးသန့် ဖြစ်ပါလိမ့်မယ်။ ဗေသလမိသားစုတွေအနေနဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ပြောင်းရွှေ့နိုင်မယ်လို့ လောလောဆယ် ခန့်မှန်းထားပါတယ်။

လူထုသတင်းအချက်အလက်ဌာနမှာ တာဝန်ကျတဲ့ ကင်မရွန်း ဗေသလမိသားစုဝင် ဂျေးလ်ဘားက “ဆောက်လုပ်ရေးမှာ ထောင်ချီတဲ့ ညီအစ်ကို/မတွေ ဟေရှာယလိုစိတ်ဓာတ်မျိုးနဲ့ လုပ်အားလာပေးကြတာကို တွေ့ရတာ တကယ်စွဲမှတ်စရာပဲ” လို့ပြောတယ်။ (ဟေရှာယ ၆:၈) “ပျားပန်းခပ်လှုပ်ရှားနေကြပုံက ကျွန်တော်တို့ ဗေသလအိမ်သားတွေကို အားရှိစေတယ်။ ယေဟောဝါရဲ့နာမည် ဂုဏ်တင်ချီးမွမ်းဖို့ ဆိုတဲ့ ရည်စူးချက်အတိုင်း ဒီအဆောက်အအုံသစ်ကို ကျွန်တော်တို့ အသုံးပြုချင်လှပါပြီ” လို့လည်း ပြောသေးတယ်။

ဌာနခွဲရုံး ဆောက်လုပ်ရေးမှာ လုပ်အားပေးဖို့ ညီအစ်ကို/မ ၂,၈၀၀ ကျော် အထူးအစည်းအဝေး တက်ရောက်ကြတယ်။