မာတိကာဆီ ကျော်သွား

ရုံးခန်းအဆောက်အအုံတစ်ခုနဲ့ လူနေဆောင် လေးဆောင် ပါဝင်တဲ့ ကင်မရွန်း ဌာနခွဲအသစ်

ဖေဖေါ်ဝါရီ ၁၃, ၂၀၂၀
ကင်မရွန်း

ကင်မရွန်း ဌာနခွဲရုံး ပြောင်းရွှေ့မှု ပြီးစီး

ကင်မရွန်း ဌာနခွဲရုံး ပြောင်းရွှေ့မှု ပြီးစီး

၂၀၂၀၊ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကင်မရွန်း ဗေသလမိသားစုဟာ ဒူအာလာမြို့ အရှေ့မြောက်ဘက်၊ လော့ဘစူးရပ်ကွက်မှာ ရှိတဲ့ ဌာနခွဲရုံးသစ်ကို ပြောင်းရွှေ့နေထိုင်ကြပါတယ်။ လောလောဆယ် ဒီအဆောက်အအုံသစ်မှာ အချိန်ပြည့်အမှုထမ်း ညီအစ်ကို/မ ၅၉ ဦး နေထိုင်မယ်။ ၇၁ ဦးကတော့ ပြင်ပကနေ လာအမှုဆောင်ပါမယ်။

အဆောက်အအုံသစ်မှာ ပရိဘောဂတွေ ချနေကြ

ဌာနခွဲရုံးအဟောင်းက ဒူအာလာမြို့ အနောက်ပိုင်း ဘိုနာဘာရီရပ်ကွက်မှာ ရှိတယ်။ ၂၃ နှစ်ကြာ ပိတ်ပင်မှုကို ဖယ်ရှားပေးပြီးနောက်ပိုင်း ၁၉၉၃ ခုနှစ်မှာ ပြန်လည်မွမ်းမံထားတဲ့ အဆောက်အအုံတွေပါ။ ၁၉၉၃ ကစပြီး ကင်မရွန်း ဌာနခွဲနယ်မြေမှာ ရှိတဲ့ ကြေညာသူ အရေအတွက်ဟာ ၁၉,၂၆၈ ဦးကနေ ၅၂,၀၀၀ ကျော် တိုးလာပြီး ကျမ်းစာစာပေတွေကို ဘာသာစကား ၂၉ မျိုးအထိ ပြန်ဆိုပေးနေပါတယ်။ လုပ်ငန်း တိုးတက်လာတဲ့အတွက် ပိုကျယ်ဝန်းတဲ့ အဆောက်အအုံတွေသစ်တွေ လိုလာတယ်။ a

စာရင်းအင်းဌာန ရုံးခန်းအသစ်မှာ အမှုဆောင်နေကြတဲ့ ဗေသလအိမ်သားတွေ

ဌာနခွဲအဆောက်အအုံတွေမှာ ဧည့်သည် လည်ပတ်ကြည့်ရှုမယ့်နေရာတစ်ခု ပါဝင်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်ပါမယ်။ ဌာနခွဲ လုပ်ဆောင်မှုအကြောင်းသာမက ကင်မရွန်း၊ အီကွေတိုးရီးယယ်လ်ဂီနီနဲ့ ဂါဘွန်တို့က ဟောပြောခြင်းလုပ်ငန်း သမိုင်းကြောင်းတွေကို ပြသပါမယ်။

ဗေသလအိမ်သားတွေကို ကြိုဆိုကြောင်း အင်္ဂလိပ်လို၊ ပြင်သစ်လို ရေးထားတဲ့ ဆိုင်းဘုတ်

ကင်မရွန်း ဌာနခွဲကော်မတီဝင် ညီအစ်ကို စတီဗင် အက်တော့က “ဌာနခွဲရုံးသစ်ကို ပြောင်းရွှေ့တော့ အိပ်မက်ထဲ ရောက်သွားသလိုပဲ။ စိတ်ချမ်းသာစရာကောင်းတဲ့ ဒီလိုဝန်းကျင်မျိုးမှာ ယေဟောဝါကို အကောင်းဆုံးပေးဆက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်။ ယေဟောဝါက ကျွန်တော်တို့အတွက် ကြီးမားတဲ့အရာတွေ လုပ်ဆောင်ပေးလို့ ကျေးဇူးတင် မဆုံးပါဘူး” လို့ ပြောတယ်။—ဆာလံ ၁၄၅:၇

a ဌာနခွဲရုံးဟာ ကင်မရွန်းနိုင်ငံသာမက အီကွေတာ-ဂီနီနဲ့ ဂါဘွန်က ဟောပြောခြင်းလုပ်ငန်းတွေ အပါအဝင် အသင်းတော်ပေါင်း ၆၆၇ ခုရဲ့ လုပ်ဆောင်မှုတွေကို ကြီးကြပ်ပေးနေပါတယ်။