မာတိကာဆီ ကျော်သွား

ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အပေါ်စီး မြင်ရစဉ်။ အပေါ်ယာဘက်ထောင့်က ရုံးခန်းအဆောက်အအုံ။ အောက်ဘက် ပုံတစ်ဝက်က လူနေဆောင် လေးဆောင်။

မတ် ၂၂၊ ၂၀၁၉
ကင်မရွန်း

နောက်ဆုံးအချက်အလက်– ကင်မရွန်း ဌာနခွဲရုံးသစ် ရုပ်လုံးပေါ်လာ

နောက်ဆုံးအချက်အလက်– ကင်မရွန်း ဌာနခွဲရုံးသစ် ရုပ်လုံးပေါ်လာ

ကင်မရွန်း ဌာနခွဲရုံးသစ်ကို ပြီးခဲ့တဲ့တစ်နှစ်ကျော်က စတင် ဆောက်လုပ်ခဲ့ကြတယ်။ အထက်ပါပုံမှာ လူနေဆောင်လေးဆောင်နဲ့ ရုံးခန်းအဆောက်အအုံ ဆောက်လက်စကို တွေ့နိုင်ပါတယ်။ ဌာနခွဲရုံးမှာ လူအယောက် ၆၀ နေထိုင်နိုင်မယ်။ လူ ၇၁ ယောက်စာအတွက် ရုံးခန်းတွေ ရှိမယ်။ လောလောဆယ် ဆောက်လုပ်ရေး အခြေအနေအရ အဆောက်အအုံတွေကို ၂၀၁၉၊ ဒီဇင်ဘာလကုန်လောက်မှာ အသုံးပြုနိုင်ပါလိမ့်မယ်။ လုပ်ငန်းတိုးတက်မှု နောက်ဆုံးအချက်အလက်တွေကို အောက်ပါ ဓာတ်ပုံပြခန်းမှာ တွေ့နိုင်တယ်။

ဆောက်လုပ်ပြီးစီးသွားရင် မြင်တွေ့ရမယ့် ဌာနခွဲရုံး အဆောက်အအုံ

 

ဇူလိုင် ၂၀၁၈။ ရှေ့ဆုံးပုံက လူနေဆောင် သုံး မြေညီထပ် ကွန်ကရစ် လောင်းပြီးသွားတာကို တွေ့ရစဉ်။

ဩဂုတ် ၂၀၁၈။ အဆောက်အအုံပတ်လည် အုတ်တံတိုင်းခတ်ဖို့ ပြင်ဆင်ထားစဉ်။

စက်တင်ဘာ ၂၀၁၈။ ရှေ့ဆုံးပုံက လူနေဆောင် လေး မြေညီထပ်နံရံ အုတ်စီပြီးသွားတာကို တွေ့ရစဉ်။

အောက်တိုဘာ ၂၀၁၈။ ဒီနေရာက ရုံးခန်းအဆောက်အအုံ ဧည့်ခန်းဝင်ပေါက်နေရာဖြစ်။

ဒီဇင်ဘာ ၂၀၁၈။ လူနေဆောင် နှစ်၊ သုံး အမိုး မိုးဖို့ သံမဏိဒိုင်းတွေ တပ်ဆင်ထားစဉ်။