မာတိကာဆီ ကျော်သွား

ကွီဘက်ပြည်နယ်၊ စိန့်မာရှယ်လယ်လာ့ခ်မြို့က ရေမြှုပ်နေတဲ့ တံတားကို မဖြတ်ဖို့ ရဲကားနဲ့ ပိတ်ထားစဉ်

မေ ၁၇၊ ၂၀၁၉
ကနေဒါ

ကနေဒါမှာ ရေကြီး

ကနေဒါမှာ ရေကြီး

ကနေဒါနိုင်ငံ နယူးဘရန်စဝစ်၊ အွန်တာရီယိုနဲ့ ကွီဘက်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူထောင်ချီ အိုးအိမ်စွန့်ခွာကြရတယ်။ ကွီဘက်ပြည်နယ်တစ်ခုမှာပဲ လူ ၉,၀၀၀ လောက် အိုးအိမ်စွန့်ခွာကြရတယ်။

ကွီဘက်ပြည်နယ်က ကျွန်တော်တို့ရဲ့ ညီအစ်ကို/မ ၄၄ ယောက်ရဲ့ အိမ်တွေ ထိခိုက်ပျက်စီးသွားကြောင်း ကနေဒါဌာနခွဲရုံးက သတင်းရပါတယ်။ နယူးဘရန်စဝစ်နဲ့ အွန်တာရီယိုပြည်နယ်က ထိခိုက်မှုသတင်း မရသေးပေမဲ့ ဆက်ပြီး ရေကြီးနေပါတယ်။

ကွီဘက် ဘေးသင့်ဒေသက တိုက်နယ်ကြီးကြပ်မှူးတွေဟာ ဒေသခံအကြီးအကဲတွေနဲ့အတူ ကြေညာသူတွေဆီ လည်ပတ်အားပေးနေကြတယ်။ ဌာနခွဲက ကိုယ်စားလှယ်တစ်ယောက်လည်း အဆိုးဆုံး ရေဘေးသင့် ဒေသတွေကို လည်ပတ်ပြီး ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ပေးတယ်။ ဘိုစ်ဒေသက ညီအစ်ကို/မတွေဟာ ရေကြီးနစ်မြုပ်သွားတဲ့ ညီအစ်ကို/မတွေရဲ့ အိမ် ၂၀ ထဲက ရွှံ့တွေကို ဖယ်ရှားရှင်းလင်းပေးပြီးပါပြီ။ စိန့်မာရှယ်လယ်လာ့ခ်မြို့မှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး နေအိမ်ပျက်စီးသွားသူတွေကို ကူညီပေးနေပါတယ်။

‘ခွန်အား၊ အစွမ်းသတ္တိ’ ဖြစ်တဲ့ ယေဟောဝါကို ရေဘေးသင့် ညီအစ်ကို/မတွေ ဆက်ယုံကြည်ကိုးစားဖို့ ကျွန်တော်တို့ ဆုတောင်းပေးကြပါတယ်။—ထွက်မြောက်ရာ ၁၅:၂