နိုဝင်ဘာ ၂၆၊ ၂၀၂၁
ကနေဒါ
ကနေဒါအနောက်ပိုင်းမှာ ရေကြီးရေလျှံမှု ဖြစ်ပွား
၂၀၂၁၊ နိုဝင်ဘာ ၁၃-၁၅ မှာ ရာသီဥတု ကမောက်ကမ ဖြစ်တဲ့အတွက် ကနေဒါအနောက်ပိုင်း၊ ဗြိတိသျှ ကိုလံဘီယာ ဒေသတချို့မှာ ခါတိုင်းထက် ရေကြီးရေလျှံခဲ့တယ်။ သုံးရက်ကြာ မုန်တိုင်းကြောင့် ဒေသ နှစ်ဆယ်မှာ စံချိန်တင် ရေကြီးတဲ့အတွက် မိုးရေချိန် ၁၀ လက်မကျော် ရှိတယ်။ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကြောင့် လမ်းမကြီးတွေ ပိတ်ဆို့တာ၊ ဘေးကင်းရာကို ပြောင်းရွှေ့ရတာ၊ ခရီးသည်တွေ သောင်တင်ကြတာတွေ ဖြစ်ပေါ်ခဲ့တယ်။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ညီအစ်ကို တစ်ယောက်မှ ထိခိုက်မှု မရှိပါဘူး
ကြေညာသူ ၁၄၄ ယောက် ဘေးကင်းရာကို ပြောင်းရွှေ့ကြရတယ်
အနည်းဆုံး အိမ် ၃၅ လုံး ပျက်စီးတယ်
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ကနေဒါ ဌာနခွဲက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) ခန့်အပ်တယ်
အိုးအိမ်မဲ့ ဖြစ်နေတဲ့ ညီအစ်ကို/မတွေကို ဘေးကင်းရာ ဒေသတွေမှာ နေထိုင်တဲ့ ဆွေမျိုးနဲ့ သက်သေခံတွေက နေရာထိုင်ခင်း ပေးကြတယ်
တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံ အကြီးအကဲတွေဟာ အခက်အခဲ ကြုံနေတဲ့ မိသားစုတွေကို နှစ်သိမ့်ကူညီပေးနေကြတယ်
ဘေးကင်းတယ်လို့ အာဏာပိုင်တွေ ကြေညာတဲ့ နေရာတွေမှာ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေးအုပ်စုနဲ့ ပူးပေါင်းပြီး ထိခိုက်ပျက်စီးတဲ့ နေအိမ်တွေကို ပြုပြင်ဆောက်လုပ်ပေးဖို့ စစ်ဆေးကြတယ်
ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်တွေကို လိုက်နာရင်း ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြတယ်
လွန်ခဲ့တဲ့ သုံးလ ၂၀၂၁၊ သြဂုတ်မှာ တောမီးကြောင့် မိသားစုတွေ ဘေးကင်းရာဆီ ထွက်ပြေးခဲ့ရတယ်။ ရာသီဥတု အပူအအေး မမျှတမှု၊ သဘာဝဘေးတွေ ပိုများလာတဲ့အတွက် အရေးပေါ် အိတ်တွေထဲ လိုအပ်ရာတွေ ထည့်ပြီး ပြင်ဆင်ထားပါဆိုတဲ့ ညွှန်ကြားချက်ကို ယေဟောဝါသက်သေတွေ လိုက်နာနေကြတယ်။
သဘာဝဘေးတွေ များသည်ထက် များလာရုံမက ပိုဆိုးလာတဲ့အတွက် အခက်ကြုံကြပေမဲ့ ယေဟောဝါ ကယ်တင်ပေးနိုင်ကြောင်း ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။—ဟဗက္ကုတ် ၃:၁၇၊ ၁၈။