မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၂၄၊ ၂၀၂၁
ကနေဒါ

ကနေဒါ အလုပ်ကြမ်းစခန်းမှ အမှတ်ရဖွယ် ယုံကြည်ခြင်း အမွေအနှစ်

ကနေဒါ အလုပ်ကြမ်းစခန်းမှ အမှတ်ရဖွယ် ယုံကြည်ခြင်း အမွေအနှစ်

၁၉၄၆၊ နွေရာသီမှာ အာဏာပိုင်တွေက ကနေဒါရဲ့ ဝေးလံခေါင်သီတဲ့ ဒေသရှိ အလုပ်ကြမ်းစခန်းတွေထဲက ယေဟောဝါသက်သေ လူငယ်တွေကို လွတ်ငြိမ်းခွင့် ပေးခဲ့တယ်။ ဘာသာရေး ခံယူချက်ကြောင့် စစ်မှုမထမ်းကြတဲ့အတွက် ညီအစ်ကိုငယ် ၃၀၀ နီးပါး အလုပ်ကြမ်းစခန်းတွေဆီ အပို့ခံကြရတယ်။ ဒုက္ခမျိုးစုံကို ခံနိုင်ရည်ရှိရှိ၊ သတ္တိရှိရှိ ရင်ဆိုင်ခဲ့တဲ့ ညီအစ်ကိုတွေဟာ ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးလာတယ်။ ဒီနှစ်ဟာ ဒီညီအစ်ကိုတွေ အလုပ်ကြမ်းစခန်းကနေ လွတ်ငြိမ်းခွင့်ရတဲ့ ၇၅ နှစ်မြောက် ဖြစ်ပါတယ်။ အခုအချိန်အထိ အသက်ရှင်နေသေးသူတွေထဲက ဒေါန် မက်ကလိန်းက “စစ်ဖြစ်တဲ့ နှစ်တွေမှာ ကျွန်တော် ကြုံခဲ့ရတဲ့ တွေ့ကြုံမှုတွေကနေ ခွန်အားရတယ်။ အဲဒါတွေကို ပြန်တွေးတိုင်း ယေဟောဝါဘုရားကို ကျေးဇူးတင်လို့ မဆုံးဘူး” ဆိုပြီး ပြောတယ်။