မာတိကာဆီ ကျော်သွား

ရှေ့ဆောင်တွေဖြစ်တဲ့ ညီအစ်ကိုနဲ့ ညီအစ်မ မူဒဟေရန်ဝါတို့ အလုပ်သွားခါနီး

ဧပြီ ၆၊ ၂၀၂၀
ကနေဒါ

စိုးရိမ်ထိတ်လန့်နေချိန်မှာ စိတ်ငြိမ်သက်မှု ခံစားရခြင်း

စိုးရိမ်ထိတ်လန့်နေချိန်မှာ စိတ်ငြိမ်သက်မှု ခံစားရခြင်း

ညီအစ်ကို ယောန်အိဗ်နဲ့ ဇနီးဖြစ်သူ ဗာရှတိ မူဒဟေရန်ဝါဟာ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့မှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ခံစားနေရသူတွေကို ရှေ့တန်းကနေ ကူညီပေးနေကြတယ်။ ညီအစ်ကို မူဒဟေရန်ဝါဟာ ဒေသန္တရဆေးရုံတစ်ခုက အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် ဖြစ်တယ်။ ညီအစ်မ မူဒဟေရန်ဝါကတော့ ကိုရိုနာဗိုင်းရပ်စ် ကုသရေးစင်တာမှာရှိတဲ့ သူနာပြုတစ်ဦး ဖြစ်တယ်။ စိုးရိမ်သောကများတဲ့ ဒီအချိန်ကာလမှာ ညီအစ်ကိုနဲ့ ညီအစ်မ မူဒဟေရန်ဝါတို့ဟာ ယေဟောဝါဆီ ခွန်အားတောင်းခံပြီး ကိုယ်တော်ပေးတဲ့ ‘စိတ်ကြည်နူးမှု’ ကို ခံစားနေပါတယ်။—ဟေရှာယ ၆၅:၁၄

“လုပ်ဖော်ကိုင်ဖက်တွေ ဒီလောက် ကြောက်လန့်တာကို တစ်ခါမှ မမြင်ဖူးဘူး” လို့ ညီအစ်ကို မူဒဟေရန်ဝါ ပြောတယ်။ “ကိုယ်ပိုင်လေ့လာမှုက အတော်လေး အကူအညီ ဖြစ်စေတယ်။ နောက်ဆုံးကာလရဲ့ နိမိတ်တွေအကြောင်း တွေးတောကြတယ်။ ယေဟောဝါဘုရားဟာ ကျွန်မတို့ အနီးအပါးမှာ ရှိနေတယ်၊ ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူးဆိုတာ သတိရအောင် ကြိုးစားကြတယ်။ နောက်ထပ် အကူအညီ ဖြစ်စေတဲ့အရာတစ်ခုက ဆုတောင်းခြင်းပါပဲ။ အလုပ်မသွားခင် ဆုတောင်းတယ်။ ဒီလိုနဲ့ စိတ်ငြိမ်သက်သွားတယ်” ဆိုပြီး ညီအစ်မ မူဒဟေရန်ဝါ ပြောတယ်။

မူဒဟေရန်ဝါတို့ ဇနီးမောင်နှံ အသင်းတော်အစည်းအဝေး တက်နေစဉ်

ညီအစ်ကို မူဒဟေရန်ဝါ အခုလို ပြောတယ်- “ကျွန်တော်က ရဝမ်ဒါနိုင်ငံကပါ။ လူမျိုးတုံးသတ်ဖြတ်မှုကနေ အသက်လွတ်လာခဲ့တာ။ အဲဒါမျိုးကို ကနေဒါမှာ မကြုံရတော့ နောက်ဆုံးကာလမှာ အသက်ရှင်နေမှန်း တစ်ခါတလေ မေ့နေတတ်ကြတယ်။ ကျွန်တော်တောင် အမှန်အတိုင်းပြောရရင် ယေဟောဝါရဲ့ နေ့ကြီး နီးလာတာကို သတိလက်လွတ် ဖြစ်သွားတယ်။ ဒီကမ္ဘာ့ကပ်ရောဂါကြီးကြောင့် တကယ်ပဲ နောက်ဆုံးကာလမှာ အသက်ရှင်နေမှန်း ပိုယုံကြည်လာပြီး ကျမ်းစာနဲ့ ကျမ်းစာကြိုဟောချက်တွေအပေါ် ပိုယုံကြည်လာတယ်။”

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ညီအစ်ကိုနဲ့ ညီအစ်မ မူဒဟေရန်ဝါတို့လို ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိကြပြီး ထိတ်လန့်စရာကောင်းတဲ့ အခုလို အချိန်မှာ ငြိမ်သက်မှု ခံစားနေကြပါတယ်။—ဟေရှာယ ၄၈:၁၈