မာတိကာဆီ ကျော်သွား

ဇူလိုင် ၂၅၊ ၂၀၁၇
ကနေဒါ

ဗြိတိသျှ ကိုလံဘီယာ တောမီး​ကြောင့် ခရိုင်​အစည်းအဝေး ကျင်းပတဲ့​နေရာမှာ ယေဟောဝါသက်သေတွေ သောင်တင်​နေ

ဗြိတိသျှ ကိုလံဘီယာ တောမီး​ကြောင့် ခရိုင်​အစည်းအဝေး ကျင်းပတဲ့​နေရာမှာ ယေဟောဝါသက်သေတွေ သောင်တင်​နေ

ယေဟောဝါ​သက်သေ မိသားစု ၁၃၀ ကျော်ဟာ ၂၀၁၇၊ ဇူလိုင် ၇-၉ မှာ ကျင်းပတဲ့ ခရိုင်​အစည်းအဝေး​ကို သွား​တက်ရောက်ပြီး​နောက် အိမ်မပြန်​နိုင်​ဘဲ ဖြစ်နေကြ​ပါတယ်။ အကြောင်း​က ဗြိတိသျှ ကိုလံဘီယာ၊ ပ​ရ​င့်​ဂျော့ချ် တောင်ပိုင်း​မှာ တောမီး​ပျံ့နှံ့​လာတဲ့​အတွက် အစိုးရ​အာဏာပိုင်တွေ​က အဲဒီ​ဒေသက​နေ ထွက်ခွာ​ဖို့ အမိန့်ထုတ်​ထားလို့​ဖြစ်တယ်။

အွန်တာရီယို​ပြည်နယ်မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကနေဒါ​ဌာနခွဲရုံး​က အဲဒီ​မိသားစု​တွေ​အတွက် ကယ်ဆယ်ရေး​ကော်​မီ​တီ​ဖွဲ့​ပြီး အစားအသောက်​နဲ့ နေရာ​ထိုင်​ခင်း ပြင်ဆင်​ပေးခဲ့တယ်။ CN Centre မှာ ကျင်းပတဲ့ ခရိုင်​အစည်းအဝေး​ကို သက်သေခံ ၂,၅၀၀ ခန့် တက်ရောက်​ခဲ့​ကြတယ်။ အားကစားကွင်း အရာရှိတွေ​က အဲဒီမှာ ယာယီ​တည်းခိုဖို့၊ နောက်တွဲယာ​ဉ်​တွေ ရပ်နား​ဖို့ ခွင့်ပြု​ခဲ့​ပါတယ်။

ကမ္ဘာ့​ဌာနချုပ်​က ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေး​အဖွဲ့ဟာ ကမ္ဘာချီ အမှုဆောင်​လုပ်ငန်း​အတွက် အလှူငွေကို အသုံးပြုပြီး ကယ်ဆယ်ရေး​လုပ်ငန်း​တွေကို ကူညီပေး​နေပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Canada: Matthieu Rozon, +1-905-873-4100