ဧပြီ ၂၁၊ ၂၀၂၂
ကမ္ဘာတစ်ဝန်းက သတင်းများ
ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို သန်းပေါင်းများစွာ စည်းစည်းလုံးလုံး ကျင်းပကြ
၂၀၂၂၊ ဧပြီ ၁၅ မှာ သန်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေနဲ့ သူတို့ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေဟာ ဒီအရေးကြီးတဲ့ သခင့် ညစာစားပွဲကို ၂၀၁၉ နောက်ပိုင်း ဦးဆုံး လူကိုယ်တိုင် တက်ရောက် ကျင်းပခဲ့ကြပါတယ်။ ဒီနှစ် အခါသမယကို လူကိုယ်တိုင် မတက်ရောက်နိုင်သူတွေက ဒေသခံ အစီအစဉ်တွေကို ချိတ်ဆက်ပြီး တက်ရောက်ကြတယ်။
ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲဟာ ယေဟောဝါသက်သေတွေအတွက် နှစ်တစ်နှစ်အတွင်း အရေးကြီးဆုံး အစည်းအဝေးဖြစ်တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒီနှစ်ပတ်လည် သမယကို နှစ်နှစ်လုံးလုံး ဗီဒီယိုဆက်သွယ်မှုနဲ့ ကျင်းပခဲ့ကြတယ်။ ၂၀၂၁ ခုနှစ်မှာ လူပေါင်း ၂၁ သန်းကျော် တက်ရောက်ခဲ့ကြတယ်။
ဟေတီက မတ်ခဲန်စီယာ ရီမီ တို့လိုသူအတွက်တော့ ဒါဟာ အောက်မေ့ရာပွဲကို ဦးဆုံး လူကိုယ်တိုင် တက်ရောက်ဖူးခြင်းပါပဲ။ နှစ်ခြင်းခံပြီးတာ တစ်နှစ်ရှိပြီဖြစ်တဲ့ မတ်ခဲန်စီယာ ဒီလိုပြောတယ်– “ဝတ်ပြုရာခန်းမမှာ အောက်မေ့ရာပွဲကို တက်ရောက်ခဲ့ရတာ ဝမ်းသာလွန်းလို့ စကားလုံးတွေနဲ့တောင် မဖော်ပြနိုင်ဘူး။ တကယ့်ကို ပျော်စရာကောင်းတဲ့ မိသားစုဝင် တစ်ယောက်လို ခံစားရတယ်။”
ဒီနှစ် အောက်မေ့ရာပွဲ ကျင်းပမှုတွေကို ယေဟောဝါ ကောင်းချီးပေးလို့ ကျွန်တော်တို့ ကျေးဇူးတင်တယ်။ မကြုံစဖူး အကြီးမြတ်ဆုံး မေတ္တာပြသမှုအတွက် ယေဟောဝါဘုရားနဲ့ သားတော် ယေရှုခရစ်ကို အထူး ကျေးဇူးတင်ကြပါတယ်။—ယောဟန် ၃:၁၆။
အာဂျင်တီးနား
ဘိုလီးဗီးယား
ဘရာဇီး
ကမ္ဘောဒီးယား
ဗဟိုအာဖရိက သမ္မတနိုင်ငံ
ကွတ်ကျွန်းစု (ရာရိုတွန်ဂါ)
အီကွေဒေါ
အင်ဒိုနီးရှား
အစ္စရေး
ဂျပန်
ကာဇက်စတန်
ကိုဆိုဗို
မက္ကဆီကို
ပါရာဂွေး
ပီရူး
ဖိလစ်ပိုင်
ပိုလန်
ရိုမေးနီးယား
စပိန်
ထိုင်ဝမ်
ယူကရိန်း
အမေရိကန် ပြည်ထောင်စု
ဗင်နီဇွဲလား