မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗစ်တာ စတာရှက်စကီ

၂၀၂၁၊ မတ် ၃၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ခရိုင်းမီးယား တရားရုံးက ညီအစ်ကို ဗစ်တာ စတာရှက်စကီကို ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်

ခရိုင်းမီးယား တရားရုံးက ညီအစ်ကို ဗစ်တာ စတာရှက်စကီကို ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက ညီအစ်ကို ဗစ်တာ စတာရှက်စကီရဲ့ အယူခံကို ပယ်ချ

၂၀၂၁၊ သြဂုတ် ၁၀ မှာ ဆာဗားစတိုပိုမြို့ တရားရုံးက ဗစ်တာရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလထောင်ဒဏ် ခြောက်နှစ်ခွဲက အတည်ဖြစ်ပါတော့မယ်။ ၂၀၂၁၊ မတ် ၂၉ မှာ အပြစ်ရှိကြောင်း စီရင်ချက် ချခံရကတည်း အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းချုပ်ခံထားရတဲ့ နေရာကနေ အကျဉ်းထောင်ဆီ ပြောင်းရွှေ့ရပါတော့မယ်။

၂၀၂၁၊ မတ် ၂၉ မှာ ခရိုင်းမီးယားဒေသ ဆာဗားစတိုပိုမြို့၊ ဂါဂရင်းစကီ ခရိုင်တရားရုံးက ညီအစ်ကို ဗစ်တာ စတာရှက်စကီကို ပြစ်မှုထင်ရှားကြောင်း စီရင်ပြီး ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်လိုက်တယ်။ ဗစ်တာဟာ အကျဉ်းထောင်ကို ချက်ချင်း ခေါ်ဆောင်သွားခံရတယ်။ ဒီစီရင်ချက်ကို အယူခံ ဝင်ပါမယ်။

ကိုယ်ရေးအကျဉ်း

ဗစ်တာ စတာရှက်စကီ

  • မွေးဖွားတဲ့နှစ်- ၁၉၆၆ ( ကန့်ခ်မြို့၊ ကရာနိုရာ့စ်ဒေသ၊ ရုရှား)

  • ဘဝအတ္ထုပ္ပတ္တိ- ၁၉၈၃ မှာ ခရိုင်းမီးယားဒေသ ဆာဗားစတိုပိုမြို့ကို ပြောင်းရွှေ့တယ်။ ၁၉၉၃ မှာ ရေတပ်က အနားယူပြီး ၂၀၀၂ မှာ လာရီဆာနဲ့ လက်ထပ်တယ်။ သမီးနှစ်ယောက် ရှိတယ်။ ကြယ်တွေ၊ ဂြိုလ်တွေရဲ့ ရှုပ်ထွေးမှုကို အမြဲ အထင်ကြီးလေးစားပြီး ဖန်ဆင်းရှင်အကြောင်း သိချင်ခဲ့တယ်။ ကျမ်းစာလေ့လာခြင်းက ဘဝကို အဓိပ္ပာယ်ရှိလာစေတယ်။ ၂၀၀၄ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ ဇွန် ၄ မှာ ဖယ်ဒရယ် လုံခြုံရေး (FSB) အရာရှိတွေက ဆာဗားတိုပိုမြို့မှာ ရှိတဲ့ ယေဟောဝါသက်သေအိမ် ဆယ်လုံးကို ဝင်ရောက်ရှာဖွေကြတယ်။ ရှာဖွေမှုတချို့က လေးနာရီလောက် ကြာပြီး အဲဒီအချိန်အတွင်း (FSB) အရာရှိတွေက ညီအစ်ကိုတွေနဲ့ မိသားစုဝင်တွေကို ရေသောက်တာ၊ အိမ်သာသုံးတာတို့ ခွင့်မပြုဘူး။ အရာရှိတွေက ညီအစ်ကိုတွေရဲ့ ပိုင်ဆိုင်ရာတွေကို ဖျက်ဆီးပစ်မယ်၊ အိမ်ထဲမှာ တရားမဝင် မူးယစ်ဆေးတွေ လာထားပြီး မတရား အမှုဆင် စွပ်စွဲမယ်လို့ ခြိမ်းခြောက်ကြတယ်။

ရှာဖွေပြီးတဲ့နောက် ညီအစ်ကို ဗစ်တာ စတာရှက်စကီ ဖမ်းဆီးခံရပြီး အချုပ်ခန်းထဲမှာ တစ်ညလုံး ချုပ်ထားခံရတယ်။ “အစွန်းရောက် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်” အဖြစ် တရားစွဲခံရတယ်။ တကယ်တော့ မိမိရဲ့ ကိုယ်ပိုင် ဘာသာရေး ယုံကြည်ချက်ကြောင့် အမှုရင်ဆိုင်နေရတာ ဖြစ်တယ်။ ဒါဟာ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်တယ်။

ပုံမှန် ကျမ်းစာဖတ်တာ၊ တွေးတောဆင်ခြင်တာတွေက သတ္တိရှိရှိ ပျော်ရွှင်စွာ ခံရပ်နိုင်ဖို့ ကူညီပေးတယ်လို့ ဗစ်တာ ပြောတယ်။ အထူးသဖြင့် ဆာလံ ၆၂:၅-၈ မှာ ပါတဲ့ ဘုရင် ဒါဝိဒ်ရဲ့ စကားက ခွန်အားရှိစေတယ်။ စမ်းသပ်မှုတွေကြား ဗစ်တာ ဒီလိုပြောတယ်- “ယေဟောဝါဘုရားနဲ့ ကျွန်တော့်ဆက်ဆံရေး ပိုခိုင်မာလာတယ်။ ကျွန်တော့် အနီးအပါးမှာ ဘုရား အမြဲ ရှိပြီး တခြားသူအားလုံးထက် ပိုရင်းနှီးလာတယ်။ ကျွန်တော့် စိတ်သောကတွေ၊ ဘုရားအပေါ် ဆက်သစ္စာရှိချင်တဲ့ ဆန္ဒတွေကို ဘုရား မြင်ပြီး လိုအပ်ချိန် အတိအကျမှာ မိမိရဲ့ ကြီးမြတ်တဲ့ နာမတော်အတွက် ကျွန်တော့်ကို ကာကွယ်ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။”

ယေဟောဝါဟာ ဗစ်တာနဲ့ မိသားစုအပြင် နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ညီအစ်ကို ညီအစ်မ အားလုံးကို ထောက်မပြီး ကောင်းချီးပေးမယ်၊ သူတို့အတွက် ခိုလှုံရာ၊ ရဲတိုက်အဖြစ် ဆက်ရှိနေပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချပါတယ်။—ဆာလံ ၉၁:၂