မာတိကာဆီ ကျော်သွား

ဇွန် ၄၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ခရိုင်းမီးယား အထက်တရားရုံးက ညီအစ်ကို အာတမ် ဂျရာစီမို့ဗ်ကို ရုရှားအကျဉ်းထောင်မှာ ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်စီရင်ချက်ချ

ခရိုင်းမီးယား အထက်တရားရုံးက ညီအစ်ကို အာတမ် ဂျရာစီမို့ဗ်ကို ရုရှားအကျဉ်းထောင်မှာ ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်စီရင်ချက်ချ

ခရိုင်းမီးယား အထက်တရားရုံးက ညီအစ်ကို အာတမ် ဂျရာစီမို့ဗ်ကို ငြိမ်သက်အေးချမ်းစွာ ဝတ်ပြုကိုးကွယ်မှုကြောင့် ၂၀၂၀၊ ဇွန် ၄ ရက်နေ့မှာ ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်စီရင်ချက် ချလိုက်ပါတယ်။ ယာလ်တာမြို့နယ်တရားရုံးက ရုရှားငွေ ရူဘယ် ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၀၀၀ ခန့်) ဒဏ်ငွေပေးဆောင်ဖို့ စီရင်ချက်ချထားတာကို တရားသေလွှတ်ပေးဖို့ အယူခံဝင်ခဲ့တာဖြစ်တယ်။ အထက်တရားရုံးရဲ့ ပြစ်ဒဏ်စီရင်ချက်ဟာ ချက်ချင်းအကျိုးသက်ရောက်ခဲ့ပြီး ညီအစ်ကို ဂျရာစီမို့ဗ်ကို ဖမ်းခေါ်သွားတယ်။ အဲဒီစီရင်ချက်အတွက် အယူခံဝင်ပါမယ်။